ထိုင်းနိုင်ငံ မဲဆောက် ရခိုင်သင်္ကြန် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

ထိုင်းနိုင်ငံ မဲဆောက် ရခိုင်သင်္ကြန် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်
by -
နိရဥ္စရာ

(၇) ကြိမ်မြှောက် ထိုင်းနိုင်ငံ မဲဆောက်  ရခိုင် သင်္ကြန်ကို ယခုနှစ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

ထိုသို့ စည်ကား သိုက်မြိုက်စွာ ကျင်းပရန် အတွက်  ရခိုင်သင်္ကြန် ကျင်းပရေး ကော်တီ တစ်ရပ်ကို ဖွဲ့စည်း လိုက်ပြီ ဖြစ််သည်။

ထိုင်းနိုင်ငံ မဲဆောက် ရခိုင်သင်္ကြန် စည်ကား သိုက်မြိုက်စွာ ကျင်းပမည်

မတ်လ ၁၀ ရက်နေ့က မဲဆောက်မြို့ရှိ ရခိုင် အလုပ်သမား ခေါင်းဆောင်များနှင့် အဖွဲ့အစည်းများမှ ခေါင်းဆောင်များ တွေ့ဆုံ ဆွေးနွေးပွဲတွင် ရခိုင် သင်္ကြန် ကျင်းပရေး ကော်မီတီကို ဖွဲ့စည်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ ရခိုင်ပြည်နဲ့ အလှမ်းကွာဝေးတဲ့ နေရာတွေကို ရောက်ရှိနေကြတဲ့ ရခိုင်သူ၊ ရခိုင်သား အချင်းချင်း မိမိတို့ရဲ့ ယဉ်ကျေးမှု အစဉ်အလာတွေကို ထိန်းသိမ်း စောင့်ရှောက်ရန်နဲ့ ဒီမဲဆောက်ကို ရောက်နေတဲ့ ရခိုင်လူမျိုးတွေ ပြန်လည် ဆုံစည်းနိုင်ရေးနဲ့ နှစ်သစ်ကူး သင်္ကြန်ကို အတူ တကွ ပျော်ပျော်ပါး ဆင်နွဲနိုင်ရေး  အတွက် ရည်ရွယ် လုပ်ရတာပါ” ဟု ကော်မီတီဝင် တစ်ဦးဖြစ်သူ ကိုကျော်ဟန်က ပြောသည်။

ယခုနှစ်သင်္ကြန်ပွဲကို ယခင်နှစ်များနှင့် မတူအောင် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားနိုင်ရန် ရည်ရွယ် ထားသည်ဟုလည်း ဆိုသည်။

“ပွဲတော် ကာလအတွင်းမှာ  ရခိုင် ယိမ်းအကများ၊ ရခိုင်ကျင်ပွဲ၊ ရိုးရာ ကြိုးဆွဲပွဲတွေ အပြင် ခေတ်ပေါ် စင်တင် တေးဂီတဝိုင်းနဲ့ သီဆို ဖြေဖျော် သွားဖို့လည်း စီစဉ်ထားပါတယ်။ ရခိုင်ရေလောင်း မဏ္ဍပ်တွေမှာ ရခိုင်ရိုးရာ ဓလေ့ထုံးတန်း စဉ်လာနဲ့ အညီ ရေပက်ကစားနိုင်အောင်လည်း လှေကြီးတွေ ရေဖြည့်ပြီးတော့ စီစဉ်ထားမှာပါ” ဟု ဆိုသည်။

ရခိုင်အမျိုးသားများသာမက မြန်မာတိုင်းရင်းသားများး အနေဖြင့်လည်း မဲဆောက် ရခိုင်ရိုးရာ သင်္ကြန်ကို ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြမည်ဟု သိရသည်။

နိုင်ငံတကာရှိ ရခိုင် အဖွဲ့အစည်းများနှင့် ရခိုင် အမျိုးသားများအား  သင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ရေး အတွက် အတတ်နိုင်ဆုံး ၀ိုင်းဝန်း ပံ့ပိုး ကူညီကြရန် ပွဲတော် ကျင်းပရေး ကော်မတီက  မေတ္တာရပ်ခံထားသည်ဟု သိရသည်။

ဆက်သွယ်လိုသူများ ဤအီးမေးလ် [email protected] တဆင့် ဆက်သွယ်နိုင်သည်။

Most read this week