ရဲသား သုံးဦးကို လွှတ်ပေးရန် ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာန တောင်းဆို

ရဲသား သုံးဦးကို လွှတ်ပေးရန် ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာန တောင်းဆို
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာက ဖမ်းဆီးထားသော ရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦးတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်ဟု သတင်း ရရှိသည်။

ဘင်္ဂလာဒေချ့် ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းမှ တဆင့် ထိုသို့ တောင်းဆိုခဲ့သည်ဟု ဘင်္ဂလီ သတင်းစာများက ဆိုသည်။

BGB

သူတို့ ဖမ်းဆီးခံရသည်မှာ ၁၁ ရက် ရှိလာပြီး နောက်ပိုင်းတွင် သူတို့ လွှတ်မြောက်ရေး အတွက် ဘင်္ဂလာဒေချ့် နိုင်ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာ သံအမတ်ကြီးကို မေတ္တာရပ်ခံ တောင်းဆို ထားခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာ နယ်စပ် နစက တပ်ဖွဲ့မှ  မိမိတို့ အနေဖြင့် ဖမ်းဆီးထားသော ဘင်္ဂလာဒေချ့် နိုင်ငံသား (၄) ဦးကို လွှတ်ပေးရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အထက်အမိန့်ကို စောင့်ဆိုင်းနေရ၍ ကြန့်ကြာနေခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေချ့် နယ်စပ် လုံခြံုရေး တပ်ဖွဲ့ BGB ကို အကြောင်းပြန်ကြားပြီးနောက် မြန်မာ သံအမတ်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရဲသား ၃ ဦး အပါအဝင် ဘင်္ဂလာဒေချ့် နိုင်ငံသား တစ်ဦးတို့သည် မြန်မာနိုင်ငံအထဲထိ လျို့ဝှက် ၀င်ရောက်ပြီး  ဓါတ်ပုံရိုက်ရာမှ မြန်မာ လုံခြံုရေး တပ်ဖွဲ့ နစကမှ ယခုလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့သည်။

Most read this week