သုံးဆူ နယ်စပ်ဂိတ် ဖွင့်လှစ်ရန် ထိုင်းမြန်မာ ဆွေးနွေးမှု မအောင်မြင်သေး

သုံးဆူ နယ်စပ်ဂိတ် ဖွင့်လှစ်ရန် ထိုင်းမြန်မာ ဆွေးနွေးမှု မအောင်မြင်သေး
by -
ရွှေဟင်္သာ

ကရင်ပြည်နယ်  ၀န်ကြီးချုပ်သည်  ထိုင်းနှင့်မြန်မာ  အစိုးရတို့၏  နယ်ခြားဂိတ်  တိုးချဲ့  ဖွင့်လှစ်ရေး  အစီအစဉ်ကို  အကောင်အထည် ဖေါ်ရန်  ကရင်ပြည်နယ် ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူ နယ်စပ်မြို့သို့ ရောက်ရှိလာပြီး ထိုင်းအမှတ် (၁) စစ်တိုင်းမှုးနှင့် တွေ့ဆုံဆွေးနွေး ခဲ့သည်ဟု ထိုင်းအရာရှိ တစ်ဦးက ဆိုပါသည်။  

အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း နှင့် ထိုင်းအမှတ် (၁) စစ်တိုင်းမှူး အရှေ့တောင်တိုင်း တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း နှင့် ထိုင်းအမှတ် (၁) စစ်တိုင်းမှူး (ဓါတ်ပုံ ရွှေဟင်္သာ)

 “ တွေ့ကြ တာက မနေ့ကပေါ့။ မပြေလည်တဲ့ အရာ တွေကို ဆက်ဆွေးနွေး ကြမယ်လေ။ အခု ဆွေးနွေး ခဲ့တာက ထိုင်းမြန်မာ နယ်စပ်ဂိတ် ထဲမှာ ဒီဘုရားသုံးဆူ ဂိတ်တစ်ခု ထဲဘဲ ဖွင့်ဖို့ ကျန်တော့တယ်။ အဓိက ကတော့ အပြန်အလှန် ကုန်သွယ်နိုင်ဖို့  တရားဝင်ဂိတ် ဖြစ်လာအောင် စစ်တိုင်းမှူးက တိုက်တွန်း သွားတာပါ။ ပြီးတော့ အဲဒီလို တရားဝင် လမ်းဖြစ် လာရင်တော့ ဒီဒေသမှာ ရင်းနှီး မြှုပ်နှံဖို့ ထိုင်းဖက်က စိတ်ဝင် စားတယ်လို့”  ဆိုပါသည်။

မြန်မာ အရာရှိ တစ်ဦး ကမူ တရားဝင် နယ်စပ်ဂိတ် ဖြစ်လာရန် မူအရ လက်ခံ ထားသော်လည်း နယ်စပ်မျဉ်း ကိစ္စ များ၌ သဘောထား ကွဲလွဲမှု ရှိနေ သေးကြောင်း၊ အထူးသဖြင့် ဘုရားသုံးဆူ နယ်စပ်မြို့၏ နယ်စပ်မျဉ်း တည်နေရာကို ညှိနှိုင်း၍ အဆင်မပြေ သေးခြင်း ဖြစ်သည်ဟု ဆိုပါသည်။

ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံ တို့သည် ကရင်ပြည်နယ် မြဝတီမြို့ တောင်ဖက်မှ ကော့သောင်း အငူ အထိ ရှိနေသော နယ်ခြား မျဉ်းများကို နှစ်နိုင်ငံ အစိုးရမှ အသေးစိတ် စီစစ်ပြီး ပြန်လည် အတည်ပြု ထားခြင်း မရှိသေး သဖြင့် ယခုကဲ့သို့ ပြသနာ ဖြစ်နေ သည်ဟု ယူဆ နိုင်ပါသည်။

ဤဆွေးနွေး ပွဲသို့ ထိုင်းနိုင်ငံ အမှတ် (၁) စစ်တိုင်းမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ဖိုင်းဗုန် ခွန်ချိုင်ယာ ဦးဆောင်သော အဖွဲ့နှင့် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်း ခေါင်းဆောင်သော အဖွဲ့ တို့က တက်ရောက် ဆွေးနွေး ခဲ့ခြင်း ဖြစ်ပါသည်။

ထိုင်းအမှတ် (၁) စစ်တိုင်းမှူးသည် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာ လတွင်လည်း နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ် နိုင်ရေး အတွက် ဘုရားသုံးဆူမြို့ရှိ မြန်မာ အာဏာပိုင် များနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ဖူးပါသည်။ အထူးသဖြင့်၂ဝဝ၇ ခုနှစ်၊ မတ်လ ကတည်းက ပိတ်ထား ခဲ့ရသော ဘုရားသုံးဆူ နယ်စပ် ဂိတ်ကို ပြန်လည် ဖွင့်လှစ်နိုင်ရန် လာရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်ပါသည်။

မပြေလည်မှုများကို ဆက်လက် ညှိနှိုင်း သွားရန် ရှိသော်လည်း မည်သည့် အချိန် ပြန်လည် ဆွေးနွေးမည်ကို မသိရှိ ရသေးပေ။ ထိုင်းစစ်တိုင်းမှူးသည် ဤကိစ္စ မဆွေး နွေးမီ မြန်မာ နိုင်ငံသို့ သွားရောက် ခဲ့ပြီး သက်ဆိုင်ရာ များနှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပါသည်။

၀န်ကြီးချုပ် ဦးဇော်မင်းတို့ အဖွဲ့ဝင် (၁၀) ဦးသည် ပြီးခဲ့သည့် မေလ (၂၁) ရက်နေ့တွင် ကြာအင်း ဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို ့သို့ ရောက်ရှိလာပြီး ယနေ့ မနက်ပိုင်းတွင် ပြန်လည် ထွက်ခွာ ခဲ့ပါသည်။

၀န်ကြီးချုပ် ဦးဇော်မင်းနှင့် အတူ ပြည်နယ် နယ်စပ် လုံခြုံရေး၊ လူဝင်မှု ကြီးကြပ်ရေး၊ လျှပ်စစ်နှင့် စီးပွားရေး ဌာနမှ ပြည်နယ် ၀န်ကြီးများလည်း ပါလာခဲ့ပါသည်။ ၄င်းတို့ ခရီးစဉ်တွင် ဘုရားသုံးဆူမြို ့ပေါ်မှ ဌာန ဆိုင်ရာများ နိုင်ငံရေး ပါတီ များနှင့် အပစ်အခတ် ရပ်စဲရေး အဖွဲ့များပါ တွေ့ဆုံ သွားခဲ့သည်ဟု ဆိုပါသည်။