သမ္မတရုံးဝန်ကြီးနှင့် ကာကွယ်ရေး ၀န်ကြီးတို့ စစ်တွေ မြို့မိ မြို့ဖ ၁၆ ဦးနှင့် တွေ့ဆုံ

သမ္မတရုံးဝန်ကြီးနှင့် ကာကွယ်ရေး ၀န်ကြီးတို့ စစ်တွေ မြို့မိ မြို့ဖ ၁၆ ဦးနှင့် တွေ့ဆုံ
by -
နိရဥ္စရာ

စစ်တွေမြို့ကို  ရောက်ရှိနေတဲ့  သမ္မတရုံး ၀န်ကြီး ဦးတင်နိုင်သိန်းနဲ့  ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချူပ်ကြီး ဝေလွင်တို့ဟာ ဧပြီလ ၁၉ ရက်နေ့ ညနေ ၆ နာရီကနေ ၈ နာရီကျော်ထိ  စစ်တွေ တပ်နယ်ရှိ ရမ္မာဝတီ ခန်းမမှာ စစ်တွေမြို့မိ  မြို့ဖ (၁၆) ဦးကို ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

အဲဒီ အစည်းအဝေးမှာ အဓိက ဘာတွေကို ဆွေးနွေးခဲ့တယ်ဆိုတာကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ဦးသန်းထွန်းကို မေးကြည်တဲ့ အခါ သူက အခုလို ပြောပါတယ်။

(နှစ် ၂၀၀ နီးခန့်ရှ်ိ အင်္ဂလိပ်တို့ တည်ဆောက်ပေးခဲ့သော စစ်တွေ နာရီစင်)

( ဦးတင်နိုင်သိန်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွှင်တို့က မြို့မိ မြို့ဖတွေကို ဒီဘင်္ဂလီတွေနဲ့ ပတ်သက်တဲ့ ပဋိပက္ခ အလွန်ကာလမှာ ဘယ်လိုပုံစံမျိုးနေထိုင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး နည်းနည်း သူတို့ ပြောဆို ဆွေးနွေးတာတွေ ရှိပါတယ် ခင်ဗျား။ ပြောဆို ဆွေးနွေးတာတွေ ရှိတယ်ဆိုတော့ အတူယှဉ်တွဲ နေထိုင်ရေး ဆိုတဲ့ နေရာမှာ ရောယှက် နေထိုင်ရေး မဟုတ်ဘဲနဲ့ လူမျိုးစု တစ်စုနဲ့ တစ်စုကြားမှာ (ဘင်္ဂလီနဲ့ ရခိုင်ကြားမှာ) သီးခြားနေထိုင်ကြဖို့ကိုဘဲ ဆွေးနွေးကြပါတယ်။)

“ ဟုတ်ကဲ့။ သမ္မတရုံး ၀န်ကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတို့က ဘယ်လို သဘောထားမျိုးနဲ့ နေထိုင် စေချင်တယ် လို့ ပြောဆိုပါသလဲ ခင်ဗျား”

( ဟုတ်ကဲ့ပါ။ ကာကွယ်ရေး ၀န်ကြီးရော၊ သမ္မတရုံး ၀န်ကြီးရော ကတော့ ဘင်္ဂလီနဲ့ ရခိုင်တွေဟာ အခုအချိန်မှာတော့  ဘယ်လိုဘဲ ဖြစ်ဖြစ် ဖိအားပေး အတူ ရောယှက်နေထိုင်ခိုင်းရင်လည်း ပြဿနာက မလွဲမသွေပေါ်လာမှာကို သူတို့ သိတဲ့ အတွက်ကြောင့် ဘာခေါ်မလဲဆိုတော့ ရောထွေးနေထိုင်တာမျိုး မဟုတ်ဘဲနဲ့ လူမျိုးစု တစ်စုနဲ့ တစ်စု အကြားမှာ သီးခြားစီ ငြိမ်းငြိမ်းချမ်းချမ်း နေစေချင်တဲ့ ဆန္ဒတွေ ရှိကြပါတယ်။)

“ စစ်တွေမြို့က မြို့မိ မြို့ဖတွေဘက်က သဘောထားက ဘယ်လိုရှိပါသလဲ″

( မြို့မိ မြို့ဖ ဆန္ဒကလည်း အဲဒီအတိုင်းပါဘဲ။ စစ်တွေ မြို့မိ မြို့ဖတွေကလည်း နဂိုကတည်းက ဒီသဘော ထားကို ပေးထားပြီးသားပါ။ ဒီဘင်္ဂလီတွေနဲ့ ရခိုင်တွေဟာ ခုအချိန်မှာ ဘယ်လိုမှ အတူူတူ ရောထွေးနေ ထိုင်လို့ မရတော့တာကြောင့် သူတို့နဲ့ သီခြားစီဘဲ နေလိုတဲ့ ဆန္ဒကို ပဋိပက္ခ ဖြစ်ကတည်းက ရှိတာပါ။ အဲဒီအတိုင်းဘဲ ကျွန်တော်တို့ တင်ပြတယ်။ အဲဒါကိုလည်း ၀န်ကြီးတွေက  စာနာ နားလည်ပါတယ်။)

