ကြီးကြပ်မှု ဗဟိုအဖွဲ့ ရှိနေခြင်းအား ပုံနှိပ်ထုတ်ဝေသူအချို့ ကန့်ကွက်

ကြီးကြပ်မှု ဗဟိုအဖွဲ့ ရှိနေခြင်းအား ပုံနှိပ်ထုတ်ဝေသူအချို့ ကန့်ကွက်
by -
မဇ္ဈိမ

ပြည်သူ့လွှတ်တော်သို့ မတ်လ ရ ရက်က တင်ပြခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းတွင် ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပုံတင်နှင့် ဖြန့်ချီရေးလုပ်ငန်းများ ကြီးကြပ်မှု ဗဟို အဖွဲ့ရှိနေခြင်း အပေါ် ပုံနှိပ်သူအချို့က ကန့်ကွက်ခဲ့သည်။

“စောင့်ကြည့်တဲ့ အဖွဲ့က ပုံနှိပ်လုပ်ငန်း အထိပါ စောင့်ကြည့်တယ် ဆိုတော့ မကောင်းဘူး။ အဲလို စောင့်ကြည့် ရင် ဦးနားလည်တာကတော့ ဆိုးဝါးတဲ့ ဥပဒေဘဲ” ဟု မေတ္တာမိုးပုံနှိပ်တိုက် ပိုင်ရှင် ဦးမောင်မောင်လွင် ကပြောသည်။

ယခုအသစ် ထွက်ရှိမည့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေသည် တတိယအကြိမ်မြောက် ထွက်ပေါ်လာသည့် ဥပဒေဖြစ်ပြီး ယခင် ၁၉၃၁ နှင့် ၁၉၆၂ ခုနှစ်တို့က အရေးပေါ် အက်ဥပဒေဖြင့် ပြဌာန်းခဲ့ဖူးကြောင်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေသူများ အသင်းမှ ပုဂ္ဂိလ်များထံမှ သိရသည်။

အဆိုပါ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းအား လတ်တလောတွင် အခန်း ၈ နှင့် အပိုဒ် ၂၈ ပိုဒ်တို့ဖြင့်
ပြည်သူ့လွှတ်တော်သို့ တင်ထားကြောင်း ၊ ပြည်သူ့လွှတ်တော်မှ ကိုယ်စားလှယ်များ ဆွေးနွေးပြီး အတည်ပြုနိုင်မည်ဟု ယုံကြည်ကြောင်း ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပန်ဒါဟော်တယ်၌  ပြုလုပ်ခဲ့သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းအပေါ် သုံးသပ်ဆွေးနွေးပွဲတွင် ဒေါက်တာတင်ထွန်းဦးက ပြောသည်။

၎င်းက “ ဒီဥပဒေဟာ ပုံနှိပ်သူတွေနဲ့ ဆက်စပ်နေပါတယ်။ စီးပွားရေး လုပ်ငန်းဆိုင်ရာ ဥပဒေတခု ဖြစ်ပါတယ်” ဟု ဆိုသည်။

ယခု ဥပဒေကြမ်းတွင် ယခင်ထုတ်ပြန်ခဲ့သော ၆၂ ခုနှစ် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းထက် စည်းမျဉ်းစည်းကမ်း များ နည်းပါးကာ အရေးယူပိုင်ခွင့်များလည်း မပါ၀င်ပဲ ထုတ်ဝေခြင်း လိုင်စင်အား ချက်ခြင်း ပြုလုပ်နိုင်ကြောင်း ပုံနှိပ်ခြင်းနှင့် ထုတ်ဝေသူများ အသင်းမှ ဥက္ကဌ ဒေါက်တာ တင်ထွန်းဦးက ထောက်ပြ ပြောဆိုသည်။

၎င်းကပင် “ထုတ်ဝေသူတွေ အတွက်  နှိုင်းယှဉ်စရာမရှိဘူး။ ဥပဒေအပောာင်းဘဲရှိတယ်။ အဲဒီ အပောာင်းတွေ ကိုလည်း ကျွန်တော်တို့ မကြိုက်ကြဘူး။ အခုဥပဒေက ပျော ့ပြောင်းပြီး မျှတတယ်” ပာု မဇ္ဖိုမ သို ့ ပြောသည်။

သို့သော် ဒီမိုကရေစီ စံနှုန်းအတိုင်း ဖြစ်ချင်မှ ဖြစ်မည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် အခြားရွေးချယ်စရာ မရှိကြောင်း ဒေါက်တာတင်ထွန်းဦး က ပြောသည်။

ထို့ပြင် ရောင်ပြန် မဂ္ဂဇင်းမှ ဦးမောင်မောင်မြင့်အေးက ယခုအသစ် ရေးဆွဲထားသည် ့ ဥပဒေ မူကြမ်းအား
ထောက်ခံကြောင်း ပြောသည်။

၎င်းက “မလိုက်နာစရာ ဥပဒေမျိူး မပာုတ်တာ။ နောက်ထွက်လာမဲ့ ပုဂ္ဂလိက သတင်းစာအတွက် အဆင်ပြေပါတယ်” ပာု ဆိုသည်။

ပုံနှိပ်သူနှင့် ထုတ်ဝေသူများသည် ယခု ထွက်ရှိလာမည် ့ ဥပဒေ မှုကြမ်းအား လိုက်နာ စောင့်ထိန်း ရမည်
ဖြစ်သည့်အပြင် ယခင် ဇန်နဝါရီ လအတွင်း ဖွဲစည်းခဲ ့သည် ့ ကာကွယ်ရေးနှင် ့ ပြည်ထဲရေးဝန်ကြီးဌာနတို ့ မှ အရာရှိများ ပါ၀င်သည် ့ ပုံနှိပ်နှင် ့ထုတ်ဝေသူများ စောင် ့ကြည့် ရေးအဖွဲ ့၏ စောင့်ကြည့်ခြင်းလည်း ခံနေရ
ကြောင်း ပုံနှိပ်သူ အချို ့ကပြောသည်။

ထိုသို ့စောင် ့ကြည့် ခံနေရခြင်းသည် အခြေခံ လူအခွင့်အရေးကို ချိုးဖောက်သကဲသို ့ ဖြစ်နေကြောင်း ဦးမောင်မောင်မြင့်အေး က ဆိုသည်။

ယခုပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းဥပဒေကို သတင်းမီဒီယာ အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်၊ မြန်မာနိုင်ငံသတင်းစာဆရာ သမဂ္ဂနှင့် စာနယ်ဇင်းကောင်စီတို့မှ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ထိန်းချုပ်မည့် ဥပဒေမူကြမ်းဖြစ်သည်ဟု ဆိုကာ ကန့်ကွက်ထားသည်။

Most read this week