မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို စတုဒီပ ကုမ္ပဏီက လုပ်ပိုင်ခွင့့်တောင်း

မာန်အောင်ကျွန်းမှ မြေ ၃၇၈၀၀ ဧကကို စတုဒီပ ကုမ္ပဏီက လုပ်ပိုင်ခွင့့်တောင်း
by -
နိရဥ္စရာ

ရခိုင်ပြည်နယ်မှ ဒုတိယ အကြီးဆုံး ကျွန်းတစ်ကျွန်းဖြစ်သည့် မာန်အောင်ကျွန်းမှ မြေဧက ၃၇၈၀၀ ကို စတုဒီပ အများပိုင် ကုမ္ပဏီက မြေလွှတ်မြေရိုင်းများ ဖြစ်သည်ဟု ဆိုကာ အာဏာပိုင်များထံမှ လုပ်ပိုင်ခွင့် တောင်းထား သည်ဟု ဒေသခံများက ပြောသည်။

ABထိုသို့ တောင်းဆိုထားခြင်း အပေါ် ကျွန်းသူ ကျွန်းသားများက လက်မခံကြောင်း၊ ဆန့်ကျင် ကန့်ကွက် ကြောင်း ပြောဆိုထားသည်ဟု ဒေသခံ လူမူရေး လူပ်ရှားသူ ကိုတင်ဝင်းက ပြောသည်။

“ အခု လောလောဆယ်တော့ လုပ်ငန်း စလုပ်တာတော့ မရှိသေးပါဘူး။ ရခိုင်ပြည်နယ် အစိုးရ တာဝန် ရှိသူတွေကို မေးတော့လည်း သူတို့ မသိသေးဘူးလို့ ပြောတယ်။ ဒါပေမယ့် အတွင်းကို လေ့လာစုံစမ်းတော့ ခွင့်ပြုမယ်လို့ ကြားရပါတယ်။ ဒါကြောင့် လက်မခံနိုင်ကြောင်း ကျွန်းသူ ကျွန်းသားတွေက ကမ်းလှမ်း ပြောဆို ထားပါတယ်” ဟု ဆိုသည်။

စတုဒီပ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦး ဖြစ်သော စိန်ဦး ဦးဆောင်သော အဖွဲ့တစ်ဖွဲ့သည် များမကြာမှီက မာန်အောင်မြို့သို့ ရောက်ရှိလာပြီး မြို့ပေါ်ရှိ မြို့မိ မြို့ဖများနှင့် တွေ့ဆုံကာ မာန်အောင်ကျွန်း ဖွံ့ဖြိုးတိုး တက်ရေးကို လုပ်ကိုင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုခဲ့သည်ဟု ဆိုသည်။

အဆိုပါ နောက်ပိုင်းတွင် စတုဒီပ ကုမ္ပဏီမှ မာန်အောင်ကျွန်းရှိ မြေလွှတ်မြေရိုင်း သုံးသောင်းကျော်ကို လုပ်ပိုင်ခွင့် ရရှိရန် တောင်းခံထားသည်ဟု ဆိုသည်။

“ ဦးစိန်ဦးက သူ့ကိုယ်သူ မိတ်ဆက်ပေးတော့ ထူးကုမ္ပဏီက အတွင်းရေးမှူးဆိုပြီး မိတ်ဆက်ပေးပါတယ်။ ဒီမှာလာပြီး အစည်းအဝေး တစ်ခါ လုပ်တုန်းက ကျွန်းသူ ကျွန်းသားတွေကိုလည်း သူတို့ လုပ်မယ့် စီးပွားရေးမှာ ချယ်ယာခေါ်တဲ့ ပုံစံမျိုးနဲ့ ခေါ်ခဲ့တာ ရှိပါတယ်။ ခုတော့ ဒီလိုမဟုတ်ဘဲ သူတို့ လုပ်မယ့် ဒေသ ဖွံ့ဖြိုးရေးကို ဒေသခံတွေက သဘောတူတယ်ဆိုပြီး မြေလွှတ်မြေရိုင်းတွေကို  သမ္မတဆီမှာ တောင်းထားတယ်လို့ ကြားရပါတယ်။”

ယခုကဲ့သို့ မြေလွှတ် မြေရိုင်းများကို လုပ်ပိုင်ခွင့်တောင်းထားသဖြင် ကျွန်းသူ ကျွန်းသားများ အနေဖြင့် စိုးရိမ်မူများလည်း ရှိနေကြသည်ဟု ဆိုသည်။

“ မြေလွှတ် မြေရိုင်းတွေဆိုလို့ မာန်အောင်ကျွန်းမှာ ဧက တစ်သောင်းကျော်၊ နှစ်သောင်း လောက်ဘဲ ရှိနိုင်ပါတယ်။ အခုက သုံးသောင်းကျော်ဆိုတော့ ဒေသခံတွေ လုပ်ကိုင် စားသောက်နေတဲ့ မြေတွေပါ ပါ၀င်သွားနိုင်တယ်။ ဒါကြောင့် စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

ဒေသခံ ပြည်သူများ လုပ်ကိုင်စားသောက်နေသော မြေများတွင် ဂရမ် မဖေါက်ရသေးသော မြေများ၊ ခုတ်ထွင် ရှင်းလင်းပြီး တနို်င်တပိုင် လုပ်ကိုင်စားသောက်နေသော မြေများ၊ အထက် ခရိုင်၊ မြို့နယ် အဆင့်ရှိ တာဝန်ရှိသူများ လက်မှတ်မထိုး၍ စောင့်ဆိုင်းနေရသော ဂရမ်ဖေါက်ရန် ကျန်ရှိနေသေးသော မြေများ ရှိနေသည်ဟု ဆိုုသည်။

ဒေသခံ ပြည်သူများ အနေဖြင့် မာန်အောင်မြို့နယ်ဖွ့ံဖြိုးတိုးတက်ရေး အတွက် ဟိုတည်များ တည်ဆောက် ခြင်း၊ ပင်လယ်ကမ်းခြေများကို ခေတ်မှီ အပန်းဖြေ နေရာများ တည်ဆောက်ခြင်းကို ကန့်ကွက်မည် မဟုတ်သော်လည်း အများပြည်သူများ ဘိုးစဉ် ဘောင်ဆက် လုပ်ကိုင် စားသောက်လာသော မြေယာများကို ဒေသဖွံ့ဖြိုးရေးအတွက်  မြေလွှတ် မြေရိုင်းစာရင်းသွင်းကာ သိမ်းယူမည်ဆိုပါက ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမည်ဟု ဆိုသည်။

Most read this week