ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်

ရခိုင်ပင်လယ်ပြင် ငါးဖမ်းခွင့် ခေတ္တပိတ်မည်
by -
နိရဥ္စရာ

ရခိုင်ကမ်းဝေ ငါးဖမ်းခွင့်ကို ဇွန်လ တစ်ရက်နေ့မှ စတင်ပြီး Closing Season အဖြစ်သတ်မှတ်ကာ ရက်ပေါင်း (၄၅) ရက် တိတိ ပိတ်ထားမည်ဟု ငါးလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

Fishing-Boat-Arakan

“ ဇွန်လ ၁ ရက်နေ့ ကနေ ဇူလိူင်လ ၁၅ ရက်နေ့ထိ ပိတ်မှာပါ။ ကျွန်တော်တို့ ၃လ  တောင်းဆိုထားတာကို တစ်လခွဲဘဲ ဗဟို အစိုးရက သတ်မှတ်ပေးပါတယ်” ဟု ဆိုသည်။

ယခု ပင်လယ်ပြင် ငါးဖမ်းခွင့် ပိတ်ရခြင်းမှာ ငါးမျိုး မပြုန်းတီးရေနှင့် ငါးများ ရှင်သန်ကျက်စားမူ တိုးလာရန် ရည်ရွယ်၍ လုပ်ဆောင်ခြင်း ဖြစ်သည်။

“ အခု သတ်မှတ်ချက်က ကမ်းနီး မပါ၀င်ပါဘူး။ ဒါကြောင့် ဒေသအတွင်းက ငါးဖမ်းသမားတွေ အတွက် မထိခိုက်နိုင်ပါဘူး။ အခု ကမ်းဝေး ပင်လယ်ပြင်မှာ ဖမ်းနေတဲ့ ကုမ္ပဏီကြီးတွေနဲ့ နိုင်ငံခြား ကုမ္ပဏီ အတွက် တားမြစ်ထားတာပါ” ဟု ဆိုသည်။

ယခုကဲ့သို့ ကမ်းဝေး ငါးဖမ်းခွင့်အား ယာယီ ပိတ်ထားမည့် အစီစဉ်ကို ရခိုင် ကမ်းရိုးတန်းတွင်သာမက ဧရာဝတီ၊ မွန်နှင့် တနင်္သာရီတို့တွင်ပါ ပြုလုပ်သွားမည်ဟု သိရသည်။

ရခိုင်ပင်လယ်ပြင်သည် ကျောက်ဆောင်များ ပေါများပြီး ငါးများခိုအောင်းရန် သန္တာကျောက်တန်းများကြောင့် ငါးပေါများကြောင်း သိရသည်။ သို့သော် ရခိုင်ပင်လယ်ပြင်တွင် အမျိုးအမည်မသိသော ငါးဖမ်း သင်္ဘောများဖြင့် နေ့စဉ် ၀င်ရောက် ဖမ်းဆီးနေသဖြင့် ငါးများမှာ တဖြည်းဖြည်းနှင့် ရှားပါးလာသည်ဟု သိရသည်။

Most read this week