၂၀၁၃ခုနှစ် မေလ (၃)ရက်နေ ့၌ ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို ့နယ် ဆဘောင်းသဲကျေးရွာ တွင် အိန္ဒိယနိုင်ငံထုတ် Pseudoephedrine ဆေးပြား ကျပ်ငွေသန်း ၅၁၁ ဖိုးခန် ့ဒေသခံ အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
ဆဘောင်းသဲကျေးရွာ တပ်စခန််းရှိ တပ်မတော် သားများကအိန္ဒိယနိုင်ငံမှသယ်ယူ သည့်ဆေးပြား အလုံး ၃၆၅၀၀၀၀ ကိုဖမ်းဆီးခဲ့ကြောင်း၊ ယင်းဆေးပြားများကို မတူပီမြို ့ ရဲစခန်းသို ့ လွှဲပေး ခဲ့ကြောင်း ယနေ ့ထုတ် The Matupi Times သတင်းစာတွင် ဖေါ်ပြထားသည်။
“ဒီဆေးပြားများကို မတူပီ-မင်းတပ်- ပခုက္ကူမြို ့ များမှ မန္တလေးမြို ့ကို သယ်ယူဖို ့ဖြစ်ပါလိမ့် မယ်။ အပေါ်လမ်းက လုံခြံုရေး ကြပ်လာတော့ ဒီဘက်လမ်းကို လာတာ” ဟု မီဇိုရမ်တွင်ရောက်ရှိ လာသည့် ဒေသခံတစ်ဦးကဆိုသည်။
ပိုင်ရှင်များဖြစ်ကြည့် လားရှိုးမြို့မှ U Ashi, U Shawk Kam နှင့် မင်းတပ်မြို ့မှ U Bu Mana တို ့ အား Toyota Hilux Surf ကားနှင့်အတူ ဖမ်းဆီးပြီး မတူပီမြို့တာဝန်ရှိ ရဲများက ပုဒ်မ- ၁၅/၁၀ (၈) ၁၉/(ဇ)တို ့ဖြင့် တရားစွဲဆို ထားကြောင်း သိရသည်။
ချင်းပြည်နယ် မြောက်ပိုင်း အမှတ်-(၁)နှင့် (၂) အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းများတွင် Pseudoephedrine ဆေးပြားများကို အာဏာပိုင်များက မူးယစ်ဆေးဝါးကုန်သည် များထံမှ မကြာ ခဏ ဖမ်းဆီးခဲ့သော်လည်း ချင်းပြည်နယ်တောင်ပိုင်းတွင်မူ ပထမအကြိမ် ဖမ်း ဆီးခြင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၈ ရက်နေ ့ကလည်း မီဇိုရမ်ပြည်နယ် မြို ့တော် အိုင်ဇောလ်တွင် ကျန်ဖိုင်းမြို ့ ဘက်သို ့ သယ်ယူမည့် Pseudoephedrine ဆေးပြား အလုံး သိန်း (၆၀)ကျော်ကို မီဇိုရမ် အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။
အလားတူ ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီလတွင် နယ်စပ်ဖြတ်ကျော်၍ မြန်မာနိုင်ငံသို့ တင်ပို ့မည့် ရူပီးငွေ ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန့်) တန်ဖိုးရှိ Pseudoephedrine အမျိုးအစား မူးယစ်ဆေးများနှင့် အတူ အိန္ဒိယတပ် ဗိုလ်မှူးကြီး အဂျေး ကျော်သူရီ အား နယ်စပ်အနီးတွင် အိန္ဒိယ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။