လယ်ယာမြေ သိမ်းဆည်းမူ စုံစမ်းရေးကော်မရှင် ရသေ့တောင်တွင် စတင်စစ်ဆေး

လယ်ယာမြေ သိမ်းဆည်းမူ စုံစမ်းရေးကော်မရှင် ရသေ့တောင်တွင် စတင်စစ်ဆေး
by -
နိရဥ္စရာ

လွှတ်တော်က ဖွဲ့စည်းပေးထားသည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမူ ကော်မရှင်သည် ယနေ့တွင် ရသေ့တောင်မြို့နယ်မှ သိမ်းဆည်းခံထားရသော လယ်ယာမြေများကို စတင် စစ်ဆေးနေပြီ ဖြစ်ကြောင်း သိရသည်။

kpru280“ မနေ့က ရသေ့တောင်ကိို ရောက်ပါတယ်။ ဒီနေ့မှာ စေတီပြင်ရွာက နစက တပ်ဖွဲ့က သိမ်းထားတဲ့ လယ်ယာမြေတွေကို စတင် စစ်ဆေးမှာ ဖြစ်ပါတယ်။ လယ်ပိုင်ရှင်တွေကို ရသေ့တောင်ကို ခေါ်ယူထားပြီး ဒီမှာဘဲ စစ်မှာပါ” ဟု ရသေ့တောင်သို့ ရောက်ရှိနေသူ ကော်မရှင်အဖွဲ့ဝင် မြေပုံ မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။

ယခု စစ်ဆေးမူသည် ရခိုင်ပြည်နယ် အတွင်း တတိယ အကြိမ်မြှောက် စစ်ဆေးခြင်း ဖြစ်ပြီး ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တော၊ စစ်တွေမြို့နယ်တို့တွင် စစ်ဆေးသွားမည်ဟု ဆိုသည်။ အချိန်ရပါက မင်းပြားမြို့နယ်သို့ ခရီးဆက်ပြီး စစ်ဆေးသွားမည်ဟု ဆိုသည်။

“ အခု စစ်ဆေးမယ့် ရခိုင်က လယ်မြေ သိမ်းယူမူတွေကတော့ တပ်ကနေ သိမ်းထားတာ များပါတယ်။ အခုဘဲ ဒီလယ်မြေတွေ ကိစ္စကို တပ်ပိုင်းဆိုင်ရာ အရာရှိတွေနဲ့ စကားပြောနေပါတယ်။ အခုဘဲ သူတို့ ပြောတာက တပ်တွေကို သီးစားမချရဘူး။ တပ်နဲ့ ဝေးလွန်တဲ့ နေရာတွေမှာ မြေတွေကို မသိမ်းရတော့  ဘူးလို့ ကကကြည်းက  (အထက်) က ညွှန်ကြားထားတယ််လို့ ပြောပါတယ်။ ဒါကြောင့် တပ်ကနေ ဒီ မလိုအပ်တဲ့ လယ်တွေကို ပြန်ပေးနိုင်မလား။ ပြန်ပေးနိုင်ရင်  လွှတ်တော်ထိ တက်စရာမလိုဘဲ ဒေသ အတွင်းးမှာဘဲ ဖြေရှင်းနိုင်မှာ ဖြစ်တဲ့ အတွက် ဒီကိစ္စတွေကို စကားပြောနေကြပါတယ်” ဟု ဆိုသည်။

ရခိုင်ပြည်အတွက် ဖွဲ့စည်းပေးထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းမူ စုံစမ်းရေး ကော်မရှင် သည် ပထမ အကြိမ်နှင့် ဒုတိယ အကြိမ် စစ်ဆေးတွေ့ရှိချက်များအား လွှတ်တော်တွင် တင်ပြထားပြီဟု ဆိုသည်။ သို့သော်လည်း တစ်စုံတစ်ရာ ဆုံးဖြတ်ချက်များ ထွက်ပေါ်လာခြင်း မရှိသဖြင့် ကော်မရှင် အပေါ် ရခိိုင် လူထုက အယုံအကြည်မဲ့နေကြသည်ဟု သူက ဆိုသည်။

“ ရခိုင်ပြည်နယ်က သိမ်းထားတဲ့ လယ်ယာမြေတွေနဲ့ ပတ်သက်ပြီး နှစ်ကြိမ်တိုင်တိုင် စစ်ဆေး တွေ့ရှိချက်တွေကို ပြည်သူ့ လွှတ်တော်ကို တင်ပြထားပါပြီ။ ဒါပေမယ့် ဆုံးဖြတ်ချက်တွေ ဘာမှ မထွက်လာတဲ့ အတွက် ကော်မရှင် အပေါ် အားမလို အားမရမူနဲ့ ယုံကြည်မူတွေ နည်းနေတာကိုတော့ တွေ့နေရပါတယ်။ ဒါပေမယ့်လည်း တစ်ဘက်မှာလည်း တိုင်ကြားမှုတွေက ထပ်တိုးလာပါတယ်” ဟု ဆိုသည်။

ဗိုလ်မှူးကြီး စိုးရွှေ ဦးစီးသော ကော်မရှင်အဖွဲ့သည် ရသေ့တောင်တွင် သုံးရက်ခန့် နေထိုင်မည် ဖြစ်ပြီး မယူကမ်း ပေါင်းစား၊ ပိုးရီပြင်တွင် ပြဿနာ တက်နေသော လယ်မြေများကိုလည်း စစ်ဆေး သွားမည်ဟု ဆိုသည်။

တတိယ အကြိမ် ဖြစ်သော ယခု အကြိမ် စစ်ဆေးမူတွင် ကော်မရှင်သည် ရသေ့တောင်မြို့နယ်မှ လယ်ယာမြေ အမှု ၂ မှု၊ ကျောက်တော်မြို့နယ်က ၁၂ မှု၊ ပေါက်တောမြို့နယ်က ၁၁ မှုနှင့် စစ်တွေမြို့နယ်က ၄ မှု စုစုပေါင်း လယ်ယာမြေအမှုပေါင်း ၂၉ မှုကို စစ်ဆေးသွားမည်ဟု သိရသည်။

Most read this week