ဘင်္ဂလားဒေချ့် ရဲသား ၃ ဦးကို မြန်မာ လုံခြံုရေး တပ်ဖွဲ့က ဖမ်းဆီး

ဘင်္ဂလားဒေချ့် ရဲသား ၃ ဦးကို မြန်မာ လုံခြံုရေး တပ်ဖွဲ့က ဖမ်းဆီး
by -
နိရဥ္စရာ

ဘင်္ဂလာဒေချ့် ရဲ တပ်ဖွဲ့ဝင် ၃ ဦး အပါအဝင်  လူ ၄ ဦးကို မြန်မာ နယ်စပ် လုံခြံုရေး နစက တပ်ဖွဲ့မှ ဖမ်းဆီးသွားကြောင်း ဘင်္ဂလီ ဘာသာဖြင့် ရေးသားသည့်  အွန်လိုင်း သတင်းများတွင် ဖော်ပြထားသည်။

bangalesh_ policeဘင်္ဂလီရဲတပ်ဖွဲ့ဝင်များကို မတ်လ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်တွင် မြန်မာ နယ်စပ် အနီးရှီ ဘင်္ဂလာဒေချ့် နိုင်ငံ ဘင်ဒရာဘင်ခရိုင် နတ်ကျောက် ဆိုးရီမြို့နယ် ခေါင်းတုန်းဒေသ နယ်စပ်တွင် သွားလာနေစဉ် ဖမ်းဆီး သွားခြင်း ဖြစ်ကြောင်း www.banglanews24.com တွင် ဖော်ပြ ထားသည်။

ယခု မြန်မာနစက တပ်ဖွဲ့မှ ဖမ်းဆီးသွားသည်ဟု ဆိုသည့် ဘင်္ဂလီ ရဲတပ်ဖွဲ့ဝင်များသည် ကော့စ်ဘဇား (ဖလောင်းချိတ်) ခရိုင်မှ ကော့စ်ဘဇား ရေဒီယို စခန်းတွင် တာဝန် ထမ်းဆောင်နေသူများ ဖြစ်ကြောင်း သတင်းက ပြောသည်။

သူတို့ (၃) ဦးမှာ အိမ္မရင်ဟောဆမ်း၊ အီဖာ့ချောရကာနှင့် ကော့တော့ ပလောင် စခန်းမှ မူဇီဘူရ်ရော်ဟာမန်နှင့် ဒေသခံတစ်ဦးဖြစ်သူ ဆိုင်းဖူလ်း အီဆလင်တို့တို့ဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ဘင်္ဂလာ ရဲတပ်ဖွဲ့ဝင်များ ဖမ်းဆီးခံရခြင်း ကိစ္စနှင့်ပတ်သတ်ပြီး ဘင်္ဂလာနယ်ခြားစောင့်တပ် ဘီဂျီဘီနှင့် မြန်မာနယ်ခြားစောင့်တပ် နစကတို့ အကြား ယနေ့တွင် အလံတင်အစည်းအဝေး ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Most read this week