ရဲတပ်သား ၃ ဦး ပြန်လွှတ်ပေးရန် ဘင်္ဂလာဒေချ့်မှ မြန်မာသို့ ငါးကြိမ်မြောက် စာပေးပို့

ရဲတပ်သား ၃ ဦး ပြန်လွှတ်ပေးရန် ဘင်္ဂလာဒေချ့်မှ မြန်မာသို့ ငါးကြိမ်မြောက် စာပေးပို့
by -
နိရဥ္စရာ

မြန်မာ နယ်စပ် လုံခြံုရေး တပ်ဖွဲ့မှ ဖမ်းဆီးထားသော ဘင်္ဂလာဒေချ့် ရဲတပ်ဖွဲ့ဝင် (၃) ဦးနှင့် အရပ်သား တစ်ဦးကို အမြန်ဆုံး  ပြန်လည် လွှတ်ပေးရန် တောင်းဆိုသည့် (၅) ကြိမ်မြှောက် စာကို ဘင်္ဂလာဒေချ့် အာဏာပိုင်များမှ မြန်မာဘက်သို့ ရေးသားပေးပို့လိုက်သည်ဟု သတင်း ရရှိသည်။

ဘီဂျီဘီ အမှတ် (၁၇) နယ်ခြား စောင့်တပ်ရင်းမှ ယမန်နေ့က ၎င်းစာအား ရေးသားပေးပို့ လိုက်ခြင်း ဖြစ်ပြီး ယခုစာမှာ ဘင်္ဂလာဒေချ့် ရဲသားများ ဖမ်းဆီးခံထားရသည့် (၈) ရက်အတွင်း ငါးကြိမ်မြှောက် ရေးသား ပေးပို့သော စာဖြစ်ကြောင်း သိရသည်။

Burma-Bangladesh-300x192

မြန်မာဘက်ကမှ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားမူ မရှိရာမှ သူတို့၏ လုံခြံုရေးအား စိုးရိမ်လာသဖြင့်  ယခုလို စာရေးပြီး တောင်းဆိုခြင်း ဖြစ်ကြောင်း ဘီဂျီဘီ တာဝန်ရှိသူက ပြောသည်။

ယခုအခါ ဖမ်းဆီးခံထားရသူ ဘင်္ဂလာဒေချ့် ရဲတပ်ဖွဲ့ဝင် သုံးဦးအား မည်သည့်နေရာတွင် ဖမ်းဆီးချုပ်နှောင် ထားပြီး မည်ကဲ့သို့အခြေအနေ ရောက်ရှိနေသည်ကို မသိရှိရဘဲ ဖြစ်နေကြောင်း ဘင်္ဂလာဒေချ့်ဘက်မှ ပြောသည်။

မတ်လ ၁၇ ရက်နေ့က ပြုလုပ်သော နှစ်နိုင်ငံ တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် ဘင်္ဂလာဒေချ့်ဘက် မှ ၎င်းရဲသား (၃) ဦးကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း မြန်မာဘက်မှ ဆက်လက် စစ်ဆေး မေးမြန်း စရာများ ရှိနေသေးသည်ဟု ဆိုကာ ဖမ်းဆီးခံ ဘင်္ဂလာဒေချ့် ရဲသားများကို လွဲပြောင်း ပေးရန် ငြင်းဆိုခဲ့သည်။

သို့သော်လည်း စစ်ဆေးပြီးပါက နောက်လာမည့် တပ်မှူး အဆင့် အလံတင် ဆွေးနွေးပွဲတွင် လွှဲပြောင်းပေး မည်ဟု မြန်မာဘက်က ပြောဆိုခဲ့သည်ဟု ဆိုသည်။

ဘင်္ဂလာဒေချ့် ရဲသား (၃) ဦးနှင့် အရပ်သား တစ်ဦးတို့သည် မတ်လ ၁၃ ရက်နေ့က အရပ်ဝတ်များဖြင့်  မြန်မာဘက်သို့ ၀င်ရောက်ပြီး ဓါတ်ပုံရိုက်ရာမှ မြန်မာ နယ်စပ် နစက တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။

Most read this week