မတ်လ ရ ရက်နေ့ စစ်တွေ ဆန္ဒပြခေါင်းဆောင် ဒေါ်ညိုအေးနဲ့ တွေ့ဆုံ မေးမြန်းခြင်း

မတ်လ ရ ရက်နေ့ စစ်တွေ ဆန္ဒပြခေါင်းဆောင် ဒေါ်ညိုအေးနဲ့ တွေ့ဆုံ မေးမြန်းခြင်း
by -
နိရဥ္စရာ

၂၀၁၃ ခုနှစ် မတ်လ ရ ရက်နေ့မှာ စစ်တွေမှာ လူပေါင်း ထောင်ချီပြီး ဆန္ဒု ဖေါ်ထုတ်ပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ဆန္ဒ ဖေါ်ထုတ်ပွဲကို ဘာရည်ရွယ်ချက်တွေနဲ့ ပြုလုပ်ရပါသလဲလို့ ဆန္ဒ ဖေါ်ထုတ်ပွဲကို ဦးဆောင်တဲ့ အမျိုးသမီး ခေါင်းဆောင် ဒေါ်ညိုအေးကို နိရဥ္စရာက ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါ သူမက ခုလို ပြောပါတယ်။

(အခု ကျမတို့ဆီမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေအရပေါ့နော်။ နိုင်ငံတကာ အဖွဲ့အစည်း တွေအနေနဲ့  ကျမတို့ရခိုင်ပြည်နယ်မှာ ကျမတို့ စစ်တွေမြို့အပါအဝင် မြို့ ၅ မြို့ခန့်မှာ လုံးချင်း အိမ်ရာ ဆောက်မယ်လို့ ကျမတို့ အထောက်အထားတွေနဲ့ သတင်း ရရှိထားတယ်။ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျမတို့ အိုအိုင်စီ တုန်း ကလည်း တောင်းဆိုဖူးတဲ့ အတွက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို အမြန်ဆုံး အကောင်းအထည် ဖော်ပေးစေချင်ပါတယ်။ အရင်ကလည်း  ကျမတို့ ဒီလို အလားတူ တောင်းဆိုထားခဲ့ပေမယ့်  ဒီကနေ့ထိ ဘာမှလည်း ဖြစ်မလာဘူး။ အခုလည်း အထောက် အထားတွေနဲ့ ထွက်လာပေမယ့် အဲဒီ အိမ်ယာဆောက်မယ့် အစီအစဉ်ကိုလည်း အတည်မပြုဘူး တစ်ဘက်က အစိုးရ လူတွေကပေါ့နော်။  ဒါပေမယ့်  မြို့နယ် ၅ ခုလောက်မှာ လုံးချင်းအိမ်ယာတွေကို တူရကီက ဦးဆောင်ပြီးတော့ ဆောက်ပေးဖို့လုပ်နေတယ် ဆိုတာ ကျမတိို့ ခိုင်ခိုင်မာမာ သတင်း ရထားပါတယ်။ တင်ဒါ စနစ်တွေခေါ်တယ်။  အဲဒီ ကန်ထရိုက်ကို ကျမတို့ ရခိုင်ပြည်နယ်က အဖွဲ့ ၂၅ ဖွဲ့လောက် ကန်ထရိုုက်ဆွဲဖို့တက်သွားတယ်။ နေပြည်တော်မှာ အဲဒီ အရာရှိတွေက ဘာပြောသလဲ ကျမတို့ သိထားတယ်။  အဲဒီလုံးချင်း အိမ်ရာတွေ ဆောက်ဖို့ဆိုရင် ကျမတို့ ပြန်စဉ်းစားရတာက ကျမတို့ရခိုင်ပြည်နယ်ထဲမှာ ၁၉၈၂  ခုနှစ် နိုင်ငံသားဥပဒေနဲ့ သူတို့ကို နိုင်ငံသား ဟုတ်မဟုတ်ဆိုတာ စီစစ်လို့လည်း မပြီးသေးဘူး။ ခုလို စိစစ်မူ တစ်စုံတစ်ရာ မလုပ်ဘဲ သူတို့ကို အိမ်ယာ ဆောက်ပေး တာကို ကျမတို့က သဘောမတူဘူး။ ဒါကြောင့် ကျမတို့က ဆန္ဒပြရတာဖြစ်ပါတယ်။

