သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ တဘက်ကမ်းရှိ စစ်ဘေးသင့်သောကျေးရွာ တို့အား ကျားခေါင်း ပါတီ(SNLD) နှင့် ကျားဖြူပါတီ (SNDP) တို့ ဦးဆောင်အလှူငွေကောက်ခံပြီး ကူညီထောက်ပံ့ပေးနေကြောင်း သတင်း ရရှိသည်။
“လွန်ခဲ့တဲ့ ၃ ရက်ကပေါ့။ ကျား၂ ကျားပါတီတွေက ဦးဆောင်ပြီး နမ့်ခမ်းမြို့ထဲ ရပ်ကွက်တိုင်း အလှူငွေ နဲ့ အသုံးအဆောင်ပစ္စည်းများ ကောက်ခံကြတယ်၊ တစ်အိမ်ဝင်တစ်အိမ်ထွက်ပေါ့၊ တစ်ချို့အိမ်တွေလဲတတ်နိုင် သလောက် ထည့်ကြတယ်၊အလှူခံရတဲ့ ပစ္စည်းနဲ့ငွေတွေကို ကျမတို့ ၂ ပါတီဝင်အပြင် ဒေသခံလူ ထု(၂၀၀) ကျော်အင် အားနဲ့ မနေ့ ၂၄ ရက်က ရွှေလီမြစ်တဘက်ကမ်း စစ် ဘေးသင့်ကျေးရွာ တွေကို သွားရောက် ပေးအပ်ခဲ့တယ်” ကျားခေါင်းပါတီဝင် အမျိုးသမီးတစ်ဦးကပြောသည်။
သွားရောက်ထောက်ပံ့ပေးခဲ့သည့်ရွာများမှာ နောင်မတာကျေးရွာ တွင် ၁၂၇ အိမ်၊နောင်ခမ်းကျေးရွာ ၁၃၂အိမ်၊ မန့်ကွန်ကျေးရွာ ၄၅ အိမ် အတွက် တစ်အိမ်လျှင်ဆန်(၁၂) ပြည် ငွေ(၃)သောင်းကျပ် အပြင် မန့်ဆွမ်းကျေးရွာ တွင် ထောက်ပံ့ငွေ(၁) သိန်းကျပ်ပေးအပ်ခဲ့ကြောင်း၊ SKY NET ရုပ်သံလိုင်း ကုမ္မဏီကလည်း အဆိုပါရွာထဲရှိ ဘုန်းကြီးကျောင်းသို့ တစ်ကျောင်းလျင် SKY NET တစ်စုံစီလှူဒါန်းပေးခဲ့ပြီး မန္တလေးမြို့မှစေတ နာရှင်များမှ လည်းဆန်အိတ်များလှူဒါန်းကြောင်း၄င်းကဆိုသည်။
“မန္တလေးမြို့စေတနာရှင်တွေကတော့ သိန်းသန်းကုမ္မဏီ၊ရွှေချမ်းသာဒေါင်းမင်းကုမ္မဏီ ။ သူတို့က ဆန်အိတ်(၁၀၀)စီ လှူတယ်။ ကိုစိန်ဝင်းနှင့်ညီများစက်ပစ္စည်းအရောင်းဆိုင် က ဆန်(၂၄)အိတ် ကူညီထောက်ပ့ံံ တယ်။ နမ့်ခမ်းမြို့ ပြည်သူတွေက ငွေကျပ် တစ်ရာ့ခြောက်သိန်း ငါးသောင်း ကိုးထောင့်နှစ် ရာ ကျပ်စုပေါင်းထည့်ဝင် လှူဒါန်းပါတယ် ဟု ပါ၀င်လှုပ်ရှားသောကျားဖြူပါတီဝင်လူငယ်တစ်ဦးကပြောသည်။
ယခုလ ၉ ရက်နေ့တွင်မြန်မာအစိုးရတပ်က နမ့်ခမ်းမြို့တဘက်ကမ်းနောင်မတာကျေးရွာ ရှိသျှမ်းပြည်ထူ ထောင်ရေး ကောင်စီ(RCSS/SSA) တပ်စခန်းကိုအင်အားနှင့်ဝင်ရောက် တိုက်ခိုက်သိ်မ်းပိုက်ပြီး ဒေသခံပြည် သူထောင် ပေါင်းစစ်ဘေးသင့်ကြရပါသည်။