နစက ၄ ဦး ဘင်္ဂလာဒေချ့် နိုင်ငံထဲ ကျူးကျော်ဝင်ရောက်၍ ကန့်ကွက်ခံရ

နစက ၄ ဦး ဘင်္ဂလာဒေချ့် နိုင်ငံထဲ ကျူးကျော်ဝင်ရောက်၍ ကန့်ကွက်ခံရ
by -
နိရဥ္စရာ

မြန်မာ နယ်စပ်လုံခြံုရေး နစက တပ်ဖွဲ့ဝင် ၄ ဦးဟာ ဘင်္ဂလာဒေချ့်နိုင်ငံထဲကို မနေ့က ကျူးကျော်ဝင်ရောက် လာတဲ့ အတွက် ဘင်္ဂလာဒေချ့်နယ်စပ် အာဏာပိုင်တွေက ကန့်ကွက်စာ ရေးသား ပေးပို့လိုက်တယ်လို့ သိရပါတယ်။

ခုလို ကန့်ကွက်တာကို ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) ဘီဂျီဘီ တပ်ရင်းက ပြုလုပ်လိုက်တာ ဖြစ်တယ်လို့  ဘင်္ဂလီဘာသာနဲ့ ရေးသားထားတဲ့ Cox’sbazar news.com သတင်းမှာ ဖေါ်ပြ ထားပါတယ်။

မြန်မာနိုင်ငံထဲကို ဘင်္ဂလာဒေချ့်ကနေ လူတွေ ခိုးဝင်လာတဲ့ အတွက် လိုက်လံ ဖမ်းဆီးရာမှာ မြန်မာ နစက တပ်သား ၄ ဦးဟာ နယ်ကျွံပြီး ဘင်္ဂလာဒေချ့် နိုင်ငံထဲကို စနေနေ့ မနက် ၉ နာရီခွဲခန့်က ၀င်ရောက်လာတာ ဖြစ်တယ်လို့ သတင်းတွင် ဖေါ်ပြပါတယ်။

မူကာ (၂၈) နှစ်၊ မူစတာ (၃၀) နှစ်နဲ့ နုရ်အစ္စလာမ် (ခေါ်) အဘူဒါယာ (၂၆) နှစ် တို့ သုံးဦးဟာလူပွဲစား တွေဖြစ်ကြပြီး ဘင်္ဂလာဒေချ့်ဘက်က လူတွေကို မြန်မာနိုင်ငံထဲကို  ခိုးသွင်းလာတဲ့ အတွက် နစကတွေက လိုက်လံ ဖမ်းဆီးဖို့ ကြိုးစားရာမှာ ဘင်္ဂလာဒေချ့်နိုင်ငံ အိုကီးယားမြို့နယ် ပါလောင်ခါလီဒေသ ဘက်ကို နစကတွေ ၀င်ရောက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။

နစက တပ်ဖွဲ့ဝင် လေးဦးကို နယ်စပ်မှာ ရှိတဲ့ ဒိုင်းခါလီ ဘင်္ဂလီရွာသား တချို့က တွေ့ရှိပြီး သူတို့ရွာကို ဖိတ်ခေါ်ရာကနေ နစကတွေဟာ အဲဒီရွာထဲကိုလည်း ၀င်ရောက်သွားခဲ့ပြီး ရွာထဲက အမျိုးသမီးတွေနဲ့ ကလေးတွေကတော့ နစကတွေကို  ကြောက်ပြီး အိမ်ထဲမှာ ပုန်းနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ရွာသားတွေဟာ  အနီးအနားက ဘာလူခါလီ ဘီဂျီဘီ စခန်းကို အကြောင်းကြားတဲ့ အတွက် ဘင်္ဂလာဒေချ့် လုံခြံုရေး တပ်ဖွဲ့ဝင်တွေ လိုက်သွားတဲ့ အခါ မြန်မာ နစကတွေဟာ နယ်စပ် စီရို မျဉ်းကို ကျော် ဖြတ်ပြီး မြန်မာနယ်ထဲ ပြန်ဝင်သွားကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက်ပိုင်းမှာ ဘင်္ဂလာဒေချ့် နယ်ခြားစောင့်တပ်ဖွဲ့က ကန့်ကွက်စာရေးသား ပေးပို့လိုက်တာဖြစ်တယ် လို့ သိရပါတယ်။

Most read this week