RNDP နှင့် ALD ပေါင်းစည်းရန် သဘောတူ (ပေါင်းစည်းရေး အထူး)

RNDP နှင့် ALD ပေါင်းစည်းရန် သဘောတူ (ပေါင်းစည်းရေး အထူး)
by -
နိရဥ္ဇရာ

ယနေ့ပြုလုပ်သော ပေါင်းစည်းရေး အစည်းအဝေးတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ RNDP နှင့် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ALD တို့ ပေါင်းစည်းရန် သဘောတူလိုက်ကြပြီ ဖြစ်သည်။

RNDP-ALD

ပေါင်းစည်းရန် သဘောတူညီမူ ရရှိိခဲ့ကြောင်းကို RNDP ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က နိရဥ္စရာသို့ အတည်ပြု ပြောကြားသည်။

ယနေ့တွင် အချက် (၃) ချက်ကို သဘောတူညီမူ ရရှိခဲ့ပြီး နံပတ် (၁) အချက်မှာ ပါတီနှစ်ခု တစ်ပါတီ အဖြစ် ပေါင်းစည်းရန် သဘောတူသည်။ နံပတ်(၂) ပေါင်းစည်းရေးကို မြန်မာနိုင်ငံ ရွှေးကောက်ပွဲ ကော်မရှင်၏ တည်ဆဲ ဥပဒေများနှင့် အညီ ပြုလုပ်မည်။ နံပတ်(၃) အချက်မှာ နှစ်ဘက်ပါတီမှ ပေါင်းစည်းရေးကို စနစ် တကျ ဆောင်ရွက်နိုင်ရန် နှစ်ဘက်ပါတီများမှ ကိုယ်စားလှယ်များဖြင့် ကော်မီတီ တစ်ရပ်ကို ဖွဲ့စည်းသည် စသည့် အချက်များ ဖြစ်သည်။

အစည်းအဝေးကို မနက်ဖြန် ဇွန်လ ၁၆ ရက်နေ့ နံနက် (၈) နာရီတွင် ပြန်လည် စတင်မည် ဖြစ်ပြီး ပေါင်းစည်းရေး အသေးစိတ် အချက်အလက်များကို ဆွေးနွေးကြမည် ဖြစ်သည်ဟု ဒေါက်တာ အေးမောင်က လိုရင်း တိုရှင်းပြောကြားသည်။

ယနေ့ ဆွေးနွေးပွဲသို့ ပါတီ တစ်ခုစီမှ ကိုယ်စားလှယ် (၆) ဦး အပါအဝင် စစ်တွေမှ ဆရာတော် တစ်ပါးနှင့် လူမူ အဖွဲ့အစည်းများမှ လူပေါင်း ၂၀ ခန့် လေ့လာသူများ အဖြစ် တက်ရောက်ခဲ့ကြသည်။

Most read this week