မိတ္ထီလာနှင့် မြန်မာနိုင်ငံအခြားဒေသများတွင် မကြာသေးမီက ဖြစ်ပွါးခဲ့သော အဓိကရုဏ်းများသည် တိုင်းပြည်အဘို့ စမ်းသပ်ချိန်ကာလတခုကို ဖြတ်သန်းနေရချိန်ဖြစ်ကြောင်း နောက်တကြိမ် ထပ်မံ ပြသလိုက်ခြင်းပင် ဖြစ်သည်။
တိုင်းပြည်ကို ပြင်ပ ကမ္ဘာသို့ တံခါးဖွင့်ပေးလိုက်အပြီး မကြာမီအချိန်အတွင်းမှာပင် ထိုသို့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ မြန်မာနိုင်ငံတွင် အဘယ်ကြောင့် ဖြစ်ပွါးခဲ့သနည်း ဆိုသည်ကို သိလိုသူတဦးအဘို့နောက်ကွယ်တွင် ဖြစ်ပေါ်နေသော အကြောင်းအချက်များကို စေ့ငုကြည့်ဘို့ လိုအပ်မည် ဖြစ်သည်။
ပထမအချက်မှာ မြန်မာနိုင်ငံသား အများစုသည် ဗုဒ္ဓဘာသာ ကိုးကွယ်ကြသူများ ဖြစ်ပြီး (သဘောရိုးဖြင့်) ဘာသာရေးကိုင်းရှိုင်းကာ သူတို့၏ ကိုးကွယ်ယုံကြည်မှုကို လူသိရှင်ကြား ပြုလုပ်လိုသူများ ဖြစ်သည်။ သို့သော် အခြား လူ့အဖွဲ့အစည်းများမှာ ကဲ့သို့ပင် အမျိုးသားရေး အစွန်းရောက်များနှင့် ဘာသာရေး အစွန်းရောက်များက တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်ကို သူတို့အကျိုးအတွက် အသုံးချလိုကြသည်။ ပြုပြင်ပြောင်းလဲရေး ကာလအတွင်း မိမိတို့၏ဆိုုင်ရာနေရာ ရရှိရေးအတွက် အသုံးချလိုကြသည်။ ယင်းအချက်သည် အတိုက်အခံ နိုင်ငံရေး ပါတီများ၊ စီးပွါးရေးသမားများ၊ လက်နက်ကိုင် တိုင်းရင်းသားအုပ်စုများ၊ စစ်တပ်တို့အတွက်လည်း ဒီအတိုင်းပင်ဖြစ်ပြီး ထိုအထဲတွင် ပုဂ္ဂလိက မီဒီယာများလည်း မလွတ်ပါ။
နှစ်ပေါင်းများစွာ နစ်နာဆုံးရှုံးမှုများကို ထွေးပွေ့ထားခဲ့ရပြီးနောက် ဤအာဏာအဆောက်အအုံကို ပစ်မှတ်ထား တုံ့ပြန်နိုင်သည်မှာလည်း ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ဖိနှိပ်သော စစ်အစိုးရ လက်အောက်တွင် ကမ္ဘာနှင့် အဆက်ဖြတ်ထားခံရကာ တံခါးပိတ် လူ့အဖွဲ့အစည်းအတွင်း ဆယ်စုနှစ်ပေါင်း များစွာ နေထိုင်ခဲ့ရသော ပြည်သူများအဘို့ အသစ် တွေ့ရှိလာသော လွတ်လပ်မှုကို ကျင့်သုံးလိုကြသည် သာ ဖြစ်သည်။ နှစ်ပေါင်းများစွာ နစ်နာဆုံးရှုံးမှုများကို ထွေးပွေ့ထားခဲ့ရပြီး နောက် ဤအာဏာအဆောက်အအုံကို ပစ်မှတ်ထား တုံ့ပြန်နိုင်သည်မှာလည်း ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ဤအာဏာ အဆောက်အအုံ ဆန့်ကျင်ရေး စိတ်ဓါတ်ကို ဖော်ပြရာ၌ မူဆလင် ဆန့်ကျင်ရေး စိတ်ဓါတ်ကို မြန်မာ ရဟန်းတော် အစုအဖွဲ့လေးတချို့က နည်းအမျိုးမျိုးဖြင့် အသုံးချ ဦးဆောင်သွားခဲ့ကြခြင်းပင် ဖြစ်သည်။ ၂၀၀၇ ခုနှစ်၊ သံဃာတော်များ၏ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကို စစ်အစိုးရက ရက်ရက်စက်စက် နှိမ်နင်းခဲ့ခြင်းနှင့် လက်ပံတောင်း ကြေးနီစီမံကိန်း ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွဲခဲ့ခြင်းအပေါ် သံဃာတော် အများအပြားက ဒေါသထွက်နေကြဆဲ ဖြစ်သည်။
