ကရင်နီ လူငယ်သုံးဦးထံ စိတ်ကြွဆေးပြားများဖမ်းမိ

ကရင်နီ လူငယ်သုံးဦးထံ စိတ်ကြွဆေးပြားများဖမ်းမိ
by -
ကန္တာရဝတီတိုင်း(မ်)

ကယား(ကရင်နီ)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ဒီ/ကျေးအုပ်စု တနန်းဥကွယ်ရပ်ကွက်တွင် စိတ်ကြွမူးယစ်ဆေးပြားများနှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ လူငယ် ၃ ဦးဖမ်း မိထားကြောင်း သိရပါတယ်။

ဖြစ်စဉ်မှာ ဧပြီလ ၁၃ ရက်နေ့တွင် ဒီးမော့ဆိုရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်စိန်သောင်းပါ ရဲတပ်ဖွဲ့ဝင်များက တနန်းဥကွယ်ရပ်ကွက်နေ အိမ်အမှတ် (တ/၆၉)တွင် သက်သေများနှင့်အတူ ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ကြရမှာ လူငယ် ၃ ဦးနှင့် စိတ်ကြွမူးယစ်ဆေးပြားများ တွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။

နေအိမ်မှ အိမ်ရှင် ရိုဘဲတိုနှင့်အတူ ကာလစ်စတို (ခ) အားညောင် ထံတွင် ဘောင်းဘီရှည် ယာဘက်ဘေး အပေါ်အိတ်ကပ်အတွင်းမှ အဖြူရောင် ပလပ်စတစ်ဖြင့်ထုတ်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၇ ပြား (၁.၇) ဂရမ် နှင့် စောဇာခရီးစေးအူ ထံတွင် ခရီးဆောင်အိတ်အတွင်းမှ အဖြူရောင်ပလပ်စတစ်နှင့် ထုတ်လျက် WY စာတမ်းပါပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၅ ပြား (၀.၅ ) ဂရမ် နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသော ပလပ်စတစ်ပိုက်တစ်ချောင်း၊ နိုင်ငံသားစိစစ်ရေး ကဒ်တခု၊ ဂက်စ်မီးခြစ်တလုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အိမ်ရှင်ရိုဘဲတို အသက် ၂၄ နှစ် (ဘ) ဦးလယု၊ ကာလစ်စတို (ခ) အားညောင် အသက် ၂၄ နှစ် (ဘ) ဦးရိုဘဲတို နှင့် ဒီးမော့ဆိုမြို့ စည်ပင်သာယာရပ်ကွက်နေ အမှတ် ( စ/၉၅ ) စောဇာခရီးစေးအူ(ခ) စပရယ်ဒီသတ် (ခ) ဖိုးခွားဒို အသက် ၂၂နှစ် ၊  (ဘ) ဦးဂျာရောလာ တို့အား ဒီးမော့ဆိုရဲစခန်းမှ မူးယစ်(ပ) ၂ /၂၀၁၃ ၊ မူးစိတ် ပုဒ်မ ၁၅ / ၁၆ (ဂ) / ၂၁ ဖြင့် ဖမ်းဆီး အရေးယူ ဆောင်ရွက်ထားလျက် ရှိတယ်လို့ သိရပါတယ်။