တလခွဲတာကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက်

တလခွဲတာကာလအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအများအပြား ဝင်ရောက်
by -
မဇ္စျိမ

မြန်မာနိုင်ငံ အတွင်းရှိ စီးပွားရေးကဏ္ဍများတွင် ပြည်တွင်းကုမ္ပဏီများနှင့် ဖက်စပ် လုပ်ကိုင်သည့် လုပ်ငန်းများနှင့် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံသည့် လုပ်ငန်းများအဖြစ် ပြည်ပ ရင်းနှီးမြှုပ်နှံသူများ ထပ်မံဝင်ရောက်လာကြောင်း အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာနမှတဆင့်  သိရသည်။

“ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထပ်ပြီး ဝင်ရောက်လာပါတယ်။ ရင်းနှီး မြှုပ်နှံမှုအနေနဲ့ အမေရိကန်ဒေါ်လာ သန်း ၁၉၀ ခန့် ရှိပါတယ်။ ဖက်စပ်လာရောက် လုပ်ကိုင်တဲ့ ကုမ္ပဏီတွေက စင်္ကာပူ၊ ကိုရီးယားနဲ့ အမေရိကန်အခြေစိုက် ကုမ္ပဏီတွေ ဖြစ်ပါတယ်” ဟု ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။

ယခုဘဏ္ဍာနှစ်အတွင်း ဧပြီ ၅ ရက်နေ့တွင်ကုမ္ပဏီ နှစ်ခု၊ ဧပြီ ၂၄ ရက်တွင် ကုမ္ပဏီ တခုနှင့် မေလ ၁၀ ရက်နေ့တွင် ကုမ္ပဏီ ရ ခုတို့အား နိုင်ငံခြား ရင်းနှီးမြျုပ်နှံမှုအဖြစ် ခွင့်ပြုပေးခဲ့သည်။

မြန်မာကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်းများမှာ ဘီယာ၊ ဆိုဒါ၊ အရက်မပါသော အဖျော်ရည်နှင့် ဆက်စပ် အဖျော်ရည် ထုတ်လုပ်မှု လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်း၊ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း၊ PET ပလပ်စတစ် ပုလင်း အဖုံးအမျိုးမျိုးနှင့် ဆက်စပ်ပစ္စည်း ထုတ်လုပ်သည့်လုပ်ငန်း စသည်ဖြင့် ပါဝင်သည်။

ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဤဘဏ္ဍာနှစ်အတွင်း ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာ လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်း၊ IT နှင့် ဆော့ဝဲ နည်းပညာ ဝန်ဆောင်မှုလုပ်ငန်း၊ လက်ခစားစနစ်ဖြင့် ဖိနပ် ထုတ်လုပ်သည့် လုပ်ငန်း၊ မုန့်မျိုးစုံ ထုတ်လုပ်သည့် လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း စသည်ဖြင့် ပါဝင်ကြောင်း သိရသည်။

Most read this week