ရန်ကုန်အခြေစိုက် Myanmar Egress က ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့ပေါ်တွင် လွတ်မြောက်ရာလမ်း (WAY out to Freedom) ခေါင်း စဉ်ဖြင့် သင်တန်းပို့ချခဲ့ကြောင်း သတင်းရရှိသည်။
သင်တန်းကာလမှာ ဖေဖေါ်ဝါရီလ ၂၆ ရက် မှ ၂၉ ရက်နေ့အထိကြာမြင့်ပြီး သင်တန်းဆရာ (၄) ယောက် နှင့် သင်တန်းသား ၁၀၀ ခန့်ပါ၀င်ကြောင်း သင်တန်းတွင် နိုင်ငံရေးပါတီများနှင့် လူမှုအသင်းအဖွဲ့မှ ပုဂ္ဂိုလ်များ အဓိက ပါ၀င်ကြောင်းသိရသည်။
“ယောကျင်္ားလေး ၆၀၊ မိန်းကလေး ၄၀ ပါ၀င်တယ်၊ အဓိက ချင်းအမျိုးသားပါတီနဲ့ ချိုးလူငယ်အသင်းတို့မှ ကမကထပြု တယ်၊ သင်တန်းကို မင်းတပ်မြို့ စံပြရပ်ကွက်ကုမ်သီခန်းမမှာ ပြုလုပ်တာဖြစ်တယ်” ဟု ဆလိုင်းအောင်အောင်က ပြောသည်။
သင်တန်းဘာသာရပ်များတွင် မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ၊ အသွင်ကူးပြောင်းရေးဆိုင်ရာ၊ ဒီမိုကရေစီ နှင့် နိုင်ငံတော်တည်ဆောက်ရေး၊ အစိုးရစနစ်အတွင်း လူထုပါ၀င်လုပ်ဆောင်မှုနှင့် လူမှုရေး တာဝန်ခံမှု၊ အရပ်ဖက်လူမှု အဖွဲ့ အစည်းနှင့် ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်၊ နိုင်ငံရေးဘောဂဗေဒ ဆိုင်ရာဘာသာရပ် တို့ပါ၀င်ကြောင်း ၎င်းက ဆိုသည်။
သင်တန်းသားများကို အဖွဲ့ ခုနှစ်ဖွဲ့ဖြင့် ဖွဲ့စည်းစေပြီး မိဘမဲ့ကလေးထောက်ပ့ံရေး အဖွဲ့ ၅ မှ ပထမဆု ရရှိကြောင်း ကျန်အဖွဲ့များကိုလည်း လက်ဆောင်ချီးမြှင့်ကြောင်း ထို့အပြင် သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ချီးမြှင့် ကြောင်း သိရသည်။
နောက်နောင်တွင် ဒီလိုမျိုးသင်းတန်းမျိုး ဆက်တိုက်ပို့ချဖို့ သင်တန်းသားများမှ မေတ္တာရပ်ခံထားသည့်အပြင် သင်တန်းဆရာ များအား ချိုးလူငယ်အဖွဲ့မှ အမှတ်တရ လက်ဆောင်များ ပေးအပ်ကြောင်း သိရသည်။