စစ်တွေတွင် သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်းကို “ရက္ခဝံသ ရက္ခိတ” ဆုချီးမြင့်မည်

စစ်တွေတွင် သမိုင်းပါမောက္ခ ဒေါက်တာ အေးချမ်းကို “ရက္ခဝံသ ရက္ခိတ” ဆုချီးမြင့်မည်
by -
နိရဥ္စရာ

ဂျပန်နိုင်ငံ Kanda တက္ကသိုလ် နိုင်ငံတကာ လေ့လာရေးဌာမှ သမိုင်းပညာရှင် ပါမောက္ခ ဒေါက်တာ အေးချမ်းအား ရခိုင်အမျိုးသားများက ဂုဏ်ပြုသည့်အနေဖြင့် “ ရက္ခဝံသ ရက္ခိတ” အမျိုးသာရေးဆိုင်ရာဆုကို  စစ်တွေတွင် ချီးမြင့် မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

လိူင်တက္ကသိုလ်ဝင်း အတွင်းရှိ MICT Park ခန်းမတွင် ဒေါက်တာ အေးချမ်း ရှင်းလင်း ပြောကြားနေစဉ်။ (ဓါတ်ပုံ- Eleven)

ယခုကဲ့သို့ ဒေါက်တာအေးချမ်းအား ဆုချီးမြှင့်ရန် စီစဉ်ရခြင်းနှင့် ပတ်သတ် ပြီးဝံလက်ဖောင်ဒေးရှင်းမှ ခေါင်းဆောင် တစ်ဦး ဖြစ်သူ ဦးသိန်းထွန်းအေးက ယခုကဲ့သို့ ပြောသည်။

“ ပထမတော့ ကျွန်တော်တို့ ၀ံလက်အနေနဲ့ ဆရာကြီးရဲ့ သြဝါဒကို ခံယူလိုတယ်ဆိုပြီး ဖိတ်ထားတာ ဖြစ်တယ်။ နောက် ကျွန်တော်တို့စဉ်းစားတယ်။ ဆရာဟာ အမျိုးသားခေါင်းဆောင် တစ်ဦးလည်း ဖြစ်တယ်။ ဒါကြောင့် ကျွန်တော် တို့ ၀ံလက်က ဆုပေးတာထက် ရခိုင်တမျိုးသားလုံးက ဆုပေးတာ ကောင်းမယ် ဆိုပြီး ရခိုင် စာပေပညာရှင်တွေ သမိုင်းပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဆရာဟာ ပညာရှင် တစ်ဦး ဆိုတာထက် တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ကိုပါ စွန့်ပြီး လုပ်နေတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အတွက် ရက္ခဝံသ ရက္ခိတ ဆိုပြီး  ပညရှင်ဆုပေးဖို့ ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ဒီဆုက ရခိုင် တမျိုးသားလုံးကပေးတာ ဖြစ်တယ်။ ကျွန်တော်တို့ ၀ံလက်က ကမကထလုပ်ပေးတာ သာဖြစ်ပါတယ်” ဟု ဆိုသည်။

ဒေါက်တာအေးချမ်းမှာ ယနေ့ (မတ်လ ၁၅ ရက်နေ့) နံနက်ပိုင်းက ရန်ကုန်တိုင်း ရခိုင် တိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဇော်အေးမောင် နှင့် အတူ ရန်ကုန်မှ တဆင့် စစ်တွေသို့ လေကြောင်း ခရီးဖြင့် ရောက်ရှိလာပြီး စစ်တွေမြို့ မင်းဂံရခိုင် ဒုက္ခသည် စခန်းသို့သွားရောက် ကြည့်ရှုပြီး ဒုက္ခသည်များအား အားပေးစကားပြောကာ ဦးဇော်အေးမောင်မှလည်း အလှူ ငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။

International-Arakan-history-seminar-attandants

မနက်ဖြန်တွင် ပြုလုပ်မည့် ဆုပေးပွဲအစီအစဉ်နှင့် ပတ်သတ်ပြီးလည်း ဦးသိန်းထွန်းအေးက ယခုကဲ့သို့ ဆက်ပြော သည်။

“ပထမတော့ ကျွန်တော်တို့ လူ ၃၀၀ အတွက် အစီအစဉ် လုပ်ထားပါတယ်။ ဒါကို မြို့သူ မြို့သားတွေက ဒီထက် ကျယ်ကျယ််ပြန့်ပြန့်လုပ်ချင်တယ်ဆိုတဲ့ အတွက် မြို့သူမြို့သားတွေကို အခမ်းအနား အစီအစဉ်ကို ကျွန်တော်တို့ လွဲပေးလိုက်ပြီဖြစ်လို့ အခု ပညာလင်္ကာရကျောင်းမှာ အခမ်းအနား အစီအစဉ်တွေ လုပ်နေကြပါတယ်။”

ဆုပေးပွဲ မစတင်မှီ ဒေါက်တာအေးချမ်းမှာ ကွဲကွာနေသော မိသားများနှင့် ပြန်လည် တွေ့ဆုံကြမည် ဖြစ်ပြီး နေ့လည် ၁ နာရီတွင်လည်း စစ်တွေ လူထုနှင့် တွေ့ဆုံကာ ဟောပြောပွဲ ပြုလုပ်မည်ဖြစ်သည်။

ဒေါက်တာအေးချမ်းမှာ မတ်လ ၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မဟိန္ဒတက္ကသိုလ်တွင် ပြင်သစ်နိုင်ငံ အာရှလေ့လာရေး ဌာနမှ ဒေါက်တာဂျက်လိုင်ဒါ၊ နယ်သာလန်နိုင်ငံ ဟိုက်ဂူးဒေသ၊ ဒတ်ချ်ဘာသာစကား အသိအမှတ်ပြု အသင်း၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး လိုက်ဒင်းတက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ စတီဖင်ဗင်ဂ လန်တို့နှင့်အတူ ရခိုင်သမိုင်းဆိုင်ရာများကို ဟောပြောခဲ့ပြီး ယမန်နေ့  (မတ်လ ၁၄ ရက်နေ့) ကလည်း ရန်ကုန်မြို့ ရန်ကုန်မြို့ လှိုင်တက္ကသိုလ်တွင် ရှိသော MICT Park တွင် ရခိုင်သမိုင်းဆိုင်ရာအကြောင်းများ၊ ဘင်္ဂလီ၊ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အကြောင်းအရာ များကို ဟောပြောခဲ့သည်။

Most read this week