ဘင်္ဂလာဒေချ့်မှ ဟိန္ဒူ ဘုရားကျောင်း တစ်ခုမှ နတ်ရုပ်များ မကြာမီက ဖျက်ဆီး ခံထားရစဉ်။

ဘင်္ဂလာဒေချ့်မှ ဟိန္ဒူ ဘုရားကျောင်း တစ်ခုမှ နတ်ရုပ်များ မကြာမီက ဖျက်ဆီး ခံထားရစဉ်။
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့်နိုင်ငံ ဟိန္ဒူ အဖွဲ့ချုပ် (Bangladesh Hindu Parishad) မှ မြန်မာနိုင်ငံတွင် လူနည်းစု မွတ်ဆလင်များ အပေါ် တိုက်ခိုက်နေမူကို ရှုတ်ချကြောင်း ယမန်နေ့က ကျေညာချက် ထုတ်ပြန်သည်။

Hindu-temple-attacked-Bangladesh

ကျေညာချက်တွင် မြန်မာနိုင်ငံတွင် မူဆလင်များကို တိုက်ခိုက်နေမူ အတွက် ဒေါသထွက်ရကြောင်းနှင့် ၎င်းတိုက်ခိုက်များ အပေါ် ရှုတ်ချကြောင်း ဖေါ်ပြသည်။

မြန်မာနိုင်ငံမှ ဘာသာရေး အစွန်းရောက်သူများ၏ တိုက်ခိုက်မူကြောင့် လူပေါင်း ၄၀ ခန့် သေဆုံးခဲ့ရပြီး ဗလီများနှင့် တစ်ခြား အဆောက်အဦးများ မီးရှို့တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသမီးများနှင့် ကလေးငယ်များ နှိပ်စက်ခံခဲ့ရသည်ဟု ဖေါ်ပြသည်။ သို့အတွက် မိတ္ထိလာနှင့် တခြားမြို့သုံးမြို့တွင် အရေးပေါ် ဥပေဒ ထုတ်ပြန်ခဲ့ရကြောင်း ဆိုသည်။

သူတို့ အဖွဲ့အနေဖြင့် မည်သည့် အကြမ်ဖက်မူကိုမှ မထောက်ခံကြောင်းနှင့် အတူနေ လူမျိုးစုများ အကြား သဟဇာတနှင့် ချစ်ကြည်ရင်းနှီးမူ ရှိရန် လိုအပ်ကြောင်း ဖေါ်ပြသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများ အများဆုံး ချုပ်ငြိမ်းရန်နှင့် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေး လိုအပ်ကြောင်း ဖေါ်ပြပြီး ဘင်္ဂလာဒေချ့်နိုင်ငံတွင်လည်း အလားတူ အတူနေ လူမျိုးများ အကြား သဟဇာ ဖြစ်ရေးနှင့် ပဋိပက္ခများ ချုပ်ငြိမ်းစေလိုကြောင်း ကျေညာချက််တွင် ဖေါ်ပြသည်။

ဘင်္ဂလာဒေချ့်တွင်လည်း လူနည်းစု ဟိန္ဒူလူမျိုးများအား တိုက်ခိုက်မူများ များမကြာမီက ပေါ်ပေါက်ခဲ့ပြီး ဘုရားကျောင်းများ၊ လူနေအိမ်များ မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။ ထိုကဲ့သို့ တိုက်ခိုက်မူများ နောက်ထပ် မဖြစ်ပေါ်ရန် မျှော်လင့်ကြောင်းလည်း ကျေညာချက်တွင် ဖေါ်ပြသည်။

မြန်မာနိုင်ငံတွင် လူနည်းစု မူဆလင်များကို တိုက်ခိုက်နေမူကို ချက်ချင်း ရပ်တန့်ရန်နှင့် နစ်နာခဲ့ရသူများကို လျော်ကြေးပေးရန်လည်း ဘင်္ဂလာဒေချ့် ဟိန္ဒူ အဖွဲ့ချုပ်က သူတို့ ကျေညာချက်တွင် တောင်းဆိုထားသည်။

Most read this week