ချင်းပြည်နယ်မြို့တော်ဟားခါးမြို့မှ ၁၄ မိုင်အကွာတွင် ကားတစီးတိမ်းမှောက်ခဲ့ရာ ဟားခါးမြို့နေ၊ ဆတ္တားဇာတိ ဖြစ်သူ ကားပိုင် ဒရိုင်ဗာ Heinawnkio ( 38) သေဆုံးပြီး ခရီးသည် ၁၄ ဦး ဒါဏ်ရာရရှိသည်ဟု ကြားသိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၀ ရက်နေ့ ည ၈းဝဝ နာရီခန့်က ဟားခါးမြို့မှ ဆတ္တားရွာသို့ သွားသည့် ၀ ဥ တင်ဆောင်သော ဒေသအခေါ် Haimual Jeep ကားတစီးသည် ကားလမ်းပေါ်တွင် ယုန်ကို တွေ့ပြီး ရှောင်ရာမှ ကားလမ်းအောက် သို့ ထိုး ကျခဲ့ခြင်းဖြစ်ပြီးသည်။
The Hakha Post သတင်းအရ ဒရိုင်ဗာသည် ဟားခါးဆေးရုံသို့ သယ်ဆောင်လာစဉ် လမ်းခုလပ်တွင် သေဆုံးသွားသည်။
လူနာများမှာ ဟားခါးမြို့နယ် ဖိုင်ဇောင်းရွာမှ Pu Siang Tum၊ Pu Lian Kham၊ Pi Ni Men Zing နှင့် ၄င်း၏ ကလေးငယ်၊ ခွါပီးရွာမှ Pu Tin Cung၊ Pu Zung Ki၊ Pu Tha Peng၊ အမျိုးသမီးငယ် Far Hlei Sung၊ Pi Tial Sam၊ Pu Cung Lian၊ Pi Ni Ci ၊ Pi Thla Sui, ဆူးရ်ခွါး ရွာမှ Dawt Cin Sung အနှင့် ၄င်း၏ သားငယ် တဦးနှင့် သမီးငယ်တဦး တို့ဖြစ်ကြသည်။
လူနာတွေကို ဘာသာရေးပွဲတခုမှ ပြန်လာသည့် ခရီးသည်ကားများက ဟားခါးဆေးရုံသို့သယ်ဆောင်လာကြ သည်ဟု သိရသည်။
ယခုလ ရ ရက်နေ့ကလည်း မင်းတပ်မြို့မှ ၀မ္မသူးရွာသို့ ခရီးသည် ၁၁ ဦးတင်ဆောင်သည့်ကားတစီးက မင်းတပ်မြို့အလွန် ၁၆ မိုင်အကွာတွင် တိမ်းမှောက်ခဲ့ရာမှာ ခရီးသည် ၄ ဦး သေဆုံးပြီး ရ ဦး ဒါဏ်ရာရရှိသည်။
ချင်းပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးခက်ခဲကြမ်းတမ်းသည့် ဒေသဖြစ်ပြီး နှစ်စဉ် ကားမှောက်မှု များပြားနေကြောင်း၊ အထူးသဖြင့် မိုးရာသီတွင် ပိုမိုဖြစ်ပွားကြောင်း ပြောကြသည်။