သမ္မတ ဦးသိန်းစိန် နိုဘယ်လ် ဆုရှင် စာရင်းပါသော်လည်း မာလာလာနှင့် ကလင်တန်တို့ ထိပ်ကပြေးနေ

သမ္မတ ဦးသိန်းစိန် နိုဘယ်လ် ဆုရှင် စာရင်းပါသော်လည်း မာလာလာနှင့် ကလင်တန်တို့ ထိပ်ကပြေးနေ
by -
နိရဥ္စရာ

၂၀၁၃ ခုနှစ် နိုဘယ်လ် ဆုရှင်အဖြစ် အဆိုပြုခံရသူ စာရင်းတွင် မြန်မာ သမ္မတ ဦးသိန်းစိန် ပါ၀င်နေသော်လည်း  ပါကိစ္စတန် ကျောင်းသူ မာလာလာနှင့် အမေရိကန် သမ္မတ ဟောင်း ဘီလ်ကလင်တန်တို့မှာ  ရွှေးချယ်ခံရမည့် စာရင်းတွင် ရှေ့ဆုံးကနေ ပြေးနေကြောင်း သိရသည်။

နိုဘယ်လ် ဆုရှင် ဒေါ်စုနှင့် နိုဘယ်လ်ဆု ရှင် အမည် စာရင်း တင်သွင်းခံရသူ သမ္မတ ဦးသိန်းစိန်။

တာလီဘန်ကို ဆန့်ကျင်သူ အသက် ၁၅ နှစ် အရွယ် ပါကစ္စတန် ကျောင်းသူ မာလာလာမှာ နိုဘယ်လ်ဆုရွေးချယ်သူများ အကြား ရေပန်းစားနေသော်လည်း သူမ၏ အသက်ငယ်ရွယ်မူကို တချို့က ထောက်ပြ ပြောဆိုနေကြသည်ဟု ဆိုသည်။

ယခုနှစ်တွင် နိုဘယ်လ်ဆုရှင်များ အဖြစ် အမည်တင်သွင်းခံရမူမှာ စံချိန်တင်ခဲ့ပြီး စုစုပေါင်း လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းပေါင်း  ၂၅၉ ထိ ရှိခဲ့သည်။ ထိုအထဲတွင် လူပုဂ္ဂိုလ် ၂၀၉ ဦးနှင့် အဖွဲ့အစည်း ၅၀ ပါ၀င်သည်။

မြန်မာ သမ္မတ ဦးသိန်းစိန်လည်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမူများကြောင့် အမည်စာရင်း တင်သွင်း ခံခဲ့ရသည်။ အကယ်၍ မြန်မာ သမ္မတ ဦးသိန်းစိန် နိုဘယ်လ်ဆုရှင် အဖြစ် ရွှေးချယ်ခံရပါက မြန်မာနိုင်ငံ၏ ဒုတိယမြောက် နိုဘယ်လ်ဆုရှင် ဖြစ်လာမည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ပထမဆုံးသော နိုဘယ်လ် ဆုရှင် ဖြစ်သည်။

အမည်စာရင်း တင််သွင်းနိုင်သူ လူထောင်ပေါင်းများစွာ၏ စာရင်းထဲမှ နိုဘယ်လ်ဆု ချီမြှင့်ခံရသူအား များမကြာမှီ ရွေးချယ်မည်ဟု သိရသည်။

သို့သော်လည်း ရွေးချယ်ခံရသူ အမည်အား လျို့ဝှက်ထားပြီး  ယခုနှစ် အောက်တိုဘာလ အစောပိုင်းတွင် ထုတ်ပြန် ကျေညာမည် ဖြစ်သည်။  ဒီဇင်္ဘာလ ၁၀ ရက်နေ့တွင် နိုဝေးနိုင်ငံတွင် ဆုချီးမြှင့်မည် ဖြစ်သည်။

ဒီဇင်္ဘာလ ၁၀ ရက်နေ့သည် နိုဘယ်လ်ဆုကို တီထွင်သူ Philanthropist Alfred Nobel ၏ ကွယ်လွန် သည့်နေ့ ဖြစ်သည်။

Most read this week