နောက်ထပ် အချက်တခုမှာ ပြည်သူအချို့အတွင်း ပညာရည် ဗဟုုသုုတနိမ့်ကျခြင်းနှင့် စားဝတ်နေရေး အခက်အခဲများကြောင့် သူတို့ကို အလွယ်တကူ စည်းရုံးလှုံ့ဆော်၍ ရနေခြင်းပင် ဖြစ်သည်။
ထိုသို့ အဓိကရုဏ်းများ ဖြစ်ပွါးလာသည့်အခါ အရပ်သား အစိုးရတရပ်အနေဖြင့် မည်သို့မည်ပုံ ကိုင်တွယ်ရမည် ဆိုသည်ကို အစိုးရအနေဖြင့် ကောင်းကောင်းသဘောမပေါက် ဖြစ်နေခြင်းပင် ဖြစ်သည်။ (အနိမ့်ဆုံးအားဖြင့် ထိုအချိန်က ကောင်းကောင်း သဘောမပေါက်ခဲ့ခြင်းပင် ဖြစ်သည်။)
မှန်ပါသည်။ အစိုးရထဲမှ အချို့သော ဆိုးသွမ်းသူ အစိတ်အပိုင်းတချို့က အစွန်းရောက် အမျိုးသားရေး ဝါဒီများ
သော်လည်းကောင်း၊ ထိုအဓိကရုဏ်းများကို မိမိတို့ကိုယ်ကျိုးအတွက် အသုံးချလိုသူများ သော်လည်းကောင်း၊
နိုင်ငံရေး အကျိုးအမြတ်အတွက် သော်လည်းကောင်း အသုံးချလိုသူများ ရှိနိုုင်ပါသည်။ သို့သော် အစိုးရ တခုလုံးအနေဖြင့် သော်လည်းကောင်း၊ လုံခြံုရေး တပ်ဖွဲ့များအနေဖြင့် သော်လည်းကောင်း ထိုသို့သော အဓိကရုဏ်းများကို မည်သို့ ကိုင်တွယ်ရမည် ဆိုသည်ကို မသဲမကွဲ ဖြစ်နေခဲ့သည်မှာလည်း အမှန်ပင် ဖြစ်သည်။ ထိုကဲ့သို့ တုံ့ပြန်မှုမျိုးကို လွန်ခဲ့သောနှစ် ရခိုင်ပြည်နယ်တွင် ဖြစ်ပွါးခဲ့သော အရေးအခင်းများ တွင်လည်း တွေ့ခဲ့ရသည်။ ထိုကဲ့သို့သော အခြေအနေမျိုးကို ထိုနည်းဖြင့် ကိုင်တွယ်ရန်မှာ မမှန်ကြောင်း အစိုးရအနေဖြင့်လည်း သိမြင်လာပြီဖြစ်သည်။
အဖြစ်အပျက်တခု အရေးအခင်းတခုအတွက် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း တရပ်ရပ်ကို ပြစ်တင်ရှုံ့ချရသည်မှာလွယ်ကူပါသည်။ အစုအဝေး အစိတ်အပိုင်းတရပ်ရပ်ကို ပြစ်တင်ရှုတ်ချခြင်းသည်
ပြဿနာအတွက် အဖြေ မဟုတ်ပါ။
မြန်မာနိုင်ငံတွင် ဖြစ်ပွါးနေသော အဖြစ်အပျက်များကို နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် မီဒီယာမှလည်း အနီးကပ်စောင့်ကြည့် လေ့လာ လျက်ရှိကြောင်းကိုလည်း သူတို့ ကောင်းကောင်း သဘောပေါက်ထားပြီး ဖြစ်သည်။
သူတို့ခေါ်ဆိုသည့် `အခြေခံဝါဒီများ´ ပေါ်ပေါက်လာအောင် လုပ်ရန်မှာ မီဒီယာ၏အလုပ် မဟုတ်ပါ။
အစုအဝေးအစိတ်အပိုင်းတရပ်ရပ်ကို ပြစ်တင်ရှုတ်ချခြင်းသည် ပြဿနာအတွက် အဖြေ မဟုတ်ပါ။ အမျိုးသား
ပြန်လည်ရင်ကြားစေ့ရေး တည်းဟူသော လုပ်ငန်းစဉ်ကြီး အောက်တွင် တိုင်းပြည်၏ အသွင်ကူးပြောင်းရေး
ဖြစ်စဉ်တရပ် ဖြစ်ပေါ်နေသည်ဆိုခြင်းကို မျက်ခြည် မပြတ်သင့်ပါ။ ကျနော်တို့ ဘာပဲလုပ်လုပ် တိုင်းပြည်၏ သွားနေသော လမ်းကြောင်း ပြောင်းမသွားရန်နှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး တည်းဟူသော ရည်မှန်းချက်မှ သွေဖည် မသွားရေးကိုသာ အာရုံစိုက် လုပ်ဆောင်သင့်ပါသည်။
