ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်မည်

ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်မည်
by -
မဇ္စျိမ

ပြည်တွင်းတွင် ဆောင်ရွက်နေသော ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရပ်ဘက်အဖွဲ့စည်းများ ပါဝင်ဆွေး နွေးမည် ဖြစ်သည့် အပြင် ယင်းအဖွဲ့အစည်းများမှ နိုင်ငံတကာရှိ သံတမန်များနှင့်လည်း တွေ့ဆုံသွားမည် ဖြစ်သည်။

Union-Peace-Making-Work-Committee-3rd-Day-1

အစိုးရ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကိုယ်စားလှယ်များ တတိယနေ့ ဆွေးနွေးပွဲအပြီး မှတ်တမ်းဓာတ်ပုံ အရိုက်ခံနေကြသည်ကို ၂၀၁၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့က မြစ်ကြီးနားမြို့၊ မနောကွင်းရှိ မဂျွယ်ခန်းမ၌ တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္စျိမ)

လက်ရှိ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများအတွက် နိုင်ငံတကာမှ ကူညီထောက်ပံ့ပေးသော ငွေကြေးများကို မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) သို့ အဓိကဝင်ရောက်ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ၊ ဒုက္ခသည်စခန်းများအတွက် ကူညီထောက်ပံ့မှုများတွင် ထိရောက်သောကူညီမှုများ မရှိသောကြောင့် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင်နိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ကိုဆွေးနွေးရန်အတွက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ အဖွဲ့ဝင် ဒေါ်မေစံပယ်ဖြူက ပြောသည်။

''ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ လုပ်ဖို့အတွက် လူသားချင်းစာနာထောက်ထားတဲ့ EU, UK, US, UN တို့က ဒုက္ခသည် စခန်းတွေကိုပေးတဲ့ ကူညီထောက်ပံ့မှုတွေက ဘာကြောင့် ထိရောက်မှုမရှိတာလဲ။ နောက်ပြီး MPC က အစိုးရ အဖွဲ့အစည်းကို ကိုယ်စားပြုတာမဟုတ်ပေမယ့် ဥက္ကဋ္ဌက ဦးအောင်မင်း ဖြစ်နေတဲ့အတွက် Power Balance မျှတမှု ရှိပါ့မလားဆိုတဲ့ မေးခွန်းတွေရှိနေတယ်'' ဟုလည်း ဒေါ်မေစံပယ်ဖြူ က ဆိုသည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် နိုင်ငံတကာ သံတမန်များ ဆွေးနွေးမှုကိုမူ ဇွန်လ ရ ရက် Central Hotel တွင် ပြုလုပ်သွားမည်ဖြစ်သည်ဟု အရပ်ဘက် လူ့အဖွဲ့အစည်းများက ပြောကြားသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များတွင် အရပ်ဘက်အဖွဲ့အစည်းများ ပါဝင် လာမှုနှင့်ပတ်သက်၍လည်း
မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC)မှ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဦးလှမောင်ရွှေက ''ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ ပါဝင်သင့်ပါတယ်။ ကျွန်တော့်အနေနဲ့ လုံးဝထောက်ခံပါတယ်။ MPC အနေနဲ့ ဖိတ်ခေါ်တယ်။ ပိတ်ပင်မထားပါဘူး။ အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုတွေပြုလုပ်မယ့် ပထမဆုံးအဆင့်မှာ အတိမ်းအစောင်းမခံဘူး။ အရမ်းဂရုစိုက်ရပါတယ်။ ဒါကြောင့် အရပ်ဘက်အဖွဲ့စည်းတွေ ပါလာရင်ကောင်းတယ်။ အချိန်ကာလတစ်ခုတော့ စောင့်ရဦးမှာပါ'' ဟု ဆိုသည်။

အရပ်ဘက် လူ့အဖွဲ့အစည်းများမှ မြန်မာနိုင်ငံ သံရုံးများရှိ နိုင်ငံတကာ သံတမန် ရဝ ခန့် နှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကာ အဖွဲ့အစည်း ၁၈ ဖွဲ့ပါဝင်မည် ဖြစ်သည်။

Most read this week