နယ်စပ်မှခိုးဝင်သူ မြန်မာနိုင်ငံသား ၉၉ ယောက် ဘင်္ဂလာဒေချ့်က ပြန်ပို့

နယ်စပ်မှခိုးဝင်သူ မြန်မာနိုင်ငံသား ၉၉ ယောက် ဘင်္ဂလာဒေချ့်က ပြန်ပို့
by -
နိရဥ္စရာ

မြန်မာမှ ဘင်္ဂလာဒေချ့် နိုင်ငံသို့ နယ်စပ် ဖြတ်ကျော် ၀င်ရောက်လာသော လူပေါင်း ၉၉ ယောက်ကို ဘင်္ဂလာဒေချ့် အာဏာပိုင်များက မြန်မာဘက်သို့ ပြန်လည် ပို့ဆောင်လိုက်သည်ဟု ဆိုသည်။

နယ်စပ်တွင် မြန်မာဘက်က ကာရံထားသော ခြံစည်းရိုးကို တွေ့ရစဉ်။

ယမန်နေ့ (တနင်္ဂနွေ)က ပြန်လည်ပို့ဆောင်လိုက်သူ အထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း သည်ဟု ဘင်္ဂလာဒေချ့် နယ်စပ် အာဏာပိုင်များက ပြောသည်။

သူတို့အား ဘင်ဒရိုဘင် (ရွာတော်) နှင့် ကော့စ်ဘဇား( ဖလောင်းချိတ်) ခရိုင် အတွင်းသို့ တနင်္ဂနွေနေ့က တရားမဝင် နယ်စပ်ကို ဖြတ်ကျော်ပြီး ၀င်ရောက်လာကြစဉ် ဘင်္ဂလာဒေချ့် နယ်စပ် လုံခြံုရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံသားများသည် တက်ကနက်မြို့နယ် Golarchar/ Jaliapara/ Dumdomia နယ်မြေများနှင့် စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် (ရွာတော်) ခရိုင် ခေါင်းတုံး- တောင်ပြို နယ်စပ်မှ ၀င်ရောက်လာကြသည်ဟု နယ်စပ် လုံခြံုရေး တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

တက်ကနက် အခြေစိုက် အမှတ် (၄၂) တပ်ရင်း တပ်ရင်းမှူး ဗိုလ်မှူးကြီး ဂျာဟစ် ဟူစိန်က တနင်္ဂနွေနေ့ နေ့လည် ၁၂ နာရီ ၃၀ မိနစ်မှ နေ့လည် ၂ နာရီထိ ပြုလုပ်သော တစ်နာရီ ခွဲကြာ စစ်ဆင်ရေး တစ်ခု အတွင်း မြန်မာနိုင်ငံသားများနှင့် မြန်မာ တိုင်းရင်းသား ၆၇ ယောက်ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြောသည်။

တစ်ခြား ဖြစ်စဉ် တစ်ခုတွင် သစ်သား စက်လှေ တစ်စီးဖြင့် မြန်မာဘက်မှ ဘင်္ဂလာဒေချ့်သို့ ၀င်ရောက် လာသူ လူပေါင်း ၃၂ ယောက်ကို ဖမ်းဆီးမိခဲ့သည်ဟု ဆိုသည်။

Most read this week