အန်ဂျီအို (၂) ခု ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အရေး တောင်ကုတ်မြို့နယ်တွင် ဆောင်ရွက်မည်

အန်ဂျီအို (၂) ခု ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အရေး တောင်ကုတ်မြို့နယ်တွင် ဆောင်ရွက်မည်
by -
နိရဥ္စရာ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်သို့ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်း (အန်ဂျီအို) နှစ်ခု ပထမဆုံး အကြိမ် ၀င်ရောက်ပြီး ကျန်းမာရေးနဲ့ သဘာဝ ပတ်ဝန်းကျင် အရေးတို့ကို ဆောင်ရွက်နိိုင်ဖို့ လေ့လာ ဆန်းစစ်မူတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

Plan-Myanmar

၀င်ရောက်လာတဲ့ အန်ဂျီအိုတွေကတော့ Plan Myanmar နဲ့ စွမ်းရည်လူမူ ပရဟိတ တို့ ဖြစ်တယ်လို့ ဦးမင်းအောင်က ပြောပါတယ်။

အဲဒီအန်ဂျီအိုတွေဟာ အဓိက အချက် ၄ ချက်ကို အခြေခံပြီး တောင်ကုတ်မြို့နယ် အတွင်း လုပ်ဆောင်မှာ ဖြစ်တဲ့ အကြောင်း တောင်ကုတ်မြို့နယ်က ကျေးရွာသားတွေနဲ့ တွေ့ဆုံစဉ်မှာ ရှင်းပြ ပြောဆိုတယ်လို့ သိရပါတယ်။

အဲဒါတွေကတော့ မိခင်နဲ့ မွေးကင်းစ ခလေး ကျန်းမာရေး ကိစ္စ၊ ၅နှစ်အောက် ခလေး သူငယ်များ ဖွံ့ဖြိုးရေး ကိစ္စ၊ သဘာဝ ဘေးအန္တရယ် ကြိုတင် ကာကွယ်ရေး ကိစ္စ၊ သဘာဝ ပတ်ဝန်းကျင် သန့်ရှင်းရေးနဲ့  သောက်သုံးရေ ရရှိရေး ကိစ္စတို့  ဖြစ်ကြပါတယ်။

အဲသလို ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်ပြီး ဒေသခံ ပြည်သူတွေနဲ့ တွေ့ဆုံပြီး  လိုအပ်တဲ့ အချက်အလက်တွေ၊ သိလိုတဲ့ အကြောင်းအရာတွေကို ကိုယ်တိုင် ကွင်းဆင်းတွေ့ဆုံ  မေးမြန်း စုံစမ်းသွားတယ်လို့ သိရပါတယ်။

အဲဒီ ကွင်းဆင်း စုံစမ်းရာမှာ မေလ ၄ ရက်နေ့မှာတော့ ဖေါင်းခါးကျေးရွာ၊ ပန်းတင်း ငမောက်ချောင်း ကျေးရွာ၊ ရွာမရွာ၊ ဆားပြင်ရွာ တို့ကိုသွားရောက်ပြီး စစ်တမ်းကောက်ယူကာ မေလ ၅ ရက်နေ့ မှာ တော့ ပဒါရွာ၊ ဇနီရွာ၊ သွေးကျောက်ရွာ၊ ကျေးပင်ရွာ တို့ကို သွားရောက်ပြီး ဒေသခံများ ထံမှ စစ်တမ်း ကောက်ယူ ကြတယ်လို့ ဆိုပါတယ်။

မေလ ၆ ရက် နေ့မှာတော့ ကြိုးကြာကွင်း ကျေးရွာကို သွားရောက်ပြီး စစ်တမ်း ကောက်ယူ သွားကြပြီး မြို့နယ် အုပ်ချုပ်ရေးမှုးရုံး ကိုသွားရောက် နှုတ််ဆက်ပြီး တောင်ကုတ်မြို့ ဒေသဖွံ့ဖြိုးရေး ကော်မတီနဲ့  တွေ့ဆုံကာ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာသွားကြောင်း သိရပါတယ်။

Plan INGO ဟာ အင်္ဂလန်နိုင်ငံမှာ အခြေစိုက်တဲ့ အဖွဲ့ြ ဖစ်ကြောင်း ချမ်းသာတဲ့ နိုင်ငံတွေနဲ့ ဖွဲ့စည်း ထားကြောင်း၊ ဆင်းရဲတဲ့ နိုင်ငံများတွင် ၀င်ရောက်ပြီး လူမှုရေး အကူအညီများ ပေးနေကြောင်း ယခု Plan Myanmar အဖြစ်နဲ့ မြန်မာနိုင်ငံတွင် ၂၀၁၂ က လူမှုဖူလုံရေးနဲ့ ပြန်လည် နေရာ ချထားရေး ပြည်

ပြည်ထောင်စု ၀န်ကြီးနဲ့ နားလည်မှု စာချွန်လွှာ MOUကို လက်မှတ် ရေးထိုးထားကြောင်း ယခု မြန်မာ နိုင်ငံမှာ တောင်ကုတ်မြိုု့မှာ စတင် အခြေချပြီး မြို့နယ်တွင်းမှ ကျေးရွာပေါင်း(၁၀၀) ၀န်းကျင်ခန့်တွင် စီမံချက်များချမှတ်အ ကောင်အထည်ဖေါ် သွားမှာ ဖြစ်တယ်လို့ ပြောဆိုကြောင်း သတင်း ရရှိပါတယ်။

Most read this week