“ နောက်တစ်ခုကပေါ့လေ သူူတို့ကို အဆောက်အဦးတွေ ဆောက်ပေးမယ်။ အိမ်တွေဆောက်ပေးမယ်ဆို တော့ စစ်တွေမြို့က လူတွေက ၁၉၈၂ ခုနှစ် နိုင်ငံသား အက်ဥပဒေအရ သူတို့ကို စိစစ်ပြီးမှ လက်ခံဖို့ ဆိုတာ တင်ပြ တောင်းဆိုထားတွေ ရှိပါတယ်။ အဲဒါတွေကို ခု အစည်းအဝေးမှာ တင်ပြတာတွေကော ရှိပါသလား”

( ဟုတ်ကဲ့ခင်ဗျား။ ကျွန်တော် ပြောပါမယ်။ သူတို့ကို အခုဆောက်ပေးမယ်ဆိုတဲ့ဟာာက မြေတွေသတ်မှတ်ပြီး  လုံးချင်း အိမ်ယာတွေ ဆောက်ပေးမှာ မဟုတ်ပါ။ သူတို့ကို ဒုက္ခသည် စခန်းတွေမှာလို သတ်မှတ်ပြီး တန်းလျားကြီးတွေ ဆောက်ပေးမှာ ဖြစ်တဲ့ အတွက် ရခိုင်တွေဘက်က ဒီကိစ္စ အပေါ် ကန့်ကွက်စရာ မရှိပါဘူး။)

“ ဒီနေ့ လုပ်တဲ့ အစည်းအဝေးမှာ ပေါ့လေ ဘာတွေ ထူးခြားမူတွေ ရှိပါသလဲ။ မှတ်မှတ်ရရ ဘာတွေ ထူးခြားမူတွေ ရှိတယ်လို့ ထင်ပါသလဲ”

( မှတ်မှတ်ရရ ထူးခြားမူ ရှိတာကတော့ စစ်တွေမြို့ပေါ်မှာ မကြာခင် လဝက ကနေ လူဦးရေ စာရင်း ကောက်မယ့် အစီအစဉ်ရှိတယ်လို့ သူတို့ တင်ပြ ပြောဆိုပါတယ်။ လဝက စကားနဲ့ ပြောရင် ဆွဲတင်စစ်လို့ ခေါ်တာပေါ။ ဆွဲတင်စစ်ကို မကြာခင် လုပ်မယ်လို့ ပြောပါတယ်။)

“ စစ်တွေမြို့မိ မြို့ဖ ဘက်က တက်ရောက်ခဲ့တဲ့သူတွေကို ပြောပြလို့ ရပါမလား”

( ရပါတယ်။ ဦးသာပွင့်၊ ဦးအောင်ကျော်သာ၊ ဦးသန်းထွန်း၊ ဦးရွှေကျော်သာ၊ ဦးလှသာထွန်း၊ ဦးစံကျော် အပါအဝင် ၁၆ ဦး တက်ပါတယ်။)

“ စစ်တွေမြို့မိ မြို့ဖဘက်က တင်ပြတာတွေကို မရှိဘူးလား ခင်ဗျား”

( ရခိုင်မြို့မိ မြို့ဖဘက်က လိုချင် တာတွေနဲ့ တင်ပြခဲ့တာတွေကတော့  ရခိုင်တွေနဲ့ ဒီဘင်္ဂလီတွေဟာ ဘယ်လိုမှ ခုချိန်မှာ အတူနေထိုင်လို့ မရတာကြောင့် အတတ်နိုင်ဆုံး လောလောဆယ် လိုအပ်တဲ့ အချိန် ကာလ အတိုင်းအတာ တစ်ခုထိ ခွဲခြားထားခြင်း ဟာ ပဋိပက္ခ ထပ်မံ မဖြစ်ပွားဖို့  အတွက် အကောင်းဆုံး  ကိစ္စလို့ တင်ပြပါတယ်။ ပြန်ပြောရရင် ခွဲခြားထားတာဟာ အခုအချိန်မှာ အကောင်းဆုံး ဖြစ်ပါတယ်။  ဒါ့ပြင် အခုအချိန်မှာ ဘင်္ဂလီတွေဟာ အကြမ်းဖက်မူတွေ ထပ်မံ ပြန်လည် လုပ်ဆောင်လာနိုင်တယ် ဆိုတဲ့သတင်း တွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ အတွက်ကြောင့်  စစ်တွေမြို့မိ မြို့ဖတွေက လုံခြံုရေးကို တင်းတင်းကျပ်ကျပ် စီမံဆောင်ရွက်ပေးဖို့  တောင်းဆိုတာတွေ ရှိပါတယ်။ စစ်တွေ မြို့လယ်ကောင် တည့်တည့်မှာ ရှိတဲ့ အင်ဘာလာ ရပ်ကွက် ကြောင့် အချိန်မရွှေး ပြဿနာတွေ ဖြစ်လာနိုင်တဲ့ အတွက် အစိုးရ ၀န်ကြီးများ အနေဖြင့် စဉ်းစားပေးသင့်တယ်လို့ တင်ပြကြပါတယ်။ အဲဒီရပ်ကွက်သာ မရှိရင် ရခိုင်နဲ့ ဘင်္ဂလီတွေ အကြား ပဋိပက္ခတွေ အလွန် နည်းသွားနိုင်တယ်လို့ တင်ပြကြပါတယ်။)

(အင်တာဗျူးတွင် ဖြေဆိုထားသည့် အတိုင်း တင်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။)

Most read this week