ရာစုနှစ် တဝက်ခန့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အဆက်ပြတ်ခဲ့ရသည့် မြန်မာနှင့် အမေရိကန်တို့ ဆက်ဆံရေးမှာ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုလိုက်ပြီးနောက်ပိုင်း လှုပ်ရှားထကြွလာကာ သံတမန် ဆက်ဆံရေးမှသည် နိုင်ငံ့အကြီးအကဲချင်း အပြန်အလှန် လည်ပတ်သည့် ခရီးစဉ်များအထိခြေဆန့်လာနိုင်ခဲ့ပြီ ဖြစ်သည်။
(စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇော နှင့် အင်တာဗျူး)
ရာစုနှစ် တဝက်ခန့် နှစ်နိုင်ငံ ထိပ်သီးခေါင်းဆောင်များ အဆက်ပြတ်ခဲ့ရသည့် မြန်မာနှင့် အမေရိကန်တို့ ဆက်ဆံရေးမှာ ၂၀၀၈ အခြေခံဥပဒေ အတည်ပြုလိုက်ပြီးနောက်ပိုင်း လှုပ်ရှားထကြွလာကာ သံတမန် ဆက်ဆံရေးမှသည် နိုင်ငံ့အကြီးအကဲချင်း အပြန်အလှန် လည်ပတ်သည့် ခရီးစဉ်များအထိခြေဆန့်လာနိုင်ခဲ့ပြီ ဖြစ်သည်။
သမ္မတ ဘားရက် အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန် ပြည်ထောင်စုသို့ ငါးရက်ကြာ သွားရောက်ခဲ့
သော သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်တွင် နိုင်ငံခြားရေးဝန်ကြီးနှင့် သမ္မတရုံး ဝန်ကြီးနှစ်ဦးအပြင် အခြား အရေးပါလှသော ဝန်ကြီးများလည်း လိုက်ပါသွားခဲ့ကြသည်။
တိုင်းပြည်၏ အာဏာပိုင် အဖွဲ့အစည်းကြီးတခုဖြစ်သည့် ကာကွယ်ရေးနှင့် လုံခြံုရေးကောင်စီဝင်၊ အစိုးရအဖွဲ့ တွင် ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ်ခန့်အပ်ထားသော ကာကွယ်ရေးဝန်ကြီးနှင့် ပြည်ထဲရေး ဝန်ကြီးတို့လည်း လိုက်ပါသွားကြသည်။
တပ်မတော်တွင် တာဝန်ထမ်းဆောင်ဆဲ ဒုဗိုလ်ချုပ်ကြီး (ဝန်ကြီး) နှစ်ဦး သမ္မတ၏ အမေရိကန် ခရီးစဉ်တွင် လိုက်ပါသွားခြင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံ တပ်မတော်ချင်း၊ ကာကွယ်ရေး ဆက်ဆံမှု၊ မြန်မာ့တပ်မတော်အပေါ် အမေရိကန် အလေးထားမှု၊ အာရှ ပစိတ်ဖိတ် ဒေသတွင်း ပထဝီနိုင်ငံရေးနှင့် ဆက်စပ်နေမှုများကို သုံးသပ်ပေးနိုင်ရန် တရုတ်-မြန်မာ နယ်စပ် အခြေစိုက် စစ်ရေး လေ့လာသူ ဦးအောင်ကျော်ဇော အား မဇ္စျိမက ဆက်သွယ်မေးမြန်းထားသည်။
မေး။ ။ သမ္မတရဲ့ခရီးစဉ်မှာ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်ထားတဲ့ ကာကွယ်ရေးဝန်ကြီးနဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးတွေ လိုက်ပါသွားနိုင်တာနဲ့ ပတ်သက်လို့ ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ။ ။ ကျနော် သိသလောက်တော့ အမေရိကန်ရဲ့ ပေါ်လစီအပြောင်းနဲ့ မြန်မာအစိုးရ အနေနဲ့လည်း ဒီအတိုင်း