ခိုနူမ်းထုန် သတင်းဌာနကို ဂျာနယ် ထုတ်ခွင့်ပြုလိုက်ပြီ

ခိုနူမ်းထုန် သတင်းဌာနကို ဂျာနယ် ထုတ်ခွင့်ပြုလိုက်ပြီ
by -
ခိုနူမ်းထုန်

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ပြန်ကြားရေး ၀န်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည် သူ ့ ဆက်ဆံရေး ဦးစီးဌာန (မူပိုင်ခွင့်နှင့် မှတ်ပုံတင် ဌာနခွဲ) မှ ၂၀၁၃ ခုနှစ် မတ်လ (၂၂) ရက်စွဲဖြင့် ခိုနူမ်းထုန် သတင်းဌာန ၏ လစဉ်သတင်း ဂျာနယ် (မြန်မာဘာသာ) အား ထုတ်ဝေ ခွင့်ပြုလိုက်သည်။

ခိုနူမ်းထုန်သတင်းဌာန အယ်ဒီတာဂျေမှိန်း ထန်းစန်းငါ (ဆန်းသဲ) ၏ ၂၀၁၃ ခုနှစ် မတ်လ (၁၃) ရက် စွဲဖြင့် သတင်းဂျာနယ် ထုတ်ဝေခွင့် လျှောက်လွှာကို သက်ဆိုင်ရာ ၀န်ကြီးဌာနမှ စာအမှတ် ၁၈- ၁- ၆၀/ (၂၀၁၃)/ (၂၈၈) ဖြင့် ခွင့်ပြုလိုက် ခြင်းဖြစ်သည်။

Editor-Chief-Editor1

ယင်းခွင့်ပြု ချက်ကို ပြန်ကြားရေးနှင့် ပြည်သူ ့ဆက်ဆံရေး ဦးစီးဌာန၏ ညွှန်ကြားရေးမှူး ကိုယ်စား လက်ထောက် ညွှန်ကြားရေးမှူး ယုယုဝင်းမှ တရားဝင်ခွင့်ပြု လိုက်ပြီး ခိုနူမ်းထုန် သတင်းဌာန၏ ပထမဆုံးအကြိမ် သတင်းဂျာနယ်ကို မေလတွင် စတင် ထုတ်ဝေနိုင်ရန် စီစဉ်ထားသည်။

ယခင် ၁၀ နှစ်ကျော်ကာလက ခိုနုမ်းထုန်မှ အွန်လိုင်းမီဒီယာဖြင့် ချင်းသတင်းတွေကိုဖြန့် ဝေခဲ့ရာမှ ယခု သတင်းဂျာနယ်အဖြစ် ထုတ်ဝေရခြင်းသည် ဆက်သွယ်ရေး အခက်အခဲ ရှိနေသေးတဲ့ ချင်းပြည်သူတွေ အတွက် အဓိက ရည်ရွယ်ခြင်း ဖြစ်သည်။

ခိုနူမ်းထုန် သတင်းဌာနသည် ပြည်တွင်းပြည်ပရှိ ချင်းသတင်းတွေကို အတတ်နိုင်ဆုံးဖေါ်ပြ သွားမှာဖြစ်ပြီး မြန်မာ နိုင်ငံ အနောက််ဘက်ဒေသ အထူးသဖြင့် ချင်းပြည် အတွင်းဖြစ် ပျက်နေသည့် သတင်းတွေ နဲ့ တိုင်းရင်းသား ဒေသသတင်းများကို ဖော်ပြသွားမည့်အပြင် သတင်း မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေးကို အခြားသတင်း ဌာနများနှင့် လက်တွဲလုပ် ဆောင်သွားမည် ဖြစ်သည်။

ပြည်ထေင်စုမြန်မာနိုင်ငံအစိုးရသည် ချင်းသတင်းအဖွဲ့များအနက် Chin world info သတင်း ဂျာနယ် ထုတ်ဝေခွင့်ကို တရားဝင် ခွင့်ပြုခဲ့ပြီဖြစ်ပြီး ယခု ခိုနူမ်းထုန် သတင်းဌာန ၏ သတင်း ဂျာနယ်ထုတ်ဝေခွင့်ကို ဒုတိယအကြိမ် ခွင့်ပြုခြင်း ဖြစ်သည်။

ပထမဦးဆုံးသော ခိုနူမ်းထုန် ချင်းသတင်း ဌာနကို ပြည်ပရောက် ချင်းလူငယ်တစုမှ ၂၀၀၂ ခုနှစ် မတ်လ (၇) ရက်နေ ့တွင် စတင်ဖွဲ ့စည်း ခဲ့ပြီး နိုင်ငံတကာ မြန်မာ့သတင်း (BNI) အဖွဲ့ဝင် လည်းဖြစ်သည်။

ချင်းပြည်နယ်တွင် ခိုနုမ်းထုန် နှင့် ချင်းဝေါလ်အပြင် တရားဝင်ခွင့်ပြုခြင်း မရှိသေးသည့် အင်္ဂလိပ်၊ မြန်မာ နှင့် ဒေသဘာသာ ထုတ်သတင်း အဖွဲ့ ၁၀ ဖွဲ့ရှိသည်။

Most read this week