NLD ဗဟို ညီလာခံ အတွက် ရခိုင်မှ ကိုယ်စားလှယ်များ ရွေးပြီ

NLD ဗဟို ညီလာခံ အတွက် ရခိုင်မှ ကိုယ်စားလှယ်များ ရွေးပြီ
by -
နိရဥ္စရာ

၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့တွင် စတင် ကျင်းပမည့် အမျိုးသား ဒီမိုုကရေစီ အဖွဲ့ချုပ် ဗဟိုညီလာခံ အတွက် ရခိုင်ပြည်နယ်မှ ကိုယ်စားလှယ်များကို မြို့နယ် အလိုက် ရွေးချယ်လိုက်ပြီဟု ရခိုင်ပြည်နယ် အလုပ်အမူဆောင် အဖွဲ့ ဥက္ကဌ- ၁၉၉၀ ခုနှစ် ဂွမြို့နယ်  ရွှေးကောက်ပွဲနိုင် NLD ကိုယ်စားလှယ် ဦးညီပုက ပြောသည်။

NLD ရခိုင်ပြည်နယ် ရုံးဖွင့်ပွဲ အခမ်းအနား။ (ဓါတ်ပုံ- နိရဥ္စရာ)

ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် အဖွဲ့ချုပ်က ချမှတ်ထားသော ညီလာခံ စည်းကမ်းချက်များနှင့် အညီ ရွှေးချယ်ခဲ့ခြင်း ဖြစ်ပြီးမြို့နယ်အလုပ်အမူဆောင် ၁၉ ဦးဖြင့် ဖွဲ့သော မြို့နယ် တစ်ခု အတွက် ကိုယ်စားလှယ် ၃ဦး၊ အလုပ်အမူဆောင် ကော်မီတီ ၁၀ ဦးဖြင့် ဖွဲ့စည်းထားသော မြို့နယ် တစ်ခုဆိုလျှင် ကိုယ်စားလှယ် တစ်ဦး ကျစီ ရွေးချယ်သည်ဟု ဆိုသည်။

NLD ဗဟို ညီလာခံကို မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပမည်ဟု သိရသည်။ မတ်လ ရ ရက်နေ့တွင် အကြို ညိုနိုင်း ဆွေးနွေးပွဲအား ကျင်းပမည် ဖြစ်ရာ ရခိုင်ကိုယ်စားလှယ်များမှ ရခိုင်ပြည်နယ်၏ စီးပွားရေး၊ လူမူရေးနှင့် နိုင်ငံရေး ဆိုင်သည့် အကြောင်းအရာများကို ညီလာခံတွင် တင်ပြနိုင်ရန် ဆောင်ရွက် သွားမည်ဟု သူက ပြောသည်။

“ကျွန်တော်တို့ မတ်လ ၆ ရက်နေ့မှာ ရခိုင် ပြည်နယ်က ကိုယ်စားလှယ်တွေ ညှိုင်း တွေ့ဆုံပွဲ ရှိပါတယ်။ အဲဒီမှာ ရခိုင်ပြည်နယ်က တင်ပြမယ့် အကြောင်းအရာတွေကို ဆွေးနွေးမယ်။ ရ ရက်နေ့ ဗဟို အကြို ညှိနိုင်း ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဘာတွေကို တင်ပြဆိုတာကို ပြောမယ်။ ကျွန်တော်တို့ ရခိုင်ပြည်နယ်ဘက်က အကြောင်းအရာတွေကို ညီလာခံ အတွင်းမှာ တင်ပြသွားမှာပါ” ဟု ဆိုသည်။

ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များ အတွက် ကိုယ်စားလှယ် မရွေးချယ်နိုင်ခြင်းမှာ အရေးအခင်းကြောင့် ညီလာခံ ကော်မရှင် မဖွဲ့နိုင်ရာမှ ကိုယ်စားလှယ် မရွေးချယ်နိုင်ဘဲ ဖြစ်ခဲ့ရသည်ဟု ဆိုသည်။ ဗဟိုမှလည်း လုံခြုံရေး အရ အခက်အခဲရှိ မြို့နယ်များတွင် ကိုယ်စားလှယ်များကို မရွေးချယ်ရန် ညွှန်ကြားထား၍ ဖြစ်သည်ဟု ဆိုသည်။

Most read this week