ကျွန်တော်ငယ်ငယ်က နေထိုင်ခဲ့တဲ့ ရပ်ကွက်ကလေးထဲမှာ အင်မတန်ဆင်းရဲတဲ့ မိသားစုတစ်စု ရှိတယ်။ ဖအေလုပ်တဲ့သူက အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ ကြက်တိုက်တယ်၊ အရက်ပုန်းရောင်းတယ်၊ တစ်ခါ တစ်ခါ သူတို့အိမ်ထဲမှာတင် သူတို့မွေးထားတဲ့ ဝက်ကို ပေါ်တယ်။
ကျွန်တော်ငယ်ငယ်က နေထိုင်ခဲ့တဲ့ ရပ်ကွက်ကလေးထဲမှာ အင်မတန်ဆင်းရဲတဲ့ မိသားစုတစ်စု ရှိတယ်။ ဖအေလုပ်တဲ့သူက အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ ကြက်တိုက်တယ်၊ အရက်ပုန်းရောင်းတယ်၊ တစ်ခါ တစ်ခါ သူတို့အိမ်ထဲမှာတင် သူတို့မွေးထားတဲ့ ဝက်ကို ပေါ်တယ်။ မိန်းမကလည်း ဆေးလိပ်ခုံက အငှားဆေးလိပ်သမ၊ အိမ်မှာ ဖဲဝိုင်းထောင်တယ်၊ လင်မယားတွေ ရန်မဖြစ်တဲ့နေ့ မရှိ။ ရပ်ကွက်ထဲမှာက ဝန်ထမ်းတွေက များတယ်။ ဝန်ထမ်းတွေဆိုတော့ အဲဒီလင်မယားကို အာရုံမစိုက်နိုင်ကြဘူး။ အင်း ရုံးပိတ်ရက်
ကျောင်းပိတ်ရက်တွေ မှာတော့ သူတို့ဆီက အသံတွေက သတိမထားဘဲ မနေနိုင်အောင်ကိုပဲ ကြားနေရတတ်တယ်။
သူတို့သား အငယ်လေးက ကျွန်တော်တို့အိမ်မှာ တီဗွီ လာကြည့် တတ်တယ်။ အမေကလည်း သနားတတ် တော့ မုန့်ပါ အမြဲကျွေး တယ်။ အဲ့ဒီကလေးက သူ့အဖေကို တီဗွီ အမြဲပူဆာတတ်ပုံ ရတယ်။ ဒါပေမဲ့ သူ့မိဘများရဲ့ ကြမ်းတမ်းတဲ့ဆုံးမမှုကြောင့် ငိုရတာပဲ အဖတ်တင်တာပါ။
သိတယ်မဟုတ်လား။ ခေတ်ကလည်း ရေဒီယိုကစလိုက်တာ ကက်ဆက်၊ တီဗွီ၊ ဗီဒီယို၊ စလောင်း၊ အင်တာနက် ဆိုပြီး စဉ်ဆက်မပြတ်ပဲလေ။ ဒါက လူတိုင်းလည်း သိကြမှာပါ။
အဲ့ဒီကလေးရဲ့အမေက အကျႌ၊ လုံချည်နဲ့ အထည်တွေကို ချုပ်စရာ ဖါစရာရှိရင် အမေ့ဆီကို အမြဲလာတယ်။ အမေကလည်းစေတနာကောင်းကောင်းနဲ့ အမြဲချုပ်ပေးတတ်တယ်။ အမေ့ဆီမှာ က အပ်ချုပ်စက်တစ်လုံး ရှိနေတယ်လေ။ အင်း သူတို့အိမ်မှာ ဝက်ပေါ်လို့ကတော့ ကျွန်တော်တို့အိမ်မှာ ဝက်သားဟင်းကို မုန်းအောင် စားရပါရဲ့။
ကျွန်တော့်ကို အမေက စက်ဘီးလေးတစ်စီး ဝယ်ပေးတော့ တစ်ရပ်ကွက်လုံးက သဘောကျကြတယ်။ တစ်ရပ် ကွက်လုံးလည်း ငှားစီးကြတယ်။ အမေက သဘောကောင်းလို့ ပေးငှားစီး ပေမယ့် ကျွန်တော်ကတော့ အူတိုတာပေါ့ဗျာ။ ကျွန်တော် နယ်တွေရောက်သွားတော့ အဲဒီရပ်ကွက်လေးနဲ့ အဆက်ပြတ်သလို ဖြစ်သွား တယ်။ ကျွန်တော့် စက်ဘီးလေးကတော့ ပြင်မယ့်လူမရှိ၊ စီးမယ့်လူလည်းမရှိ ဘဝရောက်သွားပြီလေ။ အခု ကျွန်တော် အမြဲစီးနေရတာကတော့ စက်လှေပါပဲ။
