ခိုးဝင်ရန် ကြိုးပမ်းသူ မြန်မာ (၇၁) ဦး ထိုင်းဘက်က ဖမ်းဆီး

ခိုးဝင်ရန် ကြိုးပမ်းသူ မြန်မာ (၇၁) ဦး ထိုင်းဘက်က ဖမ်းဆီး
by -
ရွှေဟင်္သာ

မွန်ပြည်နယ် သံဖြူ ဇရပ် -ဘုရားသုံးဆူ လမ်းမှ တဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ရန် ကြိုးပမ်း ခဲ့သည့် မြန်မာနိုင်ငံသား (၇၁) ဦးကို ယမန်နေ့ည သန်းခေါင်ယံ၌ ထိုင်းနယ်စပ် လုံခြံုရေးတပ်ဖွဲ့များက ဖမ်းဆီး လိုက်သည်။

“ကျွှန်တော်တို့ကို ကားပေါ် တင်ထားပြီး သွားဖို့ စောင့်နေ တုန်းမှာ စစ်တပ်ကို တွေ့လို့ ကားမောင်းသမား နှစ်ဦးက ထွက်ပြေးသွားပြီး ကားနှစ်စီးပေါ်မှာ ကျွန်တော်တို့ ချည်းပဲ ကျန်ခဲ့တယ်၊ အဲဒီမှာ အဖမ်းခံ လိုက်ရတာပဲ” ဟု အဖမ်း ခံရသည့် မော့ကနင် ရွာသား တစ်ဦးက ပြောသည်။

ဖမ်းဆီး ရမိသူများတွင် မွန်နှင့် မြန်မာလူမျိုး အများစု ဖြစ်ပြီး ချင်းလူမျိုးများလည်း ပါဝင်၍ ယောကျင်္ား ၅၃ ဦး၊ မိန်းကလေး ၁၈ ဦး အနက် ၅ နှစ်ခန့် ကလေး တစ်ဦး ပါ၀င်သည်။

အထူးသဖြင့် မွန်ပြည်နယ်မော့ကနင်၊ လမိုင်း၊ ကျိုက်မရော၊ မော်လမြိုင်၊ မုဒုံ၊ ဘီလူးကျွန်း ကျေးရွာများမှ အများစု ဖြစ်ကြပြီး ချင်းလူမျိုး ၂၈ ဦး ပါ၀င်ကြောင်း၊ ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနှင့် မလေးရှား နိုင်ငံများသို့ သွားရောက် လုပ်ကိုင် လိုသူများအတွက် မြန်မာအစိုးရက တရားဝင် ပတ်စပို့စ် ထုတ်ပေးရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။

သို့သော် မြန်မာနိုင်ငံသားများ အနေဖြင့် ယာယီပတ်စပို့စ်နှင့် အလုပ်သမား လက်မှတ် ပြုလုပ်ရန် ငွေကြေး မလုံလောက်သည့် ပြဿနာက တရားမဝင် ၀င်ရောက်မှုကို တွန်းအားပေးနေဆဲဟု အလုပ်သမားရေး ဆောင်ရွက်သူများက သုံးသပ်ပြောဆိုသည်။