ဆက်သွားလို့ မရတော့တဲ့အောက်မှာ၊ သွေးထွက်သံယို မဖြစ်ဘဲနဲ့ ပြောင်းလို့ရမယ်ထင်လို့ ဒီလမ်းကြောင်းကိုသွားကြတာကိုး။ အမှန်က ပြေလည်ရေးပေါ့ဗျာ။ ပြေလည်မယ်ဆိုရင်တော့ တရုတ်ပြည်ရဲ့ ဆက်ဆံရေးကတော့ ပြဿနာပေါ်လာနိုင်တယ်ဆိုတာ သိပြီးသား ဖြစ်တယ်။ မနှစ်က အိုဘားမား လာတယ်။ အရင် ကလင်တန် လာတယ်။ ဒါပေမယ့် ကျနော်တို့ လက်ရှိ တွေ့ထားတဲ့ အမေရိကန်ရဲ့ ဆက်ဆံမှုက အမေရိကန်အနေနဲ့ စစ်တပ်ကို လိုချင်တာပဲ။ ဒီကနေ့ မြန်မာပြည်မှာ ဘယ်သူ အာဏာရှိတယ်ဆိုတာ၊ ဥပဒေရဲ့အထက်မှာ စစ်တပ်က ရှိတယ်ဆိုတာ အမေရိကန် သိတယ်။ ဦးသိန်းစိန်နဲ့ ဒေါ်စုကို အသုံးချပြီးတော့ အမေရိကန်က ချဉ်းကပ်ပြီးတော့ (ဒု-ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင်ကို ချုပ်ကိုင်နိုင်ဖို့ ကြိုးစားတာပေါ့။ (ဒု-ဗိုလ်ချုပ်မှူးကြီး) မင်းအောင်လှိုင် မသွားခင် ဒီလူတွေ လိုက်ပါသွားပြီးတော့ တွေ့ကြတယ်။
မေး။ ။ နှစ်နိုင်ငံ တပ်မတော်ချင်း ဆက်ဆံရေး ဘယ်လိုအလားအလာတွေ ဖြစ်လာနိုင်ချေ ရှိပါသလဲ။
ဖြေ။ ။ နှစ်အချို့အတွင်းမှာ စစ်တပ်နှစ်တပ် ဆွေးနွေးတဲ့ကိစ္စတွေ၊ စစ်တပ်နှစ်တပ် ပူးပေါင်း လေ့ကျင့်တာတွေ ဒီတပ်ကို လေ့ကျင့်ပေးတဲ့ကိစ္စမျိုးတွေ ဖြစ်လာနိုင်တယ်။ သူတို့ နဂိုကတည်းကလည်း အမေရိကန် အစိုးရအနေနဲ့ မြန်မာပြည်မှာ အာဏာရတာက စစ်တပ်ပဲဆိုတော့ စစ်တပ်ကို ရရင်တော့ ပြီးတာပဲ။
တော်တော်များများမှာ ဦးသိန်းစိန်တို့ လုပ်တာ၊ ဘာပဲ ဖြစ်နေဖြစ်နေ သူလိုက်ထောက်ခံနေတာ ရှိတယ်။ ဦးသိန်းစိန် ပြောတဲ့ကိစ္စမျိုးတွေ ပေါ့ပျက်ပျက်နဲ့ ထိထိရောက်ရောက်မရှိတဲ့ ဟာမျိုးတွေ ထောက်ခံတာ မျိုးတွေ ပြောတယ်။ အမေရိကန်ကလည်း မြန်မာအစိုးရနဲ့ ဆက်ဆံရရင် ပြီးရောဆိုတဲ့ဟာပေါ့ဗျာ။
မေး။ ။ အဲဒီမှာ အမေရိကန်ရဲ့ အကျိုးစီးပွားက ဘာကိုလိုချင်တာပါလဲ။
ဖြေ။ ။ အဓိကတော့ အမေရိကန်ရဲ့ အရှေ့တောင်အာရှ ပေါ်လစီအတွက် အကျိုးရှိနိုင်မယ့်ကိစ္စကို ခိုင်မာဖို့ က မြန်မာအစိုးရက အရေးကြီးတာကိုး။ မြန်မာအစိုးရကို ပြည်သူတွေ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ၊ ဟိုတုန်းကလည်း တိုင်းပြည်ကို နှိပ်စက်တုန်းက အမေရိကန်အစိုးရက ဆက်ဆံတာပါပဲ။ အဲတော့ အမေရိကန်အစိုးရရဲ့ အရှေ့တောင်အာရှပေါ်လစီကို အကောင်အထည် ဖော်တဲ့နေရာမှာ မြန်မာပြည်က အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်နေတယ်။ မြန်မာပြည်ကို တတ်နိုင်သမျှ စည်းရုံးတင်သွင်းဖို့ သူတို့ လုပ်နေတာ။