ဟုတ်ကဲ့၊ ဒါဆိုရင်  အိမ်ရာ မဆောက်ပေးရဘူးဆိုရင် ဒီမူဆလင်တွေက ဘယ်မှာနေကြမှာလဲ။ သူတို့ကို ဒီအတိုင်းဘဲ ဒုက္ခသည် အဖြစ်နဲ့ စခန်းတွေမှာ ထားလိုတဲ့ သဘောလား။

( ဒုက္ခသည်ဆိုတာက ကျမတို့ပြောတာက ဧည့်နိုင်ငံသား ဒုက္ခသည်တွေလည်းရှိမယ်။ ခိုးဝင်လာတဲ့ ဒုက္ခသည်တွေလည်း ရှိချင် ရှိမယ်။ အဲဒါကို အသေချာ စိစစ်ပြီးတော့ ကျမတို့ နေရာ ချပေး စေချင်တယ်။ အခု ကျမတို့ ပြောတဲ့သ ဘောက လုံလုံခြံုခြံု ခြံစည်းရိုးခတ်ပြီး တန်းလျှားတွေ ဆောက်ပြီး ထားလို့ ရတယ် ဆိုတဲ့အကြောင်းကို ကျမတို့ လည်း သိပါတယ်။ ဒါပေမဲ့ အခုက အဲလို သဘောမျိုးမဟုတ်ဘူး။ လုံးချင်းအိမ်ရာဆိုတာနဲ့ မြေကိုပါ ပိုင်စေဆိုတဲ့ သဘောမျိုး ရောက် သွားတယ်။

အဲဒီတော့ ဒီနေ့ ကန့်ကွက် ဆန္ဒထုတ်ဖော်မှာ လူပေါင်း ဘယ်လောက်ပါပြီးတော့ ဘယ်အချိန်ကနေ ဘယ်အချိန် ထိ လုပ်ပါလဲ။

(ဟုတ်ကဲ့ ကျမတို့က ၂ နာရီမှာထွက်ပါတယ်။ ၃ နာရီမှာအဆုံးသတ်လိုက်ပါတယ်။ ကြွေးကြော်သံက ၁၇ ချက်ပေါ့နော်။ ကျမတို့ လျှောက်လွှာမှာတော့ အချက် ၆ ချက်နဲ့ လျှောက်ထားပါတယ်။)

အခုလို ဆန္ဒပြတဲ့အတွက် မူဆလင်တွေနဲ့ ရခိုင်အမျိုးသားတွေကြားမှာ ပြဿနာတွေ ပိုပြီး တင်းမာ မလာနိုင် ဘူးလား။ ဘယ်လိုမြင်ပါလဲ။

(ကျမအမြင်က တင်းမာလာမယ်ဆိုတာထက် ကျမတို့က သူတို့ကို မောင်းထုတ်တာလည်း မဟုတ် ဘူး။ ကျမတို့က သူတို့လူသားချင်းဖြစ်တဲ့ အတွက် သူတို့ကို ကန့်သန့်ချက်နဲ့ ထားပိုင်ခွင့်ရှိတယ်။ ခြံစည်းရိုးနဲ့ ကာပြီး တော့  သေသေချာချာ ဘယ်သူက နိုင်ငံသားဖြစ်ခွင့်ရှိသူ၊ ဘယ်သူက ဧည့်နိုင်ငံသား ဖြစ်ခွင့်ရှိသူ၊ ဘယ်သူ တွေ က ဘယ်လောက်များများ ခိုးဝင်လာသူ၊ စသဖြင့်ပေါ့လေ သူတို့ ဘယ်လို အခြေအနေ ရှိတယ် ဆိုတာကိုတော့ ကျမတို့ ပြည်ထောင်စုအစိုးရရော၊ ပြည်နယ် အစိုးရကပါ စွမ်းစွမ်းတမံ အမြန်ဆုံး စိစစ် အကောင် အထည် ဖော်ပေးဖို့လိုတာပေါ့နော်။ ပဋိပက္ခဖြစ် စရာတော့ သိပ်မရှိပါဘူး။ ကျမတို့ ရခိုင်ပြည်နယ်ဟာ သူတို့ရဲ့ ဇာတိမြေလည်းမဟုတ်ဘူးလေ။)

အခု ဆန္ဒပြတာက အာဏာပိုင်တွေဆီက ခွင့်ပြုချက်လည်း မရဘူးဆိုတော့ ဒေါ်မညိုအေးတို့ကို အာဏာပိုင် တွေက နှောင့်ယှက် တားဆီးတာတွေကော ရှိပါလား။

