အပစ်ရပ်ပြီးသော်လည်း ဖားအံ-သံလွင်တံတားဖြတ်ကျော်ခွင့် အချိန်ကန့်သတ်မှုရှိနေဆဲ

အပစ်ရပ်ပြီးသော်လည်း ဖားအံ-သံလွင်တံတားဖြတ်ကျော်ခွင့် အချိန်ကန့်သတ်မှုရှိနေဆဲ
by -
ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် မြန်မာအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှု တနှစ်ကျော်ကြာပြီးဖြစ် သော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်တံတား ခရီးသွားလာဖြတ် ကျော်ခွင့်  အစိုးရမှ အချိန်ကန့်သတ်မှု ထားရှိနေဆဲဖြစ်ကြောင်း ခရီးသည်များက ပြောသည်။

ဖားအံ-မြိုင်ကလေးကို ဆက်သွယ်ထားသည့် ၎င်းသံလွင်မြစ်ကူးတံတားကို ည ၁၀ နာရီခွဲအချိန်၌ဖြတ်သန်း သွားလာခွင့် စတင် ပိတ်လိုက်ပြီး နံနက် ၃ နာရီအချိန်မှသာ ပြန်လည် ဖွင့်ပေးသောကြောင့် ရန်ကုန်-ဖားအံ ပြေးဆွဲနေသည့် အမြန်လိုင်းကား စီးနင်း လိုက်ပါသူ ညခရီးသွားများမှာ တံတားဖွင့်ချိန် မရောက်မချင်း မြိုင်ကလေးကျေးရွာ အဝေးပြေးလမ်းပေါ်တွင် ကားပေါ်၊ ကား အောက် အိပ်စောင့်နေရ၍အချိန်ကြန့်ကြာ မှုများ ဖြစ်နေရသည်။

ဖားအံ-ရန်ကုန် ပြေးဆွဲနေသည့် ရွှေမြန်မာယာဉ်မောင်းတဦးကမူ “တံတားက ည(၁၀)နာရီခွဲမှာ ပိတ်ပြီးနံနက် (၃)နာရီရောက်မှ ပြန်ဖွင့်ပေးတော့ ညကားတွေဆိုရင် ဖားအံမြို့ကိုဝင်မဲ့အခါ နံနက် (၃)နာရီ မထိုးမချင်း ခရီးသည်တွေ ကားပေါ်မှာပဲ အိပ်စောင့်ရ တာပေါ့။ အရင်တုန်းကလိုမျိုးပါပဲ”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ တံတားဖြတ်ကျော်ခွင့်ကို ကန့်သတ်ထားသည့်အပေါ် အနီးအနား ကျေးရွာရှိ ဒေသခံများအတွက် လူမှုရေးနှင့် နာရေး စသည့်အ ရေးပေါ်ကိစ္စများ ဖြစ်ပေါ်လာပါက တံတားပေါ် မဖြတ်ကျော်တော့ဘဲ စက်လှေများငှားရမ်းကာ သွားလာနေကြရသည့် အတွက် မဖြစ်သင့်သည့် အန္တရာယ်များ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြသည်။

သို့သော် ၎င်းသံလွင်တံတားကို အကန့်အသတ်ဖြင့် ဖြတ်ကျော်ခွင့် ပြုလုပ်ရခြင်းမှာ လုံခြံုရေးအတွက်ဖြစ် ကြောင်း ကရင်ပြည် နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး စောခင်မောင်မြင့်၏ ကိုယ်ရေးလုံခြံုရေးအရာရှိ-PSO စောခေါင်ပန်ထော့က ကေအိုင်စီသို့ ပြောဆိုသည်။

မြန်မာအစိုးရသည် KNU နှင့် အပစ်အခတ်ရပ်စဲရေး မပြုလုပ်မီအချိန်က တံတားဖြတ်ကျော်ခွင့်ကို အကန့် အသတ်ဖြင့်သာ ဖြတ် ကျော်သွားလာခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

ဖားအံ-မော်လမြိုင်သွားလာနေသူ ခရီးသည်အမျိုးသမီးတစ်ဦးက “အခုကာလဟာ အပစ်အခတ် ရပ်စဲထားတာ ဘာကို လုံခြံုရေး ထားတာလဲပေါ့။ မော်လမြိုင်-မုတ္တမသွားရင် သံလွင်တံတားကို ၂၄နာရီစလုံးသွားလာနေနိုင် ပြီ။ ဒါပေမယ့် ရန်ကုန်ကနေ ဖားအံ ပြန်လာတော့ ဖားအံ သံလွင်တံတားဖွင့်ဖို့ မြိုင်ကလေးမှာ နှစ်နာရီနီးပါးလောက် စောင့်လိုက်ရတာ အဆင်မပြေဘူး”ဟု ဆိုသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ စုစုပေါင်းအရှည် ၆၁၆.၃၀မီတာရှိသည့် သံလွင်တံတားကို ၁၉၉၄ခုနှစ်တွင် စတင် တည် ဆောက်ခဲ့ပြီး သြဂုတ်လ (၃)ရက်၊ ၁၉၉၇ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလာရောက်ဖွင့် လှစ်ခဲ့ခြင်း ဖြစ်သည်။

Most read this week