အဲတော့ ကျနော်တို့ နားလည်သလောက် ပြောရမယ်ဆိုရင် စစ်တပ်နဲ့ လမ်းခင်းပေးရေး ဒေါ်စုကို အသုံးချတယ်။ အမေရိကန်အစိုးရလည်း အသုံးချတယ်။ မြန်မာအစိုးရလည်း အသုံးချတယ်။ ဒေါ်စုကလည်း သူ့ဟာသူ ကတာကိုး။
မေး။ ။ နှစ်နိုင်ငံအကြား တူညီတဲ့ စိုးရိမ်ချက်မျိုးတွေရော ဘာတွေရှိနိုင်မလဲ။
မြန်မာအစိုးရရော၊ အမေရိကန် အစိုးရရော တူညီတဲ့အချက်အလက်မှာ UWSA ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ သူတို့ နှစ်ဖက်ဆွေးနွေးတဲ့ ထဲမှာ ပိုအရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်တယ်။ မြန်မာအစိုးရက သူတဦး တည်း UWSA ကို ကိုင်တွယ်လို့ မရဘူး။ ဖြေရှင်းလို့ မရဘူး။
ဖြေ။ ။ နံပါတ်တစ်က မူးယစ်ဆေးဝါးကိစ္စတွေ ပြောတယ်။ ဒါပေမယ့် အဓိက မြန်မာအစိုးရရော၊ အမေရိကန် အစိုးရ ရော တူညီတဲ့အချက်အလက်မှာ ကျနော်တို့တွေ့ထားတာ UWSA (ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော်)ကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ သူတို့နှစ်ဖက် ဆွေးနွေးတဲ့ ထဲမှာ ပိုအရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်တယ်။ မြန်မာ အစိုးရက သူတဦးတည်း UWSA ကို ကိုင်တွယ်လို့ မရဘူး။ ဖြေရှင်းလို့ မရ ဘူး။ တရုတ်ပြည် အားကိုး ဖြေရှင်းလို့ မရဘူး။ ဒီဟာက လောလောလတ်လတ် မြန်မာအစိုးရနဲ့ အမေရိကန် ဆက်ဆံရေးကြားမှာ ပြောနေတဲ့ မူးယစ်ဆေးဝါး ပြဿနာလို့အချို့ကိစ္စမှာ UWSA ကို ဘယ်လိုကိုယ်တွယ် မလဲဆိုတာ ပြဿနာက တော်တော် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါတယ်။ ဆွေးနွေးတဲ့အခါမှာ UWSA ကို ကိုယ်တွယ်ရေး အရေးကြီးတဲ့တခုအနေနဲ့ ပါလာမယ်လို့ ယူဆရပါတယ်။
ဘာကြောင့် အရေးကြီးလဲဆိုတော့ UWSA ကို မြန်မာအစိုးရအနေနဲ့လည်း မဖြေရှင်းနိုင်ဘူး။ ဖြေရှင်းဖို့ ခက်တယ်။ စစ်ရေးအရ ဖြေရှင်းမယ်ဆိုရင်လည်း ဖြေရှင်းဖို့ မလွယ်ဘူး။ UWSA အင်အားကြီးတဲ့ စစ်တပ်တခုလို ဖြစ်နေတဲ့အခါမှာ မဖြေရှင်းနိုင်ဘူး။ နိုင်ငံရေးအရ ဆိုရင်လည်း သူတို့က တန်းတူညီတူ မပေးနိုင်ဘူး။ အဲဒီအောက်မှာ အမေရိကန်အစိုးရက တစုံတရာ ဖြေရှင်းပေးမယ်လို့ မျှော်လင့်နေပုံရတယ်။ အခြားကိစ္စတွေလည်း ရှိပါတယ်။ ဒါေပေမယ့် အမေရိကန်အစိုးရက သူ့ရဲ့ (၁) အရှေ့တောင်အာရှမှာ သူ့သြဇာအာဏာ ဆက်လက် တည်ရှိနေရေး၊ (၂) တရုတ်ပြည်ကို ထိန်းချုပ်တဲ့ကိစ္စတွေက မြန်မာပြည်ဟာ အတော် အရေးကြီးတဲ့နေရာဖြစ်တယ်။ မြန်မာအစိုးရကလည်း ဒါကို တစုံတရာ သိတယ်။
မြန်မာအစိုးရက တိုင်းပြည်ကို တစုံတရာ အကျိုးရှိအောင် ကစားမလား။ ဒါမှမဟုတ် သူလက်ရှိ အာဏာရှိ ထားတဲ့ လူတွေ အတွက်ပဲ သူ ကစားမလား။ တိုင်းပြည် လူထုအတွက် လုပ်မယ်ဆိုရင် အကျိုး အများကြီး ရှိပါတယ်။
