ဘူးသီးတောင်တွင် အမြှောက်တပ်ရင်း တခု တိုးချဲ့ချ

ဘူးသီးတောင်တွင် အမြှောက်တပ်ရင်း တခု တိုးချဲ့ချ
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် အမြှောက် တပ်ရင်း တခုကို များမကြာမှီက တိုးချဲ့ ချထားလိုက်သည်။ အသစ်ချထားလိုက်သော အမြောက်တပ် တပ်ရင်း နံပတ်မှာ ၃၇၈ ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းတွင် အခြေစိုက် ချထားကြောင်း သိသည်။ ...

ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်တွင် အမြှောက် တပ်ရင်း တခုကို များမကြာမှီက တိုးချဲ့ ချထားလိုက်သည်။

အသစ်ချထားလိုက်သော အမြောက်တပ် တပ်ရင်း နံပတ်မှာ ၃၇၈ ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် တပ်မင်းချောင်းတွင် အခြေစိုက် ချထားကြောင်း သိသည်။

ယခုအခါ စစ်အာဏာပိုင်များက တမိုင်ပတ်လည် မြေနေရာ အကျယ်အဝန်းအား ဘာဝါယာများဖြင့် ခြံစည်းရိုးများ ကာရံနေသည်ဟု သိရသည်။

၎င်းအပြင် အဆိုပါ နေရာအတွင်း အဆောက်အဦးများကိုလည်း ဆောက်လုပ်နေပြီး အမြှောက်များနှင့် အမြှောက်တင် ကားများကို အဆိုပါ ကွင်းပြင်တွင် ရပ်ထားသည်ဟု မျက်မြင်များက ပြောသည်။

အဆိုပါ အမြှောက်တပ်ရင်းကို လွန်ခဲ့သောနှစ် ဒီဇင်္ဘာလအတွင်းက ရန်ကုန်တိုင်းမှ ပြောင်းရွှေ့ယူလာသည် သိရပြီး တင့်ကားများလည်း ပါ၀င်သည်ဟု အရပ်ဘက် သတင်းများ အရ သိရသည်။

နအဖ စစ်အာဏာပိုင်များ အနေဖြင့် ရခိုင်ပြည်နယ် မြှောက်ပိုင်းတွင် စစ်ရေးအင်အားများ တိုးချဲ့ တည်ဆောက် နေခြင်းမှာ ရခိုင်လက်နက်ကိုင် အဖွဲ့အစည်းများကို နှိမ်နှင်းရန်ထက် ဘင်္ဂလာဒေချ့် နိုင်ငံကို စစ်ရေးအရ ချိန်ရွယ်ပုံရသည်ဟု စစ်ရေးလေ့လာသူများက ပြောသည်။

လွန်ခဲ့သောနှစ် နိုဝင်္ဘာလက မြန်မာနှင့် ဘင်္ဂလာ နယ်စပ် အငြင်းပွားမူ ပြဿနာ ပေါ်ပေါက်ပြီးနောက် မြန်မာဘက်က ရခိုင်ပြည်နယ် မြှောက်ပိုင်းတွင် ယခုကဲ့သို့ စစ်ရေး တိုးချဲ့ တည်ဆောက်လာခြင်း ဖြစ်သည်။

Most read this week