အမျိုးသမီးတဦးအားခေါ်ယူစစ်ဆေးစဉ် မဖွယ်မရာပြုမှုကြောင့် အမ်းရဲစခန်းမှူး တရားစွဲခံရ

အမျိုးသမီးတဦးအားခေါ်ယူစစ်ဆေးစဉ် မဖွယ်မရာပြုမှုကြောင့် အမ်းရဲစခန်းမှူး တရားစွဲခံရ
by -
နိရဥ္စရာ

အမျိုးသမီးငယ်တစ်ဦးအား ခေါ်ယူစစ်ဆေးစဉ် မဖွယ်မရာ ပြုလုပ်ခဲ့သည်ဟု စွပ်စွဲချက်ဖြင့် အမျိုးသမီး မိသားစုမှ အမ်းမြို့နယ်မှ ရဲစခန်းမှူး တစ်ဦးအား တရားစွဲဆိုလိုက်သည်ဟု သတင်း ရရှိသည်။

တရားစွဲခံရသော စခန်းမှူးမှာ အမ်းမြို့နယ် ရူးရဲစခန်းမှ စခန်းမှူး ဖြစ်သည်ဟု ဒေသခံ တစ်ဦးက ပြောသည်။

မေလ ၁၂ ရက်နေ့က အမ်းမြို့နယ် ရူးရွာနေ ဦးမှဲ့ထွန်းအောင်၏ သမီး မခင်မာဝင်းအား ရူးရဲစခန်းမှ ရဲတပ်သား မောင်ဘခင်မှ အရပ်ဝတ်ဖြင့် ရဲစခန်းမှူးက ခေါ်နေသည်ဆိုပြီး ရဲစခန်းသို့ ခေါ်ယူသွားသည်ဟု ဆိုသည်။

ရဲစခန်းသို့ ရောက်စဉ် ချက်ချင်းရဲစခန်းဂိတ်အား ပိတ်လိုက်ပြီး ထိုအချိန်တွင် စခန်းမှူး ဒုရဲအုပ် စိန်ဝင်း၊ ရဲတပ်သား ၀င်းလိူင်၊ ကျော်မြင့်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းတို့မှ ၀ိုင်းဖွဲ့ အရက်သောက် နေကြသည်ဟု ဆိုသည်။

မခင်မာဝင်းလည်း ထိုင်စောင့်နေပြီး အရက်မူးလာကြသောအခါ မခင်မာဝင်အား ဖမ်းမည်ဟု ပြောပြီး လက်ထိပ်ခတ်စဉ် မခင်ဝင်းမှလည်း ကြောက်လန့်ြ့ပီး ရုန်းကန်ရာ ရဲစခန်းမှူးမှ သူမ၏ နားထင်အား လက်ဖြင့် ရိုက်ပုတ်ပြီး ရဲသားများမှ သူမအား အတင်း လုံးဖက်တွယ်ကာ ရိုက်ပုတ် ကန်ကျောက်ခြင်းများပြုလုပ်ကြ သည်ဟု ဆိုသည်။

၎င်းပြင် သူမ၏ ထမီအားဆွဲချွတ်ခြင်း၊ အကျီင်္များ ဆွဲချွတ်ခြင်းများ ပြုလုပ်ကြသည်ဟု ဆိုသည်။

မခင်မာဝင်းမှ သူမအား ဗလက္ကာရ ပြုကျင့်ရန် အထိ ကြိုးစားခဲ့ကြသည်ဟုလည်း ပြောဆိုကြောင်းသိရသည်။

၎င်းနောက်ပိုင်းတွင် အမျိုးသမီး မိသားစုမှ ပြည်နယ် ၀န်ကြီးချုပ်ထံသို့ စာရေးတိုင်ကြားခဲ့သည်ဟု ဆိုသည်။

ယခုအခါ မခင်မာဝင်းအား ရူူးရဲစခန်းမှူးမှ လူကုန်ကူးမူဖြင့် တရားစွဲဆိိုထားပြီး ရဲစခန်းတွင် ဖမ်းဆီး ချုပ်နှောင်ထားသည်ဟု သိရသည်။

Most read this week