နိုင်ငံတော်အစိုးရက နှစ် (၃၀)ကြာခန် ့ ကန် ့သတ် ခဲဲ့ပြီးနောက် မနက်ဖြန်တွင် တရားဝင် ကျင်းပပြု လုပ်တော့ မည့် ၆၅ ကြိမ်မြောက် ချင်းအမျိုး သားနေ ့ အခမ်းအနား စာတမ်းထိုးပွဲအစီအစဉ် များကို ယနေ ့ ချင်းပြည်နယ် မြို ့များ တွင် ပြု လုပ်နေပြီဖြစ်သည်။
ချင်းပြည်နယ်မြို ့တော်ဟားခါးရှိ ၀မ္မသူးမောင်း အားကစားကွင်းတွင် ပြုလုပ်သည့် ချင်းအမျိုး သားနေ ့ စားတမ်း ထိုးပွဲ အစီအစဉ်ကို ယနေ ့ နံနက် ၁၀းဝဝ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ် ပူးဟုန်းငိုင် က ဖွဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း The Hakha Post သတင်းစာတွင်ဖေါ်ပြထားသည်။
ထို ့နောက် ချင်းအမျိုးသားနေ ့တွင် ကျင်းပပြု လုပ်မည့် ပြိုင်ပွဲများ အစီအစဉ်နှင့် ပြင်ဆင်မှုများကို စစ်ဆေး ကြည့် ရှုခဲ့ကြောင်း သိရသည်။
ရာနှုန်းပြည့် ခရစ်ယာန်ဘာသာဖြစ်သည့် ချင်းပြည် နယ်တွင် ကျင်းပပြုလုပ်မည့် နေ့ထူးနေမြတ်ဖြစ် သည့် ချင်းအမျိုး သားနေ ့တွင် အရက်ကြော်ညာခြင်း၊ ဘီယာများ ရရှိနိုင်ရေးအတွက် ကစားစရာ များ ပေါများ ခြင်းနှင့် အရက် အကန် ့အသတ်မရှိရောင်းဝယ်နိုင်ခြင်းတို ့ကြောင့် ဒေသခံပြည်သူများ စိတ်အနှောက် အယှက် ဖြစ်စေ ကြောင်း အဆိုပါသတင်းစာတွင် ဖေါ်ပြထားသည်။
သို ့သော် ဟားခါးမြို ့နေ The Chinland Post အယ်ဒီတာတဦးက” အရက်ကြော်ညာ တာတွေတော့များ တယ်၊ ဒါပေမဲ့ ဒီနေ ့က ချင်းအမျိုးသားနေ ့မကျင်းပသေးဘူး၊ မနက်ဖြန်မှဘဲ အခမ်းအနားကျင်းပအုံးမှာ၊ အဲဒီမှာ ဒေသ ခံတွေ အရက်ရောင်းတာ၊ ကြော်ညာလုပ်တာတွေကြောင့် စိတ်အနှောက် အယှက်ဖြစ် တယ်ဆိုပြီး ပြောဖို ့က စောပါသေးတယ်။”ဟုဆိုသည်။
သူကဆက်လက်ပြီး အခမ်းအနားပတ်ဝန်းတွင် အရက်ဆိုင် နှစ်ဆိုင်သာရှိသော်လည်း အရက်ကြော် ညာများ လွန်းကြောင်း ဆိုသည်။
ဟားခါးမြို ့မှာကျင်းပပြုလုပ်မည့် ၆၅ကြိမ်မြောက်ချင်းအမျိုးသားနေ ့တွင် ချင်းရိုးရာ နပမ်း စိမ်းခေါ် ပွဲ၊ ချင်းရိုး ရာ ၀တ်စုံရက်ပြိုင်ပွဲ၊ အမျိုးအမျိုးသော ရိုးရာအကပြိုင်ပွဲ၊ Stage show၊ သေနတ် ပစ်ပြိုင်ပွဲ၊ ချင်းသီချင်း သီဆိုခြင်း ပြိုင်ပွဲနှင့် အတီးအမှုတ်ပြိုင်ပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။
ပြည်ထောင်စုအစိုးရ ၀န်ကြီး ဦးအောင်မင်းနှင့် ဦး ၀င်းထွန်းတို ့လည်းတက်ရောက်မည်ဖြစ်ကြောင်း၊ အိမ်နီး ချင်းပြည်နယ်ဖြစ်သည့် မီဇိုရမ်ပြည်မှ အဆိုတော်တချို ့လည်း ပါ၀င်မည်ဖြစ်ကြောင်း သိရသည်။
“အခုအဆိုတော်တွေ လေ့ကျင်းနေကြပြီ၊ အဓိက ချင်းသီချင်း သီဆိုမည့် အဆိုတော်တွေကိုဘဲ ဖိတ် ထား တယ်၊ အဆိုတော် ဆုန်သင်းပါရ်၊ ထွန်းခမ်နဲ ့ သက်မွန်မြင့်တို ့လည်း ဖိတ်တယ်၊ ဒါပေမဲ့ မလာဖြစ်ကြဘူး” ဟု The Chinland Post အယ်ဒီတာကဆိုသည်။
ထို ့အပြင် ချင်းအမျိုးသားတပ်ဦး၏ Supreme council အဖွဲ ့ဝင်ဖြစ်သူ ပူးလာလ်ရမ်လောမ်အာ ဦးဆောင် သည့် အဖွဲ ့တဖွဲ ့လည်း ဟားခါးမြို ့ ချင်းအမျိုးသားနေ ့အခမ်းအနားတွင် တက်ရောက် မည်ဖြစ်ကြောင်း သိရသည်။
အလားတူ ချင်းပြည်နယ် ဒုတိယမြို ့တော် မတူပီရှိ ထိုက်ချွှန်းအားကာစားကွင်းတွင်လည်း ၆၅ ကြိမ်မြောက် ချင်းအမျိုးသားနေ ့ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် ပြင်ဆင်မှုများပြုလုပ် လျက်ရှိပြီး ချင်းအမျိုးသား တပ်ဦး မှ ဗဟိုကော်မီတီဝင်လည်းဖြစ် မတူပီ လိုင်စင်ရုံး၏ ဒုတိယ တာဝန်ခံ ပူးမန်လိုင်းလည်း ကျင်း ပရေးကော်မီတီ တွင်ပါ၀င်ကြောင်း သိရသည်။
၆၅ကြိမ်မြောက်ချင်းအမျိုးသားနေ ့ကို ပြည်တွင်းတွင် တရားဝင်ကျင်းပပြုလုပ်နိုင်ရန် ချင်းအမျိုးသား တပ်ဦးနှင့် ပြည်ထောင်စုအစိုးရအကြား ဆွေးနွေးခြင်းရဲ ့ရလဒ်ဖြစ်ကြောင်း သိရသည်။