ချင်းကျေးရွာမီးရှို့မှု မီဇိုရမ် NGOs များပြစ်တင်ရှုတ်ချ

ချင်းကျေးရွာမီးရှို့မှု မီဇိုရမ် NGOs များပြစ်တင်ရှုတ်ချ
by -
ခိုနူမ်းထုန်

ဧပြီလ ၂၉ ရက်နေ့က မီဇိုရမ်ပြည် နယ် Champhai ခရိုင်ရှိ Saikhumphai ကျေးရွာ၏ စာသင်ကျောင်းနှင့် ဘုရားကျောင်းကလွဲပြီး လူနေ အိမ် ၄၀ ကို Vaphai ကျေးရွာလူထုမှ မီးရှုခဲ့ သည့်အပေါ် မီဇိုရမ် NGOs များက ပြစ်တင် ရှုတ်ချခဲ့ကြသည်။

ယခုကဲ့သို ့ မီးရှုခံလိုက်ရသည့်အတွက် လူဦးရေ ၂၀၀ ကျော်မှာ စားဝတ်နေရေး အလွန်အခက်အခဲ ကြံုတွေ့ကြရပြီး မီးရှို ့လိုက်သည့် အပေါ် မီဇိုရမ်ပြည်နယ်ရှိ NGO အသီးသီးက မီဇိုရမ် အစိုးရနှင့် Vaphai လူထုအား ပြစ်တင်ရှုတ်ချလိုက်ကြသည်။

Vaphai-21

အခုအချိန်တွင် ဒုက္ခရောက်နေသည့် Saikhum phai ကျေးရွာလူထုကို Farkawn ကျေးရွာရှိ Young Mizo Association (YMA) ဦးဆောင်မှုဖြင့် ဆန် ၁၇ အိတ်၊ စောင် (blanket) ၄၆ စောင်၊ တခြားအဝတ်အစားများကို ၄၀၇ ကားတစ်စီး စာ ထောက်ပံ့ခဲ့ကြောင်း၊ ထို ့အပြင် အာလူး၊ ပဲ၊ ကြက်သွန် စသည်များနှင့် ငွေသား ၂၃၀၀၀ ရှုပီး ကို ဧပြီလ ၃၀ ရက်နေ့တွင် ချက်ချင်းကူညီခဲ့ကြောင်း ဒေသထုတ် သတင်းစာတွင် ဖော်ပြခဲ့သည်။

မီဇိုရမ်ပြည်နယ်၊ Champhai District အုပ်ချုပ်ရေးကလည်း အခုလို အဖြစ် မျိုးနောက်ထပ် မဖြစ် ရလေအောင် Vaphai နှင့် Saikhumphai ကျေးရွာ တဝိုက်တွင် လူ ၅ ဦးထက်ကျော်လွန်ပြီး စုစည်း ခွင့်ကို ပိတ်ပြင် ထား ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်တွင် အခြေစိုက်သော Human Rights and Law Network (HRLN) ကလည်း Saikhumphai ကျေးရွာရှိ အိမ်ခြေ ၄၀ ကျော် မီးရှုလိုက်သည့် ကိစ္စနဲ့ ပတ်သက်၍ စိတ်မကောင်းဖြစ်မိကြောင်း နှင့် မီဇိုရမ်အစိုးရက လုပ်သင့်လုပ် ထိုက်သည့် ကိစ္စများကို လုပ်ဆောင် ရန်ပျက်ကွတ်သောကြောင်း ယခုကဲ့ လူရာချီ ဒုက္ခရောက်နေကြကြောင်း ထုတ်ပြန်ပြောဆိုလိုက် သည်။

Mizoram Bar Association အဖွဲ့ကလည်း မီဇိုရမ်အစိုးရကို ပြစ်တင်ပြီး Vaphai လူထု၏ လုပ်ရပ်ကို အဆုံးထိတိုင် ကန့်ကွက်သွား မည်ဖြစ်ကြောင်း ထုတ်ပြန် ပါသည်။

Saikhumphai ကျေးရွာ မီးရှို .ဖျက်ဆီးလိုက်ခြင်း နှင့်ပတ်သက်ပြီး Champhai ရဲဌာနက အမှုပေါင်း များစွာ ဖွင့်ထားသည်ဟု သိရသော်လည်း ယခုအချိန်အထိ တရားခံ တဦးတယောက်မျှ ဖမ်းဆီးခြင်း မရှိသေးကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ရှိ လွတ်တော်အမတ်ဟောင်းများအဖွဲ့ဖြစ်သည့်  Former Legislators Association of Mizoram (FLAM) အဖွဲ့က လည်း Vaphai လူထုဖက်မှ မည်သို ့ပင် မှန်ကန် သည်ဖြစ်စေ အခုလို အဖြစ်ဆိုးကြီး ဖြစ်လာသည်အထိ မလုပ်ဆောင် သင့်ကြောင်း ဝေဖန်ပြော လိုက်ကြသည်။

Mizo Zirlai Pawl (MZP) က ဒုက္ခရောက်နေသည့် ဒုက္ခသည်များကို အစိုးရမှ ချက်ချင်း အကူ အညီပေးသွားရန် တိုက်တွန်းပြီး Vaphai အာဏာပိုင်များအား အခုလိုနောက်ထပ် မဖြစ်လာရေး အတွက် တောင်းဆိုလိုက်သည်။

သို ့သော် မီဇိုရမ်တွင် အကြီးမားဆုံး NGO ဖြစ်တခုသည့် Central YMA ကမူ ယင်းကိစ္စနှင့် ပတ်သက်ပြီး တစုံတခုမျှ ဖွင့်ဟပြောဆိုခြင်း မရှိသေးသည့်အတွက် စိတ်မကောင်းဖြစ်မိကြောင်း ဒေသခံများ ကဆိုကြသည်။

ကျေးရွာမီးရှုခံလိုက်ရပြီး အိုး၊အိမ်မဲ့ ဖြစ်သူ လူဦးရေ ၂၀၀ ကျော်သည် လောလော ဆယ်တွင် မီးလောင်ခဲ့သည့် ရွာတွင်ပင် မိုးကာသဲ များဆောက်လုပ် ၍ နေထိုင်နေ ဆဲဖြစ်ကြောင်း၊ ယခု အလှူ ရှင်များမှ ကူညီသည့် အထောက်အပံ့ဖြင့် သာ နေထိုင် လျက်ရှိကြောင်း သိရသည်။

နေအိမ်မီးရှို့ခံရသည့် Saikhumpai ရွာသူရွာသားများသည် ၁၉၆၃ မှစ၍ မြန်မာနိုင်ငံဘက်မှ ပြောင်းရွှေ့လာသည့် ချင်းလူမျိုးများ ဖြစ်သည်။

Most read this week