နယ်စပ်ဖြတ်ကျော် ခိုးဝင်ကြသည့် အမျိုးသမီး ၂ ဦးအပါအဝင် မြန်မာနိုင်ငံ သား ၂၀ ဦး အား လူဝင်မှုကြီးကြပ်ရေး ဥပဒေ ချိုးဖောက်သည့်အတွက် မဏိပူရပြည် နယ် ရဲတပ်ဖွဲဲ့က သောကြာနေ့က တရားရုံးထုတ် စစ်ဆေးခဲ့ကြောင်း ယနေ့ထုတ် Sangai Express သတင်းစာတွင်ဖော်ပြခဲ့သည်။
တရားမဝင် နိုင်ငံခြားသား အက်ဥပဒေအရ၊ အဆိုပါ မြန်မာနိုင်ငံသားများသည် အိန္ဒိယနိုင်ငံ အတွင်း ဝင်ရောက်လာသည့် တရားဝင် အထောက်အထား တစုံတရာ ပြသနိုင်ခြင်း မရှိပါက ထောင်ဒဏ် ၅ နှစ် ကျခံရဖွယ်ရှိကြောင်း ယနေ့ထုတ် Sangai Express သတင်းစာက ရေးသားဖော်ပြသည်။
လိုအပ်သည့် အထောက်အထား ခိုင်ခိုင်မာမာ မရှိပါက ထိုသူများအား ပြည်နယ် CID စုံစမ်းစစ်ရေး အဖွဲ့ သို့ လွှဲပြောင်းသွားမည်ဖြစ်သည်။ အဆိုပါ လူ အုပ်စုအား ၂၀၁၂ ခုနှစ် သြဂုတ်လ က ဖမ်းဆီးခဲ့တာဖြစ်ပြီး
ယခုလ မေလ ၂ ရက်နေ့က စတင် တရားစွဲထားခြင်းဖြစ်သည်။ ၎င်းတို့အား မဏိပူရပြည်နယ် မြို့တော် အင်ဖားရှိ ဗဟိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားရှိသည်။