ထောင် (၉) နှစ် ချခံထားရသူ ရခိုင်ကျောင်းသားလူငယ် အဖွဲ့ထဲမှ ကိုရဲထက်စိုး အင်းစိန်ထောင်မှ လွှတ်မြောက်လာ

ထောင် (၉) နှစ် ချခံထားရသူ ရခိုင်ကျောင်းသားလူငယ် အဖွဲ့ထဲမှ ကိုရဲထက်စိုး အင်းစိန်ထောင်မှ လွှတ်မြောက်လာ
by -
နိရဥ္စရာ

အမူတွဲ (၃)  ခုဖြင့် ထောင် (၉) နှစ်ထိ ချမှတ်ခံထားရသူ ရခိုင်ကျောင်းသား လူငယ် အဖွဲ့မှ ကိုရဲထက်စိုးသည် ယနေ့တွင် အင်းစိန်ထောင်ထဲမှ လွှတ်မြောက်လာခဲ့သည်။

ထောင် (၉) နှစ် ချခံထားရသူ ရခိုင်ကျောင်းသားလူငယ် အဖွဲ့ထဲမှ ကိုရဲထက်စိုး အင်းစိန်ထောင်မှ လွှတ်မြောက်လာ

“ လွှတ်လာတယ်ဆိုတော့ အတိုင်းအတာ တစ်ခုထိ ၀မ်းသာတာပေါ့။ ပြောစရာ စကားရှာမရအောင်ထိ ပါဘဲ” ဟု ထောင်ထဲမှ လွှတ်လာသူ ကိုရဲထက်စိုးက နိရဥ္စရာသို့ ပြောသည်။

စစ်တွေ ကွန်ပျူတာ တက္ကသိုလ်မှ ကျောင်းပြီးထားသော ကိုရဲထက်စိုးသည် တစ်ခြား ရခိုင်လူ (၁၁) နှင့် အတူ ၂၀၀၃ ခုနှစ်က အမူ (၃) ခုနှစ် တရားစွဲဆိုခံရပြီး ထောင် (၉) နှစ် ချမှတ်ခံခဲ့ရသည်။

“ ကျွန်တော်ကို အသင်းအဖွဲ့ ပုဒ်မ (၇)၊ ဖေါက်ခွဲ မူ ပုဒ်မ (၅)၊ လျှပ်စစ် ဥပဒေ ပုဒ်မ ၆ (၁) နဲ့ ထောင်ချ တာပါ။ စုစုပေါင်း ၉ နှစ်မှာ ထောင်ထဲမှာ သုံးနှစ်ကျော်ထိ နေခဲ့ရပါတယ်” ဟု သူက ဆိုသည်။

ကိုရဲထက်စိုးသည် မြေပုံမြို့နယ် ကမ်ထောင့်ကြီးဇာတိ ဖြစ်ပြီး ထောင်ထဲက လွှတ်လာပြီး နောက်ပိုင်းရခိုင် လူထု အတွက် လူမူရေး လုပ်ငန်းများတွင် ပါ၀င် လုပ်ကိုင်သွားမည်ဟု ဆိုသည်။

အလားတူ နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရသူ သရက်ထောင်ထဲမှ ရခိုင်ကျောင်းသား လူငယ် ကိုနိုင်စိုး လည်း လွှတ်မြောက်လာကြောင်း သတင်း ရရှိသည်။ သို့သော်လည်း အတည်ပြုနိုင်ခြင်း မရှိသေးပါ။

ယနေ့ အင်းစိန်ထောင်မှ လူ (၁၀) ဦး လွှတ်မြောက်လာပြီး ထိုအထဲတွင် ၀လူမျိုး နှစ်ဦး၊ နိုင်ငံခြားသား (၂) ဦး လွှတ်မြောက်လာသည်ဟု သိရသည်။  နိုင်ငံရေး အကျဉ်းသား (၆) ဦး လွှတ်မြောက်လာပြီး ထိုအထဲတွင် ဇော်မင်း၊ နေမျိုးသူရ၊ စိုင်းအောင်ကျော်တို့ ပါ၀င်ကြောင်း သိရသည်။

Most read this week