ဘင်္ဂလာရေပြင်တွင် လူသေအလောင်း ရ လောင်း ထပ်မံ တွေ့ရှိ

ဘင်္ဂလာရေပြင်တွင် လူသေအလောင်း ရ လောင်း ထပ်မံ တွေ့ရှိ
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် ရေပြင်တွင် နောက်ထပ် လူသေ အလောင်း ရ လောင်းကို ယမန်နေ့ နံနက်က ထပ်မံဆယ်ယူရရှိခဲ့ သည်ဟု ဘင်္ဂလာရဲက ပြောသည်။

မြန်မာ- ဘင်္ဂလာ နယ်စပ် ရေပြင်။

ဆယ်ယူရရှိပြီးနောက် ဘင်္ဂလာဒေချ့် နယ်စပ် အာဏာပိုင်များမှ မြန်မာနယ်စပ် နစက အာဏာပိုင်များသို့ အကြောင်းကြားရာ သူတို့မှာ ပေါက်တောမြို့နယ်အတွင်းမှ ဖြစ်ကြပြီး မုန်တိုင်း အန္တရာယ်မှ ရှောင်ကွင်းစဉ် လှေနစ် သေဆုံးခဲ့ကြသူများ ဖြစ်ကြောင်းနှင့် အလောင်းများကို ပြန်လည် သယ်ယူရန် အခက်အခဲရှိသဖြင့် ဘင်္ဂလာဒေချ့် တွင်ပင် သဂြိုလ်ရန် ပြောကြောင်း တက်ကနက် အခြေစိုက် အမှတ် (၄၂) တပ်ရင်း တပ်ရင်းမှူး ဂျာဟစ် ဟူစိန်က ပြောသည်။

သို့အတွက် မြန်မာဘက်မှ မျောလာသော အလောင်း ၃၁ လောင်းကို ယမန်နေ့ မေလ ၁၇ ရက်နေ့က တက်ကနက် မြို့နယ်အတွင်း သဂြိုလ်လိုက်ပြီဟု ဆိုသည်။

သေဆုံးသွားသူများသည် ပေါက်တောမြို့နယ် ငှက်ချောင်း မူဆလင် ဒုက္ခသည် စခန်းမှ ဖြစ်ကြပြီး မေလ ၁၃ ရက်နေ့က ဆိုင်ကလုန် မဟာစင် အန္တရာယ်ကို စိုးရိမ်သဖြင့် စက်လှေဖြင့် ရှောင်ကွင်းစဉ် စက်လှေနစ်ရာမှ သေဆုံးသွားခဲ့သူများ ဖြစ်ကြောင်း သိရသည်။

၎င်းပြင် မုန်တိုင်းကြောင့် မြန်မာဘက်သို့ မပြန်နိုင်ဘဲ တက်ကနက်မြို့တွင် ပိတ်မိနေသူ မြန်မာနိုင်ငံသား ကုန်သည်  ၅၂ ဦးကိုလည်း ယမန်နေ့က မောင်တောသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

Most read this week