မြန်မာအစိုးရက တိုင်းပြည်ကို တစုံတရာ အကျိုးရှိအောင် ကစားမလား။ ဒါမှမဟုတ် သူလက်ရှိ အာဏာရှိထား တဲ့ လူတွေအတွက်ပဲ သူ ကစားမလား။ တိုင်းပြည် လူထုအတွက် လုပ်မယ်ဆိုရင် အကျိုးအများကြီး ရှိပါတယ်။ ပြည်သူအတွက် အကျိုးရှိမယ်ဆိုရင် အမေရိကန်နဲ့ တခြားထိုင်းနိုင်ငံ ပေါင်းခဲ့ တယ်။ ဖိလစ်ပိုင် ပေါင်းတယ်။ စီးပွားရေး တက်လာတယ်။ မလေးရှား၊ စင်္ကာပူ အစရှိသဖြင့် ပေါင်းခဲ့တယ်။ ဒါပေမယ့် ဘယ်နိုင်ငံကြီးတိုင်းမှာ သူတို့ အကျိုးစီးပွားမရှိဘဲနဲ့ တော့ ကျနော်တို့ တိုင်းပြည်ကို တန်းတူညီတူ ဆက်ဆံတာ မရှိပါ ဘူး။ တိုင်းပြည်အတွက် အကျိုးရှိအောင် လုပ်ရင်တော့ သန့်ရှင်းတဲ့အစိုးရ ဖြစ်မှာပါ။
မေး။ ။ အချုပ်အားဖြင့်ဆိုရင် လုံခြံုရေး ပူးပေါင်းဆောင်ရွက်မှုတွေ အလားအလာ ဘယ်လို သုံးသပ်နိုင်ပါ သလဲ။
ဖြေ။ ။ အချုပ်က စစ်သင်တန်းတွေ ပေးလာနိုင်တယ်။ နောက်တခုက တပ်ကို ဒီထက်ပိုပြီးတော့ အမေရိကန် advisor (အကြံပေး)တွေ ပါလာနိုင်တယ်။ တဖက်ကလည်း ပြောမယ်ဆိုရင် ကြေးစားစစ်တပ်တွေ ပါလာနိုင် တယ်။ ဟိုတုန်းကလည်း ကြေးစားစစ်တပ်က အမေရိကန် အားကိုး ဖြစ်ခဲ့တာပဲ။ ကျနော်တို့ တွေ့နေတာက
တော့ မြန်မာအစိုးရနဲ့ တရုတ်လိုပဲ အမေရိကန်နဲ့ မြန်မာအစိုးရ နှစ်ဦးနှစ်ဖက် အကျိုးရှိဖို့ ပူးပေါင်းကြတယ်။ အကျိုးရှိတယ်ဆိုတာ ပြည်သူလူထုအတွက် အကျိုးရှိမယ်လို့ သိပ်ထူးထူးခြားခြား ဖြစ်လာမှာမဟုတ်ဘူး။
စစ်ရေးကိစ္စတခုပဲ ဆက်ဆံမယ်ဆိုရင်တော့ တရုတ်က ပြဿနာ ဖြစ်လာမှာပေါ့။ တရုတ် အစိုးရကလည်း အခိုင်အမာ အထောက်အကူပြုလာပြီဆိုရင် မြန်မာအစိုးရနဲ့ အမေရိကန် ဆက်ဆံရေး ရင်းနှီးတာကို သိပ်အကြိုက်မဟုတ်ဘူး။ စစ်တပ်ချင်း လုံးလုံးထွေးထွေး ဖြစ်လာရင်တော့ ကြိုက်မှာ မဟုတ်ဘူး။
ဘာပဲဖြစ်ဖြစ် ကျနော့်တဦးတည်း အမြင်က ဒီလို အမေရိကန် စစ်တပ်နဲ့ မြန်မာအစိုးရ ဆက်ဆံမှုတွေမှာ တကယ်တမ်း သဘောထားက မှန်မှန်ကန်ကန် တိုင်းပြည်အကျိုးအတွက်၊ မြန်မာပြည်ရဲ့ ကာကွယ်ရေး အကျိုးစီးပွား၊ မြန်မာပြည်သူတွေရဲ့ စိတ်ဓါတ်ရေး၊ တပ်မတော်ရဲ့ စိတ်ဓါတ်ရေး ပူးပေါင်းလုပ်ဆောင် တယ်ဆိုရင် ကောင်းမွန် တဲ့ အချက်အလက်တော့ ဖြစ်လာမှာပါ။ အဲဒီလိုမှ မဟုတ်ဘဲတရုတ်နဲ့အမေရိကန် ကြားမှာ ကစားကြည့်တဲ့၊ ဟိုတုန်းက အန္ဒိယနဲ့ တရုတ်ကြား ကစားသလို အမေရိကန်နဲ့ စကားပြီးတော့၊ ဟိုဘက်ဒီဘက် ခွပြီးတော့ ကိုယ့်အတွက်ပဲ ကိုယ်လုပ်ကြမယ်ဆိုရင်တော့ တိုင်းပြည်က ဒီထက်ပိုပြီး ဆင်းရဲတွင်း နက်ပါလိမ့်မယ်။