ထိုင်းနိုင်ငံ ဘန်ကောက် ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲ စတင်

ထိုင်းနိုင်ငံ ဘန်ကောက် ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲ စတင်
by -
နိရဥ္စရာ

ယနေ့ မတ်လ ၉ ရက်နေ့ နေ့လည် ၁၂ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲကို စတင် ကျင်းပနေပြီ ဖြစ်ကြောင်း သတင်း  ရရှိသည်။

သမိုင်းဆိုင်ရာ ရှင်းလင်းပွဲကို ဦးဆောင်ကျင်းပရာတွင် ပါ၀င်သူ ကိုကျော်သောင်းမှ  အခမ်းအနား မစတင်မှီ အခြေအနေကို ယခုလို ပြောသည်။

International-Historical-Seminar-Arakan

“ရခိုင်သမိုင်းဆိုင်ရာ နိုင်ငံတကာ ပညာရှင်းများ ရှင်းလင်းပွဲ  ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မဟီဒေါ တက္ကသိုလ်မှာ ဒီကနေ့ နေ့လည် ၁၂ နာရီမှာ စတင်မှာ  ဖြစ်ပါတယ်။ အခုတော့ တက်ရောက်မယ့် လူတွေက တဖွေးဖွေးနဲ့ ရောက်ရှိလာနေကြပြီ ဖြစ်ပါတယ်။”

ဘန်ကောက်ရှိ နိုင်ငံခြား သံရုံး ၁၇ ခု၊  တက္ကသိုလ် ၁၀ ခုနဲ့ နယ်စပ် ဒေသရှိ တိုင်းရင်းသား ခေါင်းဆောင်များ၊ ပြည်တွင်းမှ Eleven မီဒီယာ အုပ်စု အပါအဝင် မြန်မာသတင််းနဲ့ နိုင်ငံတကာ မီဒီယာများကိုလည်း ဖိတ်ကြား ထားသည်ဟု ဆိုသည်။

သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသို့  ဂျပန်နိုင်ငံ တိုကျိုမြို့ ကန်တ တက္ကသိုလ်မှ နိုင်ငံတကာ လေ့လာရေးဌာနမှ သမိုင်း ပါမောက္ခ ဒေါက်အေးချမ်း၊ ပြင်သစ်နိုင်ငံ အာရှနှင့် အရှေ့တောင် အာရှ သမိုင်းပညာရှင် – မြန်မာ သမိုင်းကို နှစ်ပေါင်း ၂၀ လေ့လာထားသော Dr.JacquesP.Leider နှင့် နယ်သာလန်နိုင်ငံက သမိုင်းပညာရှင် Dr. Stephan Van Galen  တို့ တက်ရောက် ဟောပြောနေကြောင်း သိရသည်။

မည်သည့် ရည်ရွယ်ချက်ကြောင့် ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲကို ပြုလုပ်ရသည်ကို ဦးကျော်သောင်းက ယခုလို ဆက်ပြောသည်။

“ပြည်ပ အခြေစိုက် မြန်မာ မီဒီယာတွေ အပြင် နိုင်ငံခြား မီဒီယာတွေ တွေဟာ ကျွန်တော် အင်္ဂလိပ်ခေတ်၊ မြန်မာ အစိုးရ ခေတ် အဆက်ဆက်မှာ တစ်ခါမှ သမိုင်းအဆက်ဆက်မှာ မရှိခဲ့ဖူးတဲ့ ရိုဟင်ဂျာဆိုတဲ့ နာမည်တစ်ခုကို ထုတ်လွှင့် နေတယ်။ ဒီနာမည်ကို မတွင် တွင်အောင် လုပ်နေတယ်။ ဒါဟာ ကျွန်တော်တို့ သမိုင်းကို အကျဉ်းအကျပ် ဖြစ်အောင် လုပ်နေတယ်။  ဒီလို သမိုင်းဆိုင်ရာမှာ အကျဉ်းအကျပ် ဖြစ်နေတာကို ခုလို သမိုင်းပညာရှင်တွေက အရှိပကတိ ရှင်းရှင်း လင်းလင်း ထောက်ပြခြင်းဟာ အမှားနဲ့ အမှန်ကို ပြည်ပ အခြေစိုက် မီဒီယာတွေ သိရှိအောင် မိတ်ဆက်ပေးခြင်း ဖြစ်ပါတယ်။ ဒုတိယ အနေနဲ့ ဒီသမိုင်းပညာရှင်တွေက ရှင်းလင်း ပေးခဲ့တဲ့ ရခိုင်းသမိုင်းနဲ့ ပတ်သက်ပြီး ဒီရိုဟင်ဂျာ လူမျိုးတု တစ်ခု အကြောင်းကို နိုင်ငံတကာ တက္ကသိုလ်တွေမှာ နောင်လာ နောက်သားတွေ ကိုးကားနိုင်အောင် သမိုင်းဆိုင်ရာ အချက်အလက်တွေ ကျန်ခဲ့အောင် ရည်ရွယ်ပါတယ်” ဟု ဆိုသည်။

သမိုင်းဆိုင်ရာ ရှင်းလင်းပွဲသို့ လူပေါင်း ၂၀၀ ကျော် တက်ရောက်နေကြောင်း သိရသည်။

ရခိုင်သမိုင်းဆိုင်ရာ ရှင်းလင်းပွဲမှ ထွက်ပေါ်လာသော သမိုင်းဆိုင်ရာ အချက်အလက်များ၊ ပညာရှင်များ၏ ခိုင်လုံသော ပြောဆိုချက် အကိုးအကားများကို အင်္ဂလိပ်၊ ထိုင်း၊ မြန်မာ ဘာသာများနှင့် စာအုပ် စာတန်းများ ထုတ်ဝေသွားမည် ဖြစ်ပြီး နိုင်ငံတကာ တက္ကသိုလ်များ၊ စာကြည့်တိုက်များ၊ နိုင်ငံတကာ သံရုံးများ၊ မီဒီယာများကို ဖြန့်ဝေသွားမည်ဟု ဆိုသည်။

“ ရရှိလာတဲ့ ခိုင်လုံတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကိို စာအုပ် စာတန်းတွေ ပြုလုပ်ပြီး နိုင်ငံတကာကို ဖြန့်ဝေသွားမယ့် အစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်” ဟု ကိုကျော်သောင်း က ပြောဆိုသွားသည်။

Most read this week