အဖြစ်အပျက်တခု အရေးအခင်းတခုအတွက် လူ့အဖွဲ့အစည်း၏ အစိတ်အပိုင်း တရပ်ရပ်ကို ပြစ်တင်ရှုံ့ချရ သည်မှာ လွယ်ကူပါသည်။ ကျွနု်ပ်တို့သာ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး လမ်းကြောင်းကို မျက်ခြည် ပြတ်သွားပါက လက်ရှိ ရရှိနေသော အပြောင်းအလဲများ၊ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ပြန်လည်ရရှိဘို့မှာ နှစ်ပေါင်း အတော်ကြာသွား ပါလိမ့်မည်။
ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တိုင်း၌ စိန်ခေါ်မှုနှင့် စွန့်စားလုပ်ဆောင်ရသည်များ ရှိသလိုပင် အခွင့်အလမ်း များလည်း ရှိနေပါသည်။ တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏ ကောင်းကျိုး ချမ်းသာအတွက် စိန်ခေါ်မှုနှင့် စွန့်စားလုပ်ကိုင်ရမှုများကို နည်းနိုင်သမျှ နည်းပါးစေပြီး အခွင့်အလမ်းများကို များနိုင်သမျှ များအောင်သာ ကျနော်တို့ လုပ်ဆောင်သင့်ပါသည်။ သို့သော် ယင်းသည် အပြောလွယ်သလောက် လုပ်ရန် ခက်လှသည်။
ဘာသာရေးနှင့် လူမျိုးရေး အခြေခံဝါဒီများအတွက် မြန်မာနိုင်ငံတွင် နေရာမရှိကြောင်းကိုသာ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောကြားကြရပါမည်။ မြန်မာနိုင်ငံတွင် မည်သို့သော ခွဲခြားဆက်ဆံခြင်းမျိုးအတွက်မျှ
နေရာမရှိကြောင်းလည်း ပြောဆိုကြရပါမည်။ ဘာသာရေးနှင့် လူမျိုးရေး အခြေခံဝါဒီများအတွက်
မြန်မာနိုင်ငံတွင် နေရာမရှိကြောင်းကိုသာ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ပြောကြားကြရပါမည်။ တိုင်းပြည်တွင်း အဓိကရုဏ်းများကို ကိုင်တွယ်ရာ၌ လုံခြံုရေးတပ်ဖွဲ့များ အနေနှင့် ဘက်မလိုက်ဘဲ လုပ်ငန်းတာဝန်ကို တိတိကျကျ ထမ်းရွက်ကြဘို့သာ လိုကြောင်းလည်း ပြောကြရပါမည်။
မြန်မာနိုင်ငံတွင် မည်သို့သော ခွဲခြားဆက်ဆံခြင်းမျိုးအတွက်မျှ နေရာမရှိကြောင်းလည်း ပြောဆိုကြရပါမည်။
မြန်မာနိုင်ငံသည် တဦးတည်း တစုတည်းအတွက် မဟုတ်ဘဲ ဘာသာစကား ပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ဘာသာတရားပေါင်းစုံ စုစည်းနေထိုင်ရာ လူ့အဖွဲ့အစည်းတရပ် ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံသားများ လက်ခံကြပါသည်။ အများစုက လူနည်းစုကို လေးစားကြရပါမည်။
သို့သော် ပြဿာနာ၏ အရင်းအမြစ်ကို နားလည်ဘို့ မကြိုးစားလျှင် ပြည့်စုံလိမ့်မည် မဟုတ်ပါ။ ကာယကံရှင် အားလုံး သဘောတူညီထားသည့် လမ်းကြောင်းအတိုင်း လိုက်ရန်ကို အာရုံမစိုက်လျှင် တသမတ်တည်း မလုပ်လျှင်လည်း ပြီးပြည့်စုံလိမ့်မည် မဟုတ်ပါ။ ဤပြဿနာများသည် တိုင်းပြည်တွင်းတွင်ကာလကြာမြင့်စွာ ကပင် တည်ရှိနေခဲ့ပြီး နောက်ထပ်လည်း အချိန်အတော်ကြာ ဆက်လက်တည်ရှိနေဖွယ် ရှိပါသည်။ ထို့ကြောင့် ဤပြဿနာများအပေါ် တဆက်တစပ်တည်း၊ တသမတ်တည်း အချိန်အတော်ကြာ လုပ်ကိုင်ဆောင်ရွက်သွားဘို့ လိုပါသည်။
