ကလေး နှစ်ဦးပေါ်လစီ ဒေါ်စု ဆန့်ကျင်မှုသတင်း ဘင်္ဂလားဒေချ့် သတင်းစာများတွင် ဖေါ်ပြ

ကလေး နှစ်ဦးပေါ်လစီ ဒေါ်စု ဆန့်ကျင်မှုသတင်း ဘင်္ဂလားဒေချ့် သတင်းစာများတွင် ဖေါ်ပြ
by -
နိရဥ္စရာ

မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ဘူးသီးတောင်နှင့် မောင်တော မြို့နယ်များတွင် နေထိုင်သော မွတ်ဆလင်မိသားစု တစ်စုလျှင် ကလေးနှစ်ဦးစီ ယူရမည်ဟု ဒေသန္တရ ဥပဒေ ထုတ်မူ အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း ပြောဆိုသည့် သတင်းကို ဘင်္ဂလာဒေချ့် နိုင်ငံထုတ် သတင်းစာတိုင်းလိုလိုတွင် ယနေ့ ဖေါ်ပြသည်။

Narinjara-281

နိရဥ္စရာ သတင််းဌာနမှ ယနေ့ လက်ခံရရှိသော ဘင်္ဂလာဒေချ့်မှ နာမည်ကြီး နေ့စဉ် သတင်းစာများ ဖြစ်သော (၁) The Daily Star (၂) The Independent (၃) New Age သတင်းစာများတွင် အဆိုပါ သတင်းကို အကျယ်တဝင့် ဖေါ်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်မှ သူမ အနေဖြင့် ယခု ဒေသန္တရ ဥပဒေကို ပြဌာန်း ထားသလား၊ မထားဘူးလား ဆိုသည်ကို သေချာစွာ မသိကြောင်း၊ အကယ်၍ ပြဌာန်းသည်ဆိုပါက ယခု ပြဌာန်းမူသည် ဒေသအတွင်းမှ  မွတ်ဆလင်များ အပေါ် လူ့အခွင့်အရေး ချိုးဖေါက်ရာ ရောက်သော လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုပြီး ပြစ်တင် ဝေဖန် လိုက်ကြောင်း  သတင်းစာများက ဆိုသည်။

“ Suu Kyi Slams 2- Child Limit for Muslims” ခေါင်းစည်းဖြင့် ရေးသားထားသော အေအက်ပီ သတင်းကို The Independent သတင်းစာက ဖေါ်ပြရာတွင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ မွတ်ဆလင် မိသား တစု ကလေး နှစ်ဦးသာ ယူရမည့် အမိန့် အပေါ် သူမ အနေဖြင့် ဆန့်ကျင်ကြောင်း၊ ယခု လုပ်ရပ်မှာ လူ့အခွင့်အရေးကို ချိုးဖေါက်သော လုပ်ရပ် ဖြစ်ကြောင်း ပြောဆိုသည်ဟု ဖေါ်ပြသည်။

ယခုလို ခွဲခြားမူက မကောင်းကြောင်း၊ ယခုလို ခွဲခြားမူမှာ  လူ့အခွင့်အရေးနှင့်လည်း ဆက်စပ် လျော်ညီမူ မရှိကြောင်း  ဒေါ်စုက ပြောသည်ဟု သတင်းတွင် ဖေါ်ပြသည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များတွင် မွတ်ဆလင် လူဦးရေ အဆမတန် တိုးပွားလာ မူကို တားဆီးရန် ရည်ရွယ်ပြီး မိသားစု တစ်စု ကလေး (၂) ဦးသာ ယူရမည်ဟု ဒေသန္တရ ဥပဒေကို ၁၉၉၀ ခုနှစ်ကပင် ထုတ်ပြန်ပြီး  နဝတနှင့် နအဖ စစ်အစိုးရတို့က ကျင့်သုံးလာခဲ့သည်။ လက်ရှိ အစိုးရလက်ထက် တွင်လည်း လူဦးရေကို ထိန်းချုပ်နိုင်ရန် အတွက်  ဒေသဆိုင်ရာ အာဏာပိုင်များက အဆိုပါ ဒေသန္တရ ဥပဒေကို ဆက်လက်ကျင့်သုံးမည်ဟု  များမကြာမီက ထုတ်ဖေါ်ကျေညာခဲ့သည်။

Most read this week