''ခေတ်ရဲ့တောင်းဆိုမှုအရတဲ့ ခလုတ်နှိပ်ရုံနဲ့ ထမင်းခလုပ်နှိပ်ရုံနဲ့ သီချင်းရှင်သန်ခြင်းဟာ စစ်မှန်သေးရဲ့လား။ ဖန်ပြွန်မွေး လူသား ကိုယ်ဝန်အငှားသားတရား စီရင်မှု မိခင်အတုနဲ့ အစစ်စစ်ပွဲနဲ့ ဝမ်းရေးအသွေးအသားနဲ့ အချစ်ပြဿနာ ကမ္ဘာကြီးဟာ၂၃ % ဒီဂရီမကဒီဂရီ အိကျလာပြီဆိုပဲ'' ကမ္ဘာပေါ်မှာ အသွေးအသားအတွက်က ဝမ်းရေး၊ ဝမ်းရေးအတွက် စစ်ပွဲ။ အိမ်တွင်းစစ် ပြည်တွင်းစစ်တွေကနေ ကမ္ဘာစစ်ကြီးတွေ။ ခလုတ်နှိပ်လိုက်ရုံနဲ့ တစ်ယောက်သေတဲ့ သေနတ်ကစပြီး ထောင်သောင်းချီ သေစေနိုင်တဲ့ စစ်လက်နက်တွေ။ ဟုတ်တယ်လေ ထမင်းအိုးငှဲ့စရာမလို၊ စောင့်ကြည့်နေစရာမလို၊ ခလုတ်နှိပ်လိုက်ရုံနဲ့ ထမင်းဖြစ်ပြီး ရေဒီယိုကနေ ဒစ်ဂျစ်တယ်
ခေတ်အထိ လုတ်နှိပ်လိုက်ရုံနဲ့ သီချင်း ဖြစ်ခဲ့ပါပြီ။
''အသိပညာ အတတ်ပညာက တစ်လုံးတစ်ပွင့် သီးပွင့်ပေးတိုင်း အရိုင်းစိတ်က တစ်ပင်တစ်တော ထူပြောလာ လိုက်တာ'' ငယ်ဘဝ ရပ်ကွက်လေးထဲက ဝက်မွေး ဝက်ပေါ်တဲ့အိမ်မှာရှိတဲ့ ကလေးလူကြီးတွေ အမြဲရန်ဖြစ်ကြ၊ ဆူကြပူကြတဲ့အခါ အမေက အမြဲတမ်းပြောတဲ့စကား ရှိတယ်။ သူတို့တွေက ပညာမှ မတတ်ကြတာပဲ သားရယ်တဲ့။
အဲဒီတုန်းက အမှတ်တမဲ့ရှိခဲ့ပေမယ့် အသက်ကလေးရလာလို့ စဉ်းစားတွေးခေါ် ကြည့်တဲ့အခါ အရမ်းမှန်တဲ့ စကား ဖြစ်နေတာကို တွေ့ရပါတယ်။ ခလုတ်နှိပ်ရုံနဲ့ထမင်း၊ ခလုတ်နှိပ်ရုံနဲ့ သီချင်းဆိုတာတွေက လူသားထုကို ကိုယ်စားပြုပါရဲ့။ ခလုတ်နှိပ်ရုံနဲ့ စစ်တလင်း ဖြစ်ရတာကတော့ လူသားထုကို အကျိုးနည်းစေပါတယ်။ စက်မှု
တော်လှန်ရေးကြီး မပြီးသေးသလို စစ်ပြုတော်လှန်ရေးကြီးလည်း မပြီးသေးပါဘူး။ အသိပညာ အတတ်ပညာက တစ်လုံးတစ်ပွင့် သီးပွင့် သီးပွင့်ပေးတိုင်း အရိုင်းစိတ်က တစ်ပင်တစ်တော ထူပြောလာလိုက်တာ။
ကမ္ဘာ့ငြိမ်းချမ်းရေးလို့ အသံကောင်းဟစ်နေကြပေမယ့် ဉာဏ်ပညာနဲ့ ဆင်ခြင်တုံတရားတွေ အားနည်း
နေသေးတာကြောင့် ''အသွေးအသား ရှိလို့သာ ယုံကြည်နေရလူမှ ဟုတ်ပါစ'' တဲ့။ ရိုဘော့တွေက
မေးသွားတယ်။ လူနဲ့စက် အပြန်အလှန် အသုံးပြုနေကြတဲ့ ခေတ်ကြီးထဲမှာ လူသားထုတစ်ရပ်လုံး လူ့အသွေး လူ့အသားနဲ့ ရှိနေကြသေးတာ အမှန်ပါပဲ။ ကျွန်တော်တို့ဟာ ရိုဘော့တွေ မဟုတ်ပါဘူး။ တစ်ခုပဲ ရှိတယ်။ ပညာဉာဏ်နဲ့ ဆင်ခြင်တုံတရားသာ အားကောင်းမောင်းသန် တပ်ဆင်နိုင်ကြဖို့ပါပဲ။
ကျွန်တော် ဆုတောင်းမိတယ်။ ပညာÓဏ် ဆင်ခြင်တုံတရားတွေ တစ်ပင်တစ်တော ထူပြောပါစေ...။ ခလုတ်မှန်သမျှ ထမင်းဖြစ်ပြီး ခလုတ်မှန်သမျှ သီချင်း ဖြစ်ပါစေ။ ခလုတ်မှန်သမျှ စစ်တလင်း မဖြစ်ပါစေနဲ့။ ရိုဘော့တွေကနေ ကျွန်တော်တို့ကို လူမှဟုတ်ပါလေစလို့ မေးရလောက်အောင်အထိ အရိုင်းစိတ် တပ်ဆင် ထားတဲ့လူသားတွေ မဖြစ်ကြပါစေ။
နိုင်သစ်နီ ရဲ့''အိပ်မက်ဘာသာပြန်'' ကဗျာ
(၁၉၉၃၊ မြားနတ်မောင်)