ဖားအံစက်မှုဇုန် အနီးတဝိုက်ရှိ မြေများ သုံးဆအထိ စျေးနှုန်းမြှင့်တက်

by -
ကေအိုင်စီ

ကရင်ပြည်နယ်၌ ဖားအံစက်မှုဇုန် စတင်တည်ဆောက်ခဲ့ပြီးနောက် ယခုနှစ်ဆန်းပိုင်းအတွင်း ၎င်းစက်မှုဇုံ အနီးတဝိုက်ရှိ မြေများ မူလစျေးနှုန်းထက် သုံးဆအထိ မြှင့်တက်လာကြောင်း သိရသည်။

အဆိုပါ စက်မှုဇုံမှာ ဖားအံမြို့မှ လှိုင်းဘွဲမြို့သို့သွားရာ ကားလမ်းနံဘေးတွင် တည်ရှိပြီး လမ်းကြောင်း တလျှောက်ရှိ မဲဘောင်၊ တောင်ကလေး (ဖလုံပညာ့တဝေါင့်)နှင့် ထီ့ဖိုးခလုံးရွာတို့၏ မြေစျေးများ အဆမတန် မြင့်တက်လာခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ဖားအံစက်မှုဇုန် အနီးတဝိုက်ရှိ မြေများ သုံးဆအထိ စျေးနှုန်းမြှင့်တက်
ယခင်က မြေစျေးနှုန်းများမှာ အကွက်လိုက် ရောင်းချခဲ့ရာ ပေ (၆၀×၈၀) တကွက်လျင် ကျပ်သိန်းတစ်ရာ ကျော် ပေါက်စျေးဖြင့် ရောင်းဝယ်ကြသော်လည်း ယခုနှစ်တွင်မူ မြေ၊ ခြံများကို တစ်ပေချင်းစီ နှုန်းထားဖြင့် ရောင်းချကြရာ လက်ရှိတွင် တစ်ပေပတ်လည် မြေကွက်ပေါက်စျေး ၁၅ သိန်းရှိကြောင်း ဒေသခံရွာသားများက ပြောဆိုသည်။

မဲဘောင်ရွာသား မြေပွဲစားတစ်ဦးက “ဒီစက်မှုဇုန်အနီးတဝိုက်မှာရှိတဲ့ မြေစျေးနှုန်းကတော့ ကြောက်စရာ ကောင်းအောင် မြင့်တက်လာတယ်လေ။ ၂၀၁၂ ခုနှစ်တုန်းက ဆိုရင် တဖြည်းဖြည်းနဲ့ပဲ စျေးတက်တာ။ ဒီနှစ် ၂၀၁၃ ခုနှစ်မှာ ရောက်တော့ အံ့သြစရာကောင်းအောင် စျေးတက်လာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို မြေစျေးနှုန်း မြှင့်တက်လာခြင်းနှင့်ပတ်သက်၍ ဒေသခံများက အတိအကျ မသိရှိရသော်လည်း တောင်ကလေးရွာ၌ ရပ်ဝေးမှ စီးပွားရေးလုပ်ငန်းရှင်များ စတင်ဝင်ရောက် ၀ယ်ယူခဲ့ခြင်းကြောင့် ဖြစ်သည်ဟု မြေပွဲစားများက သုံးသပ်ပြောဆိုသည်။

မိဇံရွာမျ လယ်သမားတစ်ဦးကလည်း စက်မှုဇုံအတွင်းရှိ ၎င်း၏လယ်မြေများကို စီးပွားရေးသမားများက ကာလပေါက်စျေးထက် စျေးနှုန်းမြှင့်တင်၍  လာရောက်ညှိနှိုင်းပြီး ၀ယ်ယူသော်လည်း လက်ရှိလယ်မြေ များမှာ စပါးစိုက်ပျိုးထားသောကြောင့် လယ်သမားများဘက်မှ မရောင်းချင်ကြောင်း ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ဖားအံစက်မှုဇုန်မှာ စီပွားရေးလုပ်ငန်းရှင်များ မြေ၊ ခြံဝယ်ယူကြပြီး အလုပ်ရုံများ ဆောက်လုပ်လျှက် ရှိရာ အထည်ချုပ်ရုံများ၊ စက်ဘီး ပြန်လည်တတ်ဆင်သည့် အလုပ်ရုံများနှင့် အခြားကုမ္ပဏီလုပ်ငန်များ ပါ၀င်ပြီး လတ်တလော UMH ခေါ် အထည်ချုပ်စက်ရုံတစ်ရုံသာ ဖွင့်လှစ်သေးသည်ဟု သိရသည်။

၂၀၁၁ ခုနှစ်ကတည်း စတင်လာခဲ့သည့် ဖားအံစက်မှုဇုန်သည် ကရင်ပြည်နယ်အစိုးရက ဦးစီးလုပ်ကိုင်ပြီး စက်မှုဇုန် ဥက္ကဌမှာ ၀န်ကြီးစောကြည်လင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။