ပုဏ္ဍားကျွန်း ဆယ်တန်း ကျောင်းသားများ မြို့သစ် အမကသို့ ပြောင်းရွှေ့ စာစစ်မည်

ပုဏ္ဍားကျွန်း ဆယ်တန်း ကျောင်းသားများ မြို့သစ် အမကသို့ ပြောင်းရွှေ့ စာစစ်မည်
by -
နိရဥ္စရာ

ပုဏ္ဍားကျွန်းမြို့ အထက်တန်းကျောင်း မီးလောင်မူကြောင့် တနင်္လာနေ့တွက် ဆက်စစ်မည့် စာမေးပွဲကို မြို့သစ် အမကသို့ ပြောင်းရွှေ့ စစ်ဆေးမည်ဟု သိရသည်။

အထက်တန်းကျောင်းမီးလောင်မူကြောင့် စာသင်ခန်းများ မီးထဲပါသွားရာမှ မြို့သစ် အမကသို့ ပြောင်းရွှေ့ စစ်ဆေးရန် သက်ဆိုင်ရာမှ ထုတ်ပြန် ကျေညာထားကြောင်း ဒေသခံ တစ်ဦး ဖြစ်သူ ဦးထွန်းထွန်းက ပြောသည်။

“ကျောင်းရဲ့ အပေါ်ထပ် အဆောင်က အခန်း နှစ်ခန်းနဲ့ အောက်ထပ် အဆောင်က အခန်း နှစ်ခန်း၊ စုစုပေါင်း လေးခန်း မီးထဲပါသွားပါတယ်။ လာမယ့် တနင်္လာနေ့မှာ ဆက်စစ်မယ့် စာမေးပွဲကို မြို့သစ် အမကကို ပြောင်းရွှေ့ စစ်ဆေးမှာ ဖြစ်ပါတယ်။”

ပုဏ္ဍားကျွန်း မြို့မ အထက်တန်းကျောင်း စနေနေ့ ညဉ့်အစောပိုင်း ၂ နာရီခန့်က မီးထလောင်ရာ မြို့သူ မြို့သားများနှင့် မီးသတ်ဌာနမှ အချိန်မှီ ငြိမ်းသတ်ခဲ့ရသည်။

“မီးလောင်တာနဲ့ ချက်ချင်း မြို့သူ မြို့သားတွေနဲ့ မီးသတ်ကားက ၀ိုင်းဝန်း ငြိမ်းသတ်ပါတယ်။ မီးသတ်ကား ရောက်ပါတယ်။ မီးသတ်ကားတွေ မရောက်လာရင် တစ်မြို့လုံးကို ကူးစက် ပြာကျသွားနိုင်ပါတယ်”  ဟု သူက ဆိုသည်။

ယခု အချိန်ထိ ပုဏ္ဍားကျွန်း မြို့မ အထက မီးလောင်ရသည့် အကြောင်းကို မသိရသေးကြောင်း၊ မီးလောင် မူမှာ ဆယ်တန်းစာမေးပွဲနှင့် တိုက်ဆိုင်နေသဖြင့် ဒေသခံများက အမျိုးမျိုး ဝေဖန် ပြောဆိုလျှက် ရှိနေကြောင်း သိရသည်။

(နိရဥ္စရာ၏ ပထမ ပုဏ္ဍားကျွန်း အထက်တန်းကျောင်း မီးလောင် သတင်းတွင် မီးသတ်ကားများ ရောက်မလာ ဟု ဒေသခံ တစ်ဦးက ပြောဆိုသည်ကို ကိုးကားပြီး သတင်းမှား ဖေါ်ပြမိပါသဖြင့် အထူးတောင်းပန်အပ်ပါ သည်။)

Most read this week