ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပြည်တွင်းအင်အားစုက ပိုအဓိကကျကြောင်း ဒတ်စမွန်တူးတူး ပြော

ငြိမ်းချမ်းရေးဖော်ဆောင်မှုတွင် ပြည်တွင်းအင်အားစုက ပိုအဓိကကျကြောင်း ဒတ်စမွန်တူးတူး ပြော
by -
ကေအိုင်စီ

မြန်မာပြည်၏ ပြည်တွင်းငြိ််မ်းချမ်းရေးဖော်ဆောင်မှုကို နိုင်ငံတကာမှ ၀ိုင်းဝန်းလုပ်ဆောင်နေသော်လည်း ပြည်တွင်းအင်အားစုများ က ပို၍အဓိကကျကြောင်း ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် ဘုန်းတော်ကြီးဒတ်စမွန် တူးတူးက ယနေ့ ပြောကြားခဲ့သည်။

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း အမှတ် ၁၀၃၉/၁၀၄၀ ရှိ ၈၈ မျိုးဆက်ကျောင်းသားများရုံး၌ နံနက် ၁၁နာရီခွဲ ခန့်က ၈၈ မျိုးဆက်ကျောင်းသားများ အပါအဝင် လူမှုအဖွဲ ့အစည်းအချို့နှင့် တွေ့ဆုံစဉ် ဘုန်းတော်ကြီးက ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ် ကြောင်း ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုပြံုးချိုက ပြောသည်။

“ကျနော်တို့နဲ့ ဘုန်းတော်ကြီး လာရောက်တွေ့ဆုံတဲ့အခါ ငြိမ်းချမ်းရေးဖော်ဆောင်မှုကိစ္စမှာ သူ့အနေနဲ့ရော နိုင်ငံတကာ အဝန်း အဝိုင်းအနေနဲ့ရော လုပ်ဆောင်တာတွေရှိသလို ပြည်တွင်းထဲက အင်အားစုတွေအနေနဲ့ လုပ်ဆောင်တာပိုပြီးတော့ အဓိကကျ တယ်ဆိုတဲ့အကြောင်းကို ပြောသွားပါတယ်” ဟု ဘုန်းတော်ကြီး ဒတ်စမွန်တူးတူး ပြောကြားမှုကို ကိုးကား၍ ကိုပြံုးချိုက ကေအိုင်စီသို့ ပြန်လည်ပြောဆိုခဲ့သည်။

၈၈ ကျောင်းသားများအနေဖြင့် အကျဉ်းထောင်များထဲတွင် စွန့်လွှတ်ပေးဆပ်ပြီး ပြန်လွတ် မြောက်လာ သော်လည်း မိမိယုံကြည်ရာကိုသာ လုပ်ဆောင်နေကြသည်ကို တွေ့ရသည့်အတွက် ၀မ်းသာကြောင်းနှင့် တွေ့ဆုံသင့် သည့်သူများနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ၀မ်းသာကြောင်းကိုလည်း ဒတ်စမန်တူးတူးက ပြောဆိုသွားသည်ဟု သိရသည်။

ကိုပြံုးချိုက “ကျနော်တို့အနေနဲ့ကတော့ သူ့ရဲ့မြန်မာ့အရေး လေ့လာစောင့်ကြည့်ပြီးတော့ လုပ်ဆောင်နေတဲ့ အချက်တွေကို ကျေးဇူးတင်တဲ့အကြောင်းရယ်၊ သူရဲ့ဂုဏ်သတင်းကိုလည်း ကြားပြီးဖြစ်တဲ့အကြောင်းရယ်၊ ရေရှည်လည်း ဒီလိုမျိုး မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်မှုတွေကို တိုးမြင့်လုပ်ဆောင်ဖို့အတွက် ပြောကြားခဲ့ပါတယ်” ဟု ဆိုသည်။

အဆိုပါတွေ့ဆုံပွဲသို ့၈၈ မျိုးဆက်ကျောင်းသားများအပြင် Generation Wave အဖွဲ ့ဝင်များ၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂအဖွဲ့ဝင်များ၊ မဏ္ဍိုလ်ဥပဒေ အကယ်ဒမီအဖွဲ့ဝင်များနှင့် နိုင်ငံရေးအကျဉ်းသား ဟောင်းအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ ကြသည်။

ဘုန်းတော်ကြီးသည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့က ရောက်ရှိလာပြီး ၂၆ ရက်နေ့တွင် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ် အောင်ဆန်းစုကြည်အား သူမနေအိမ်တွင် သွားရောက်တွေ့ဆုံခဲ့သလို ၂၇ ရက်နေ့ကလည်း ရန်ကုန်မြို့ အမေရိကန်စင်တာတွင် နိုင်ငံရေးအဖွဲ့အစည်းများ၊ လူမှုအဖွဲ ့အစည်းများ၊ စာရေးဆရာများနှင့်လည်း တွေ့ဆုံခဲ့သည်။

ဘုန်းတော်ကြီးဒတ်စမွန်တူးတူးသည် တောင်အာဖရိကနိုင်ငံ အသားအရောင် တိုက်ဖျက်ရေးကာလတွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပွဲများကို ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၁၉၈၄ ခုနှစ်က ငြိမ်းချမ်းရေးနိုဗယ်လ်ဆုကို ချီးမြှင့်ခြင်းခံခဲ့ရကာ အခြားနိုင်ငံတကာ ဂုဏ်ထူးဆောင်ဆုများကိုလည်း ချီးမြှင့်ခြင်းခံထားရသူတစ်ဦးဖြစ် သည်။