(နှောင့်ယှက်တာတော့ မရှိဘူး။ ကျမတို့ မြို့နယ်ရဲတပ်ဖွဲ့ကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့က စီတန်းလှည့် လည်ခွင့် စာတင်ပါတယ်။ အဲဒီနေ့မှာဘဲ ကျမတို့ကို ညနေ ရ နာရီခွဲမှာ ပယ်ချ လိုက်တဲ့ အကြောင်းကို အကြောင်းကြားစာ ပြန်ပါတယ်။ မတ်လ ၁ ရက်နေ့မှာဘဲ ကျမတို့ အယူခံ စဝင်ပါတယ်။ မတ်လ ၃ ရက်နေ့မှာ ဘဲ ကျမတို့ကို နယ်စပ်ရေးရာဝန်ကြီး ဦးထင်လင်း အပါအဝင် ရခိုင်ပြည်တရား သူကြီးချုပ်တွေနဲ့ ပြည်နယ်အ ဆင့် လဝကနဲ့ ရဲတပ်ဖွဲ့မှူးတို့ ကျမတို့ကို ခေါ်ပြီးဆွေးနွေးပါတယ်။ ကျမတို့ လျှောက်ထားသူ ၃ ဦးရယ်၊ မြို့မိမြို့ဘ ၆ ဦးရယ်၊ နောက်ပြီး ရတပ ပါတီက ၂ ယောက်ရယ် အားလုံးကျမတို့ရှေ့မှာ ပြေပြေလည်လည် ဆွေးနွေး ပါတယ်။ ဆွေးနွေးတဲ့ အချက်ကတော့ ကျမတို့ဒီလို ဆန္ဒထုတ်ဖော်လိုက်တဲ့ အခြေအနေ အပေါ်မှာ မူတည်ပြီးတော့ ဒါတွေက ဘယ်နေရာမှာ ဆိုးကျိုးတွေသက်ရောက်နိုင်တယ်။ ဘယ်နေရာမှာဖြင့် ကောင်းကျိုးေ တွ သက်ရောက်နိုင်တယ်။ နောက်ပြီးတော့ ၁၀ တန်း စာမေးပွဲနဲ့လည်း နီးကပ်နေပြီဆိုတဲ့ အကြောင်းတွေကို သူတို့က ဆွေးနွေးတာပါ။

ဟုတ်ကဲ့ ဒီနေ့ဆန္ဒပြတာမှာ လူပေါင်း ဘယ်လောက် ပူးပေါင် ပါ၀င်ပါလဲ။

(တစ်သောင်းနဲ့ ခုနှစ်ထောင်လောက်ပါတယ်။ ရဟန်းက ၃၅၀ ခန့်ပါတယ်။)

မညိုအေးတို့ အနေနဲ့ ဒီအိမ်ရာဆောက်ပေးမဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အစိုးရပိုင်းကို ဘာပြောချင်ပါလဲ။

ဟုတ်ကဲ့ ကျမတို့ ပြည်ထောင်စုအစိုးရကိုပြောချင်တဲ့ စကားက ပြည်ထောင်စုအစိုးရဖြစ်ဖြစ် ပြည်နယ် အစိုးရဘဲ ဖြစ်ဖြစ် ကျမတို့ရခိုင်ပြည်နယ်မှာ ဘာဘဲလုပ်လုပ် ကျမတို့ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောထား ဆန္ဒကိုတော့ လေးလေးစားစားနဲ့ ပွင့်ပွင့်လင်းလင်းချပြဖို့လို လိမ့်မယ်လို့ ကျမတို့ပြော ချင်ပါတယ်။

ဆိုတော့ သူတို့က ပွင့်ပွင့် လင်းလင်း ချပြ ပြောဆို တာတွေမရှိဘူးလားခင်ဗျား။

(အခုဖြစ်ပေါ်ခဲ့တဲ့ ပြဿနာတွေ အရပ်ရပ်အပေါ်မှာ မူတည်ပြီး ပွင့်လင်းမြင်သာမှု မရှိဘူးဆိုတာ ကိုတော့ ကျမတို့ပြောချင်ပါတယ်။ ဒီဘင်္ဂလီတွေကို ကိုင်တွယ်တဲ့နေရာမှာလည်း ပွင့်လင်းမြင်သာမှု မရှိဘူး။ ကျမတို့ တိုင်းရင်းသားတွေအပေါ်မှာလည်း ပွင့်လာမြင်သာမှုတွေက အထူး အားနည်း နေတယ်လို့ ကျမတို့ ယူဆတယ်။ မြင်လည်းမြင်ပါတယ်။)

Most read this week