ကယားပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် အမျိုးသားမှတ်ပုံတင် ဦးစီးဌာနနှင့် Norway Refugee Council (NRC) အဖွဲ့တို့ ပူးပေါင်း၍ အခမဲ့ မှတ်ပုံတင်များ ပြုလုပ်ပေးလျက်ရှိရာ ပုံမှန်ထက် မှတ်ပုံတင် ပြုလုပ်လိုသူပိုများပြားကြောင်း ဒီးမော့ဆိုမြို့နယ်မှ ဦးစီးအရာရှိ ဦးမြင့်နိုင်က ပြောပါတယ်။
"NRC က ကယားပြည်နယ်မှာ အခြေစိုက် ပြီး ကွင်းဆင်းလုပ်ပေးတယ်။ ဒီမိုးပွင့် (၅) (၄) ပြီးတော့ (၅) ပေ့ါ၊ တောက်လျှောက် ဆာင်ရွက်ပေးတာ၊ ပုံမှန်လုပ်တဲ့ အချိန်ကျတော့ ပုံမှန်ကျတော့ သူတို့က ဘယ်လိုခေါ်ရမှာလဲ ငွေကုန်ကြေးကျများတာပေ့ါ"
ကျေးရွာအုပ်စုထောက်ခံစာယူခြင်း၊ သွေးစစ်ခြင်း၊ ဓါတ်ပုံရိုက်ရခြင်း၊ မိဘမှတ်ပုံတင်နှင့် အိမ်ထောင်စု စာရင်းတွေ မိတ္တူကူးရခြင်း စသည့်ကုန်ကျစာရိတ်တွေကို ကုန်ကျခံပေးတာဖြစ်လို့ လူတွေအတော်တော်များ လာလုပ်ကြတာ ဖြစ်ပါတယ်။ NRC အဖွဲ့အစည်းမှ လိုအပ်သည့် ပစ္စည်းများကို တပါတည်း ယူဆောင်လာခဲ့ တာဖြစ်ပြီး နေ့ခြင်းပြီး မှတ်ပုံတင် ထုတ်ပေးသွားတာ ဖြစ်ပါတယ်။
ထိုကဲ့သို့ မှတ်ပုံတင်များနေ့ခြင်းပြီး ဆောင်ရွက်ပေးရာမှာ ၃က (၁၀) နှစ်ပြည့်သူများ၊ မှတ်ပုံတင် လှဲလှယ် သူများ နှင့် ပျောက်ဆုံး သူများကိုသာ ပြုလုပ်ပေးတာဖြစ်ပါတယ်။
"ဒီမှာရှိတဲ့ ဒီတိုင်းရင်းသားတွေ ပြည်သူတွေရောပေ့ါ၊ ဒါတွေ အခွင့်အရေးကောင်းတစ်ခုပဲလေ၊ ငွေကုန်ကြေး ကျမရှိဘူး၊ တစ်နေ့ ထဲနဲ့ ပြီးတယ်၊ ရွာလည်းပဲဆင်းပေးတယ်၊ ကျနော်တို့လည်း ဒီလို တိုင်းရင်းသားတွေ ရသွားတော့ ၀မ်းသာတယ်၊ လုပ်ပေးရ တာလည်း စေတနာပါတယ်" လို့ ဦးမြင့်နိုင်က ဆက်ပြောပြပါတယ်။
ထိုကဲ့သို့ အခမဲ့ ပြုလုပ်ရာမှာ မြို့ပေါ်တွင်သာမက ကျေးရွာများအထိ လိုက်လံ ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ ၄င်းနှင့် ပတ်သက်၍ ယခင်က အခမဲ့ပြုလုပ်ခြင်းမရှိခဲ့ သော်လည်း ၁၅.၁၁.၂၀၁၂ မှ စ၍ ယနေ့အထိ အခမဲ့ ပြုလုပ်နေပြီဖြစ်ပြီး ဒီးမော့ဆိုမြို့နယ်အတွင်း လူဦးရေ (၂၆၃၈) ဦး ပြုလုပ်ခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။