ဗျူဟာမှူးအမိန့်ကို လက်အောက်ခံတပ်ရင်းမှူး မနာခံ

ဗျူဟာမှူးအမိန့်ကို လက်အောက်ခံတပ်ရင်းမှူး မနာခံ
by -
ကေအိုင်စီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်ခွဲရှိ ၀ါးတောရွာသားလေးဦးကို ခိုင်းမရ၍ ရိုက်နှက်ခဲ့သည့် အစိုးရတပ် စစ်ကွပ် ကဲရေးဌာနချုပ်(စကခ-၁၉) လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ-၅၈၈) တပ်ရင်းမှ ဗိုလ်မှူးအောင်ဝင်းထူးသည် ဇွန်လ ၈ ရက် နေ့က ၀ါးတောတောင်သူတစ်ဦးအား ထပ်မံ ခြိမ်းခြောက်ခဲ့သည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “ဇွန်လ ရ ရက်နေ့က ဗိုလ်မှူးအောင်ဝင်းထူးကို မေတ္တာမြို့က ဗျူဟာက ခေါ်တယ်။ ခေါ်ပြီး အဲဒီညနေမှာပဲ ပြန်လာတယ်။ ပြန်လာပြီး နောက်နေ့မနက်မှာပဲ တောင်ယာခင်းက ပိုးသတ်ဆေးဖြန်းနေတဲ့ ၀ါးတောရွာက စော ချစ်မောင် ၂၀ နှစ်ကို ဘယ်သူ့အမိန့်နဲ့ ဒီဆေးကို ဖြန်းတာလဲမေးပြီး မင်းရဲ့ ၀ါးတောရွာ ဥက္ကဌကို သွားခေါ်စမ်းလို့ခိုင်းတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

ဗိုလ်မှူးအောင်ဝင်းထူးသည် ယခုလ ၄ ရက်နှင့် ၅ ရက်နေ့များက ၀ါးတောရွာသားများကို ရိုက်နှက်ခဲ့သဖြင့် သက်ဆိုင်ရာ နည်းဗျူ ဟာ(၂)နှင့် စစ်ဗျူဟာ(၂)သို့ ရွာသားများက တိုင်ကြားခဲ့သော်လည်း သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးခြင်းသာ လုပ်ဆောင်ခဲ့သည်။  ၎င်းတာဝန်ကျရာ တပ်ရင်းသို့ ပြန်ရောက်လာပြီးနောက်ပိုင်း ထိုသို့ ခြိမ်းခြောက်မှု ဆက်လုပ်နေဆဲဖြစ်သည်ဟု ရွာသားများကပြောသည်။

ထို့အပြင် ၀ါးတောရွာသားများ ရိုက်နှက်ခံရခြင်းနှင့်ပတ်သက်၍ မေတ္တာမြို့နယ်ခွဲအခြေစိုက် ကရင်အမျိုးသား အစည်းအရုံး(KNU) ၏ ထီးမိုပွာမြို့နယ်မှူး ပဒိုစောကြည်နိုက ဇွန်လ ၆ ရက်နေ့တွင် မေတ္တာမြို့သို့သွား ရောက်ကာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည့်တိုင် ယခုလို အပြုအမူများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ကြောင်း KNU နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

သို့သော် ၀ါးတောရွာအနောက်ဘက် မနီးမဝေးရှိ လမ်းခွဲနေရာ၌ ယခင် တပ်စွဲထားသည့် ခမရ-၅၈၈ တပ်ရင်းသည် ဇွန်လ ၅ ရက် နေ့နောက်ပိုင်းက ထိုနေရာမှ ထွက်ခွါသွားခဲ့သည်ဟု ဒေသခံများက ပြောဆိုသည်။

မြန်မာအစိုးရ လှုပ်ရှားစစ်တပ် ထီးထာ့ရွာအခြေစိုက် ခမရ-၅၈၈ တပ်ရင်းမှူး ဗိုလ်မှူးအောင်ဝင်းထူးသည် ဇွန်လ ၄ ရက်နေ့က ၀ါးတောရွာသားဖြစ်သူ စောဖောရီ၊ စောခွါးသားနှင့် စောအောင်ကျော်မိုး ၃ ဦးနှင့် စောအချိုင်းကို ပါးရိုက်ခဲ့သည်။ ၎င်းတပ်ရင်း သည် ခမရ-၂၉၉ တပ်ရင်း၏နေရာကို မေလ ၂၆ ရက်နေ့ကမှ အစားထိုး ၀င်ရောက်လာသည့် တပ်ရင်းဖြစ်ပြီး လက်ရှိ တစ်ဖွဲ့လျှင် အင်အား ၆၀ ၀န်းကျင်ဖြင့် အဖွဲ့နှစ်ဖွဲ့ခွဲ၍ လှုပ်ရှားလျှက်ရှိသည်။

ယင်းသို့ တပ်အပြောင်းအလဲ ပြုလုပ်ချိန်က ဗိုလ်မှူးအောင်ဝင်းထူးဦးဆောင်သည့် ခမရ-၅၈၈ တပ်ရင်းသည် စစ်ပစ္စည်းများနှင့် တပ်ရိက္ခာများသယ်ဆောင်ရန် ယင်းဒေသရှိ ဆင်ဖြူတိုင်ရွာနှင့် ၀ါးတောရွာတို့မှ ကားများကိုလည်း ချောဆွဲခဲ့ကြောင်း ဒေသခံ များက ပြောဆိုသည်။