သျှမ်း-ကယား ငြိမ်းချမ်းရေးညီလာခံ လားရှိုး၌စတင်

သျှမ်း-ကယား ငြိမ်းချမ်းရေးညီလာခံ လားရှိုး၌စတင်
by -
သျှမ်းသံတော်ဆင့်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း သျှမ်းပြည်နယ် ကယားပြည်နယ် ဆွေးနွေးပွဲကို ယနေ့မနက်က စတင်ရာ မြန်မာအစိုးရဘက်မှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်းလည်း တက်ရောက်ခဲ့ပြီး အစီအစဉ် ၈ ခုဖြင့် ကျင်းပကြောင်း သိရသည်။

လားရှိုး၌ကျင်းပသော သျှမ်း-ကယား ငြိမ်းချမ်းရေးညီလာခံ

မတ်ခ်ျလ ၂၀ ရက် ယနေ့မနက် ၉ နာရီက အခမ်းအနားစတင်ခဲ့ပြီး သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ခွန်ထွန်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ငြိမ်းချမ်းရေးဖော်ဆောင် ရေး လုပ်ငန်းကော်မတီ ဒုဥက္ကဌ ဦးအောင်မင်းမှလည်း စကားပြောကြားခဲ့သည်ဟုဆို၏။

ထို့နောက် ကယားပြည်နယ် လွှတ်တော်ဥက္ကဌ ဦးကျော်ဆွေမှ ပေးပို့သော ငြိမ်းချမ်းရေးသဝဏ်လွှာ ဖတ်ကြားခြင်း၊ ဆွေးနွေး ပွဲကျင်းပရခြင်း ရည်ရွယ်ချက်အား ဖြစ်မြောက်ရေး ကော်မတီဝင်တဦးက ဖတ်ကြားခြင်း၊ ထိုနောက်ပိုင်း ငြိမ်းချမ်းရေးတည် ဆောက်ခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများ ကိုယ်စား ဦးအေးသာအောင်က အမြင်သဘောထားများ တင်ပြခြင်း၊ လက်နက်ကိုင် အဖွဲ့အစည်းများကိုယ်စား သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် နာယက ဒုဗိုလ်ချုပ်ကြီး ဆေထဲန့်က အမြင် သဘောထားတင်ပြပြီး ယနေ့အဖို့ အခမ်းအနားအစီအစဉ် ပြီးဆုံးမည်ဖြစ်ကြောင်း ဆွေးနွေးပွဲဖြစ်မြောက်ရေး၌ ပါဝင်ကူညီသည့် လူငယ်တဦးက ပြောသည်။

လားရှိုး၌ကျင်းပသော သျှမ်း-ကယား ငြိမ်းချမ်းရေးညီလာခံ

အခမ်းအနားကို မတ်ခ်ျလ ၂၂ ရက်နေ့အထိ လားရှိုးမြို့ရှိ လားရှိုးမိုတယ်တွင် ကျင်းပမည်ဖြစ်သည်။ ဆွေးနွေးပွဲတက်ရောက် ရန်အတွက် နိုင်ငံရေးပါတီနှင့် လက်နက်ကိုင် အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့အား ဖိတ်ကြားထားသော်လည်း ၂၁ ဖွဲ့သာတက် ရောက်ခဲ့ကြောင်း အဆိုပါလူငယ်က ပြောသည်။

သို့သော် မည်သည့်အဖွဲ့များမှ တက်ရောက်ရန်ပျက်ကွက်သည်ကို သျှမ်းသံတော်ဆင့်မှအတည်ပြုချက်မရယူ နိုင်သေးပေ။

Most read this week