တရုတ်ကို ရောင်းမယ့် ဂက်စ်ထဲက လျှပ်စစ် မီးပေးမယ့်ကိစ္စ ကျောက်ဖြူလူထု မယုံကြည်

တရုတ်ကို ရောင်းမယ့် ဂက်စ်ထဲက လျှပ်စစ် မီးပေးမယ့်ကိစ္စ ကျောက်ဖြူလူထု မယုံကြည်
by -
နိရဥ္စရာ

တရုတ်ကို ရောင်းမယ့် ဂတ်စ်တွေ အထဲက တချို့ကို ခွဲဝေ ယူပြီး ဂတ်စ်ကာဗိုင်ဒါ စက်ကြီးနဲ့ ရခိုင်ပြည်နယ် ဒုတိယ မြို့တော်  ကျောက်ဖြူမြို့ကို လျှပ်စစ်မီး ပေးမယ်လို့ အစိုးရတာဝန်ရှိသူတွေက ပြောကြားပေမယ့် မြို့လူထုက အယုံအကြည် မရှိဘူးလို့ ဆိုပါတယ်။

K-Pruအခုလို မယုံကြည်တာကတော့ အုပ်ချုပ်သူ  အစိုးရ အဆက်ဆက်ဟာ ခုလို အလိမ်အညာတွေနဲ့ ရခိိုင်လူထုကို ချွေးသိပ်ပေါင်းများနေခဲ့ပြီ ဖြစ်တဲ့ အတွက်ကြောင့်လို့ မြို့ခံ တစ််ဦး ဖြစ်သူ ဦးသန္တာမောင်က ပြောပါတယ်။

ကျောက်ဖြူ စက်မူဇုံ ဥက္ကဌ- အလုပ်သမား ဒုဝန်ကြီး – ဦးမြင့်သိန်းက များမကြာမီက ပြုလုပ်ခဲ့တဲ့ သူရဲ့ ကျောက်ဖြူ ခရီးစဉ် အတွင်းမှာ တရုတ်ကို ရောင်းမယ့် ဂတ််စ်တွေထဲက တချို့ကို ခွဲဝေ ယူပြီး ဂတ်စ် ကာဗိုင်တာ စက်ကြီးနဲ့ ကျောက်ဖြူမြို့ကို လျှပ်စစ် မီး ဖြန့်ဖြူးပေးသွားမယ်လို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အခု ကျောက်ဖြူမြို့မှာလည်း လျှပ်စစ် မီးကြိုးတွေကို တိုးချဲ့သွယ်တန်းနေသလို တရမ်စဖေါ်မှာတွေကိုလည်း တိုးချဲ့ တပ်ဆင်နေတယ်လို့ ပြောပါတယ်။

အရင်က မီးကြိုး အရှည်ဟာ ကျောက်ဖြူမြို့က အပြင်ဘက်ကို ၂မိုင်ခွဲထိသာ သွယ်တန်း ထား ရှိပေမယ့် အခုအခါမှာတော့ ၁၅ မိုင် အရှည်ထိ တိုးချဲ့နေတယ်လို့ မြန်မာ့ လျှပ်စစ်ဓါတ်အား လုပ်ငန်း တာဝန်ရှိသူတွေကို ကိုးကားပြီး ဦးသန္တာမောင်က ဆိုပါတယ်။

အရင်ခေတ်အဆက် ကတည်းက အလိမ် အညာတွေကြောင့် မြို့လူထုကတော့ အစိုးရ အပေါ် သိပ် အယုံအကြည် မရှိသလို ဗမာပြည်က လူတွေလို လျှပ်စစ်မီး မီတာခ တယူနစ် ၃၅ ကျပ်၊ ကျပ် ၅၀ နဲ့ ရမယ် ဆိုတာကိုလည်း အများစု မြို့လူထုက မယုံကြည်ကြဘူးလို့ ပြောပါတယ်။

အခုလို လျှပ်စစ် မီးကြိုးတွေ၊ ထရမ်စဖေါ်မှာတွေ တပ်ဆင်နေပေမယ့်  တယူနစ် ၅၀ ကျပ် အစိုးရစျေးနုန်းနဲ့ ရပီးမှ ရတယ်လို့ ယုံကြည်နိုင်မယ်လို့ သူက  ပြောပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာပြည်ထဲမှာ လျှပ်စစ်မီးတာခ တယူနစ်ကို ပျှမ်းမျှ ကျပ် ၅၀၀ ထိပေးနေရတဲ့  ပြည်နယ် တစ်ခု ဖြစ်ပါတယ်။

ဗမာပြည်မက လူထုတွေကတော့  လျှပ်စစ်မီး တယူနစ်ကို ကျပ် ၃၅ ကျပ်၊ ကျပ် ၅၀ နဲ့ ရနေတဲ့ အချိန်မှာ ရခိုင်လူထုက မီတာ တယူနစ်ကို ကျပ် ၅၀၀ ပေးနေရတာဟာ တိုင်းပြည်တစ်ခုထဲမှာ ပြည်သူ ပြည်သားတွေဟာ တန်းတူ အခွင့်အရေး မခံစားရဘဲ ဖြစ်နေတယ်ဆိုတာကို သက်သေ ပြနေတဲ့ အချက်ဘဲ   ဖြစ်ပါတယ်။

Most read this week