ဒေါက်တာထွန်းအောင်ကို ထောင် ၆ နှစ် နောက်ထပ် သက်တမ်းတိုး

ဒေါက်တာထွန်းအောင်ကို ထောင် ၆ နှစ် နောက်ထပ် သက်တမ်းတိုး
by -
နိရဥ္စရာ

မောင်တော ဆူပူ အကြမ်းဖက်မူနှင့် ပတ်သက်ပြီး ထောင် ၁၁ ကျော် ချမှတ်ခံထားရသူ ဒေါက်တာထွန်းအောင်ကို နောက်ထပ် ၆ နှစ် ထောင် သက်တမ်း တိုးလိုက်သည်ဟု Burma Campaign UK ၏ သတင်းထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။

မေလ ၂ ရက်နေ့က ထုတ်ပြန်သော ကျေညာချက်တွင် ဒေါက်တာထွန်းအောင်အား လွန်ခဲ့သော နှစ်ပတ်က ယခုကဲ့သို့ ထောင်သက်တမ်း နောက်ထပ် ၆ နှစ်တိုးလိုက်ခြင်း ဖြစ်ကြောင်း ဖေါ်ပြသည်။

ဒေါက်တာထွန်းအောင်အား နိုင်ငံရေးအကျဉ်းသား အဖြစ် Burma Campaign UK က ဖေါ်ပြပြီး သူသည် ယခုအခါ ထောင်ပြစ်ဒဏ် ၁၇ နှစ်ကို ကျခံနေရကြောင်း ဖေါ်ပြသည်။

ယခုအခါ ဒေါက်တာထွန်းအောင်၏ အသက်မှာ ယခုအခါ ၆၅ နှစ်ရှိနေပြီ ဖြစ်သဖြင့် အသက် ၈၁ နှစ်ထိ ထောင်ကျခံရမည်ဖြစ်သည်ဟု ဆိုသည်။

ဗြိတိသျှ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး Hugo Swire MP  မှ ဒေါက်တာထွန်းအောင်အား လွှတ်ပေးရန် မြန်မာအစိုးရ ၀န်ကြီးများအား တောင်းဆိုထားစဉ် ထိုသို့ ထောင်ဒဏ် တိုးလိုက်ခြင်း ဖြစ်ကြောင်း ကျေညာချက်က ဆိုသည်။

ဒေါက်တာထွန်းအောင်အား မောင်တောမြို့နယ်တွင် ပေါ်ပေါက်ခဲ့သော ဆူပူအကြမ်းဖက်မူများနှင့် ဆက်စပ်ပြီး တရားစွဲဆို ဖမ်းဆီးကာ ၂၀၁၂ ခုနှစ် စက်တင်္ဘာလက ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့သည်။

ထောင် ၆ နှစ် နောက်ထပ် တိုးလိုက်ခြင်း အပေါ် နိရဥ္စရာက သီးသန့် အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါ။

Most read this week