လူအများအပြားက ဒေါ်အောင်ဆန်းစုကြည် ဤအရေးအခင်းများအပေါ် ဘာမျှမပြောဘဲ `မလှုပ်မခြောက်´နေခြင်းကို ဝေဖန်ခဲ့ကြသော်လည်း တိုင်းပြည်အနေဖြင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလမ်းကြောင်း အတိုင်း မယိမ်းမယိုင် ဆက်သွားမှ ဖြစ်မည် ဆိုသည်ကို သူ အသေအချာ သဘောပေါက် ထားသည် ဆိုခြင်းကို ကျနော် ယုံကြည်ပါသည်။ ဤသည်ပင် သူ လုပ်နေသော အလုပ် ဖြစ်ပြီး မြန်မာနိုင်ငံသားများ အတွက ်စံနမူနာပြ လုပ်ရန် သူ ကြိုးစားနေခြင်းလည်း ဖြစ်ပါသည်။
တိုင်းပြည်၏ ပကတိ ဖြစ်ရပ်များအပေါ်လည်း အသိအမှတ်ပြုဘို့ လိုပါသည်။ လက်ရှိအစိုးရသည် အင်အားကြီး မားသော အတိုက်အခံကို ထောင်ထဲထည့်ထားကာ တကောင်ထဲ ပြေးခဲ့သည့်၊ လွတ်လပ် မျှတခြင်းမရှိသော ရွေးကောက်ပွဲဖြင့် တက်လာသည့် အရပ်သား တပိုင်း အစိုးရသာ ဖြစ်သည်။ လက်ရှိအစိုးရ ခေါင်းဆောင် အများအပြားမှာ စစ်ဗိုလ်ဟောင်းများ ဖြစ်ကြသည်။
လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာလည်း ၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းအပြီး ရက်အနည်းငယ်အတွင်း စစ်အစိုးရ ဓားမိုး အတည်ပြုခဲ့သည့် ဖွဲ့စည်းပုံဖြစ်ပြီး လွှတ်တော်တွင် အမတ်နေရာ ၂၅% ကို တပ်မတော်သားများအတွက် သတ်မှတ်ပေးထားရသည့်၊ စစ်တပ်ကို အထူးအခွင့်အရေးများ ပေးထားသော ဖွဲ့စည်းပုံသာ ဖြစ်သည်။ ပြည်ထဲရေးနှင့် ကာကွယ်ရေးဝန် ကြီးဌာနများကိုလည်း တပ်မတော်ကသာ ခန့်ထားခွင့်ရှိပြီး အခြေအနေတချို့ အောက်တွင် စစ်အုပ်ချုပ်ရေးကို ပြဋ္ဌာန်းနိုင်ခွင့်ရှိသည့် ဖွဲ့စည်းပုံသာ ဖြစ်သည်။
လူအများအပြားက ဒေါ်အောင်ဆန်းစုကြည် ဤအရေးအခင်းများအပေါ် ဘာမျှမပြောဘဲ `မလှုပ်မခြောက်´ နေခြင်းကို ဝေဖန်ခဲ့ကြသော်လည်း တိုင်းပြည်အနေဖြင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးလမ်းကြောင်း အတိုင်း မယိမ်းမယိုင် ဆက်သွားမှ ဖြစ်မည် ဆိုသည်ကို သူ အသေအချာ သဘောပေါက် ထားသည်
(ဗြိတိသျှလူမျိုး ခင်ပွန်းသည်နှင့် နိုင်ငံခြားသား သားနှစ်ဦးရှိသည့်) ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့် မပေးသည့် ဖွဲ့စည်းပုံလည်း ဖြစ်ပါသည်။ လက်ရှိဖွဲ့စည်းပုံအရ သူ့ပါတီက ရွေးကောက်ပွဲတွင် အများစု အနိုင်ရစေဦး သူ သမ္မတ ဖြစ်လာခွင့် မရှိပါ။ ယခင် စစ်အစိုးရများ လက်ထက်က နှစ်ပေါင်းများစွာ အပြင်းအထန် နှိပ်ကွပ်ထားခံခဲ့ရခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် အတိုက်အခံ နိုင်ငံရေး ပါတီများ အနေဖြင့် နိုင်ငံရေးအဖွဲ့အစည်းများ အဆောက်အအုံများအဖြစ် ခိုင်မာလာအောင် တည်ဆောက်ကြရပါလိမ့်ဦးမည်။ အဆင့်တိုင်း နေရာတိုင်းတွင် အရည်အချင်း မြှင့်တင်ရေးနှင့် နိုင်ငံရေးသမား ပီသရေး လုပ်ငန်းများမှာ ဦးစားပေး လုပ်ငန်းများ ဖြစ်နေပါသည်။
