ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေချ့်တွင် ထပ်မံ တူးဖေါ်တွေ့ရှိ

ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေချ့်တွင် ထပ်မံ တူးဖေါ်တွေ့ရှိ
by -
နိရဥ္စရာ

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်းရသော ရှေးဟောင်း ဘုန်းတော်ကြီး ကျောင်းတော် တစ်ခုကို ဘင်္ဂလာဒေချ့် ရှေးဟောင်းသုတေသန ဌာနမှ ရှာဖွေ တူး ဖေါ်ရရှိခဲ့သည်။

ကျောင်းတော်ကြီးကို ပါလ မင်းဆက် ဒုတိယ ဓမ္မပါလ မင််း လက်ထက်  အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာသာ ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေချ့် ရှေးဟောင်း သုတေသန ဌာနမှ ပြောသည်။

bk0210

ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ရ ခုမှ ၈ ခုထိ ဘင်္ဂလာ ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ရှိထားပြီး ဖြစ်သည်။

ကျောင်းတော် မြေနေရာအား ၂၀၀၉  ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ရှိခဲ့သော ကျောင်းတော်ကို  Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင်တွင် တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။

၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေချ့်နိုင်ငံမှ လွနှ်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က  ဗုဒ္ဓဘာသာနှင့် ပတ်သက်သော ကျော်ကြားသော ပညာရှင် တစ်ဦး ဖြစ်သူ  Atish Dipankar နေထိိုင်ခဲ့ရာ နေအိမ် အနီးတွင် တည်ရှိသည်ဟု ဆိုသည်။

Most read this week