အစိုးရ အတွင်းနှင့်အပြင်မှာပါ တိုင်းပြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို တစိုက်မတ်မတ် မှန်မှန်ကြီး လုပ်နိုင်ရန်အတွက် ထိုသို့သော စိန်ခေါ်မှုမျိုးကို ထိရောက်စွာ ကိုင်တွယ်သွားလိုသည့် ကြိုးပန်း လိုသည့်သူ အများအပြား ရှိနေသည်မှာ သေချာပါသည်။ ထိုသို့သော ကြိုးပမ်းမှုမျိုးကို ကျနော်တို့ အားပေးဘို့ လိုပါသည်။ မြန်မာနိုင်ငံသည် ဖိနှိပ်ချုပ်ခြယ်သည့် စစ်အစိုးရ လက်အောက်တွင် တင်းတင်းကြပ်ကြပ် ထိန်းချုပ်ထားသော စနစ်တရပ်အတွင်း ဆယ်စုနှစ်ပေါင်း များစွာ နေထိုင်ခဲ့ရသည် ဆိုခြင်းကို မမေ့ဘို့ လိုပါသည်။ ဤအခြေအနေမှ ပြောင်းလဲလွန်မြောက်ရန် အုပ်ချုပ်ရေးသမားများ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ မီဒီယာ စသည့် သက်ဆိုင်သူ ကာယကံရှင် အားလုံးက အချိန်ယူ ကြိုးပမ်းဆောင်ရွက်ကြရ ပါဦးမည်။
ကာယကံရှင် အများအပြားအနေဖြင့်လည်း ထိုအမှောင်ခေတ်မှ လွတ်မြောက်နိုင်ရေး ကြိုးပမ်း လုပ်ကိုင်နေကြသည့် လက္ခဏာနှင့်လုပ်ရပ်များကို ထင်ထင်ရှားရှား တွေ့မြင်နေရပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ကိစ္စရပ်များ၊ အထူးသဖြင့် ယခုကဲ့သို့သော အသွင်ကူးပြောင်းရေး ကြိုးပမ်းမှု ကာလ၌နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် မည်သို့ တုံ့ပြန်သည်၊ ကြားဝင် ဆောင်ရွက်သည် ဆိုသည့် ကိစ္စကိုလည်း ကျနော်တို့ အထူး အလေးဂရုပြုသင့်ပါသည်။ မြန်မာနိုင်ငံအတွက် `တလောကလုံးဆိုင်ရာ စံများ´ သတ်မှတ်ပေးပြီး ထို `စံများ´ အတိုင်း အတင်းအကြပ် လိုက်နာစေသည်ထက် အဆိုပါ စိန်ခေါ်မှုများကို ရင်ဆိုင်ကိုင်တွယ်နိုင်ရန်အကူအညီ ပေးခြင်းကိုသာ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် လုပ်ဆောင်သင့်ပါသည်။
အသွင်ကူးပြောင်းရေး ကာလအတွင်း မြန်မာနိုင်ငံနှင့် မြန်မာနိုင်ငံသားများကို မည်သို့ ကူညီရမည်ဆိုသည်ကို
လေ့လာရန် နားလည်ရန်မှာလည်း နိုင်ငံတကာ အသိုင်းအဝိုင်း အတွက် စမ်းသပ်မှုကြီး တခု ဖြစ်ပါသည်။
စေတနာကောင်း ထားသူများ၏ အကူအညီ အထောက်အပံ့ဖြင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းကိုကောင်းစွာ
ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံကို အခွင့်ပေးသင့်ပါသည်။
အချိန်တို ကာလလေးအတွင်း မြန်မာနိုင်ငံ၌ အပြုသဘောဆောင်သော အပြောင်းအလဲ များစွာကို တွေ့မြင်ခဲ့ရပြီးဖြစ်သည်။ ထိုအပြောင်းအလဲများ ရေရှည်တွင် တည်တံ့ခိုင်မြဲစေရန်နှင့် အောင်မြင်ရန်မှာ အရေးကြီးပါသည်။ သေချာဘို့ လိုပါသည်။